Monthly Archives: Jun 2021

မိုးဗြဲအနီးတွင် လူငယ် ၂ ဦးစီးနင်းလာသော ဆိုင်ကယ်ကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ ၁ ဦးပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့နယ်အနီး ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့် ရောကာတာရွာနှင့် ပင်သာအကြားတွင် လူငယ် ၂ ဦး စီးနင်းလာသော ဆိုင်ကယ်ကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ လူငယ် ၁ ဦး သေ ဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ ရေကာတာရွာနှင့်ပင်သာအကြားတွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ၄၂၂ က အကြောင်းမဲ့ ပစ်ခတ်ကြောင်း၊ လူငယ်တစ်ယောက်မှာ ပစ်ခတ်ခံရသည့်နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်သွားကြောင်း ဒေသရင်းမြစ် က သတင်းဖော်ပြသည်။

ဒေသခံတစ်ဦးကမူ “ပင်သာနဲ့ရေကာတာကြား သင်္ချိုင်းကုန်းနားမှာဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး သေနတ်ပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ဖုန်းတွေ ကျန်ခဲ့ပြီး တစ်ဦးလွှတ်မြောက်တယ်။

ပွဲချင်းပြီးဆုံးတဲ့ အလောင်းကို ဘယ်သူမှ လာမကောက်ကြသေးဘူး” ဟု ပြောဆို ထားသည်။ မိုးဗြဲတွင် ပစ်ခတ်မှုများ ရပ်တန့်ထားရန် ဒေသခံ PDF နှင့် စစ်ကောင်စီတပ်များအကြား ညှိနှိုင်းမှုများ ရှိ၍ အပစ်အခတ်ရပ်စဲထားချိန်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်က အရပ်သားများကို ပစ်သတ်မှု လုပ်ဆောင်လာခြင်းဖြစ်သည်။khit thit

အင်အား​ကောင်း​နေဆဲ ဆားလင်းကြီးနှင့်ယင်းမာပင် ပြည်သူများ၏ စစ်ဆန့်ကျင်​ရေး သပိတ်

ဇွန်လ၂၈ရက်​နေ့ စစ်ကိုင်းတိုင်းယင်းမာခရိုင်ဆားလင်းမြို့နယ်မြောက်ခြမ်းနှင့်ယင်းမာပင်အရှေ့ခြမ်းရွာပေါင်းစုံသပိတ် စစ်ကြောင်း သည် ၁၁၀ရက်မြောက်နေ့ ညနေဆည်းဆာ ဆိုင်ကယ်သပိတ် အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။khit thit

ပဲခူး ထုံကြီးကျေးရွာအထကကျောင်းသား ၃၅ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ကိုဗစ်ပိုးစစ်ဆေးချက်အရ ပဲခူးမြို့နယ် ထုံကြီးကျေးရွာအထက်တန်းကျောင်းမှ ကျောင်းသား/သူ၃၅ဦးတွင် ကိုရိုနာဗိုင်ရပ်စ်ပိုး ကူးစက်ခံရကြောင်း ဇွန်လ ၂၈ ရက်နေ့က စစ်ဆးတွေ့ရှိခဲ့ရသည်ဟု ပရဟိတလုပ်ကိုင်နေသူများအပြောရသိရသည်။

ကျောင်းဆရာမနှစ်ဦးတွင် အနံ့ပျောက်ရာမှ စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ကျောင်းမှ ဆရာ/မများ ကျောင်းသား/သူ ၆၀ကျော်ကို ကွာရန်တင်းဝင်စေပြီး စစ်ဆေးရာက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတွေ့ရခြင်းဖြစ်သည်။”ဒီနေ့ပဲ…ထုံကြီးမှာက ၃၅ယောက်ကူးသွားပြီ ။ သူတို့နဲ့ပတ်သတ်တဲ့သူတွေကို စုံစမ်းနေဆဲပဲ။

ဆရာမနှစ်ယောက်နဲ့ထိတွေ့တွေပေါ့ “ဟု အမည်မဖော်လိုသည့် ပရဟိတလုပ်ကိုင်နေသူတစ်ဦးကပြောသည်။ ယနေ့တွင် ဟိုတယ်ကွာရန်တင်းဝင်သူ ခြောက်ဦး၊မြို့ပေါ်ရပ်ကွက်မှ ရှစ်ဦးနှင့် ထုံကြီး အထကကျောင်းမှ ၃၅ ဦး စုစုပေါင်း ၄၉ဦးပိုးတွေ့ရှိခဲ့သည်။ ပဲခူးမြို့နယ်တွင် ဇွန်လမှစတင်ကာ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၂၀ကျော်ရှိနေသည်။mizzima

SSPP ရှမ်းလက်နက်ကိုင်အဖွဲ့အား ဆန္ဒပြစဉ် ဗုံးပေါက်ကွဲမှုဖြစ်၊ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြည်သူတွေက SSPP ရှမ်းလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြနေစဉ် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ခန့် ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာပြင်းစွာ ရရှိခဲ့ပါတယ်။ 

