ဇွန်လ ၂၂ ရက်နေ့ မန်းလေးတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၉ သေဆုံးဟု MDY-PDF ကြေညာ

မန်းလေးတွင် MDY-PDFနှင့် အကြမ်းဖက်စစ်ကောင်စီအုပ်စုတို့ ဇွန်လ ၂၂ ရက်နေ့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့မှုတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၉ ဦးသေဆုံးကြောင်း MDY-PDF က သတင်း ထုတ်ပြန်သည်။
တိုက်ပွဲတွင် KDDFမှ ရဲဘော် (၂)ဦးနှင့် MDY-PDF မှ ၂ ဦးကျဆုံးခဲ့ရပြီး (၆)ဦး အဖမ်းခံခဲ့ရကြောင်း၊လက်နက်အင်အားမမျှခြင်း၊ အကြမ်းဖက်စစ်အုပ်စုမှလက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်း၊ ပြည်သူအများထိခိုက်နိုင်ခြင်း..တို့ကြောင့် Apex ဘော်ဒါအတွင်းရှိ MPDF ရဲဘော်များမှလက်နက်ချ အညံ့ခံရကြောင်း ဖော်ပြထားသည်။
ထိပ်တိုက်မှုဖြစ်စဥ်အတွင်း သတင်းအချက်လက်ဆက်သွယ်ရရှိမှု ၊ MPDF တပ်ကူများ၏ မျက်မြင်တွေ့ရှိမှု နှင့် online သတင်းဓာတ်ပုံများတချို့ပေါ်မှာ သုံးသပ်ချက်များအရ ကျွန်တော်တို့ ရဲဘော်များ ၏အချို့မှာ လက်နက်ချပြီးနောက်ပိုင်းတွင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ Apex ဘော်ဒါဆောင်အတွင်းမှ ရဲဘော်များနှင့်ပတ်သက်၍ တိကျသော သတင်းဆက်လက်ထုတ်ပြန်ခြင်းမရှိကြောင့် ကျနော်တို့ရဲဘော်များအားလုံး သူရဲကောင်းအာဇာနည်အဖြစ် ကျဆုံးသွားပြီဟု မှတ်ယူထားကြောင်း ဖော်ပြထားသည်။
ပါကျဲဒိုးကားပေါ်တွင်ကျဆုံးခဲ့သော ပြည်သူများမှာ MDY-PDF နှင့် လုံးဝ(လုံးဝ) ပတ်သတ်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးရင်း အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။khit thit