မိုးဗြဲ PDF က ဒလန်များနှင့် စစ်ကောင်စီကို ကူညီထောက်ပံ့သူများကို အပြစ်ပေး သုတ်သင်မည်ဟု ကြေညာ

မိုးဗြဲ PDF က ဒလန်များနှင့် စစ်ကောင်စီကို ကူညီသူများကို အပြစ်ပေး သုတ်သင်မည်ဟု ယနေ့ကြေညာသည်။MBPDF က စစ်အာဏာရှင်ကို တော်လှန်နေကြသည့် ပြည်သူလူထုနှင့် တသားတည်း အစဉ်အမြဲရပ်တည်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် တစိုးတစိမျှ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုဖို့ မအလေးအနက် အသိပေးတိုက်တွန်းကြောင်း၊ နွေဦးတော်လှန်ရေးကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေသော ပုဂ္ဂိုလ်(ဒလန်များ) ၊ စစ်ကောင်စီ၏ ယန္တရား လည်ပတ်ရာတွင် ပါဝင်ကူညီကြသော ပုဂ္ဂိုလ်များအား မိမိတို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF မှ ယနေ့မှစ၍ အပြစ်ပေး သုတ်သင် ရှင်းလင်း သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာထားသည်။khit thit