နမ့်ခမ်းမြို့ မန့်ဆွမ်းကျေးရွာက ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် ၁ ဦးကို SSPP လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး သူတို့လက်ထဲ သေဆုံးသွားတဲ့အပေါ်မကျေနပ်လို့ ဒေသခံတွေဟာ မနေ့ညက မန့်ဆွမ်းရွာမှာ တစ်ကြိမ်ဆန္ဒပြခဲ့ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာလည်း လူအင်အား ၁၀၀၀ ကျော်နဲ့ နမ့်ခမ်းမြို့လယ်ကောင် ပြည်ထောင်စုလမ်းမကြီးပေါ်  ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ 

ဆန္ဒပြစစ်ကြောင်းဟာ နမ့်ခမ်းဈေးကြီးနား ရောက်ခါနီးမှာတော့ အရှေ့မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ ဆန္ဒပြတဲ့ထဲပါဝင်သူ ပြည်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ပေါက်ကွဲတာက ကျနော်တို့ရှေ့နားလေးတင် ပေ ၂၀ – ၃၀ လောက်အကွာ ဈေးထောင့်မှာ ဖြစ်သွားတာပါခင်ဗျ။ ကျနော်တို့က အနောက်ဘက်လောက်မှာဆိုတော့ ဖြစ်စဉ်ကို မတွေ့ဘူး။ ပေါက်ကွဲသံတော့ ၆ ခါလောက် ကြားရတယ်။ အဲဒီလိုဖြစ်တော့ ဆန္ဒပြတဲ့လူစုလည်း ကွဲသွားတယ်။ အဲဒီနားက လူတွေ မေးကြည့်တာတော့ ဗုံးခွဲတဲ့လူက ၄ ယောက်ရှိတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာတယ်။ ဆိုင်ကယ်ပေါ်ကနေ ပစ်ချတဲ့သဘော၊ ဒါပေမဲ့ ၁ စီးက သူတို့လည်းဗုံးထိပြီး ၁ ယောက်သေ ၁ ယောက်ဒဏ်ရာပြင်းတယ်၊ တချို့လည်း ၂ ယောက်လုံး သေတယ်လို့ပြောတယ်။ ဘာလို့လဲဆိုတဲ့ အဲဒီ ၂ ယောက်မှာ သေနတ်ပါတယ်၊ မပေါက်သေးတဲ့ဗုံးလည်း ပါတယ်တဲ့၊ သူတို့ကို စစ်တပ်က လာသယ်သွားတော့ နောက်ဆက်တွဲမသိရဘူး။”

ဒါ့အပြင် အဆိုပါပေါက်ကွဲမှုကြောင့် ဈေးရှေ့မှာ ရွှေရင်အေး ရောင်းနေတဲ့ မိန်းကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားသလို ဈေးနဲ့ တပြလောက်သာကွာဝေးတဲ့ မြို့လယ်ဘုရားနားမှာလည်း Vigo  အဖြူရောင်ကား ၁ စီးပေါ်ကနေ  ဗုံးပစ်ချသွားလို့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ ခြေထောက်တစ်ဖက် ပြတ်သွားတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရ အရပ်သားပြည်သူတွေကို ပရဟိတလူမှုကူညီရေးအဖွဲ့က ဆေးရုံကို ပို့ပေးပြီး ဆိုင်ကယ်စီး လက်နက်ကိုင် ၂ ဦးကိုတော့ စစ်တပ်နဲ့ ရဲတွေ လာသယ်သွားတယ်လို့ ဆိုပါတယ်။ 

ဖောက်ခွဲမှု ကျူးလွန်သူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ မသိရဘဲ ဒေသခံ တချို့ကတော့ SSPP အဖွဲ့ကပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ 

မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း SSPP/SSA ဘက်က လူသစ် စုဆောင်းတာ၊ RCSS အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရှိနေရာက အဖမ်းခံရသူ လူငယ်ခေါင်းဆောင် ၁ ဦး သေဆုံးသွားတာတွေကြောင့် ပြည်သူတွေကြား မကျေနပ်မှုတွေ မြင့်တက်နေပြီး ခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့ထိဖြစ်လာရတယ်လို့ ဒေသခံတွေက ပြောသွားပါတယ်။ DVB

တောင်ဒဂုံ ၇၂ ရပ်ကွက်မှ ရပ်ကွက်ရုံးစာရေးဖြစ်သူ မမြမြထွေး သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၂ ရပ်ကွက်မှ ရပ်ကွက်ရုံးစာရေးမဖြစ်သူ မမြမြထွေးသည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သူက ၇၁ စျေးက အပြန်။ စက်ဘီးပေါ်က အဆင်း။ သေနတ်နဲ့ ၃ ချက်တေ့ပစ်သွားတာ။ သူက ရပ်ကွက်ရုံးမှာ စာရေးမ။ နှုတ်ကြမ်းတာ၊ လာဘ်ပေးလာဘ်ယူရှိတာနဲ့ ဒီစစ်ကောင်စီရဲ့ ယန္တရား တစ်ခု အနေနဲ့ ပတ်သက်နေတယ်။

တချို့ကလည်း စစ်ကောင်စီ သတင်းပေးလို့ ပြောတယ်။ ဆေးရုံပို့နေတုန်း လမ်းမှာ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ကွယ်လွန်သူ မမြမြထွေး၏ မိသားစုဝင်တစ်ဦးကမူ “ကျနော့်အဒေါ်ကို ဒလန်လို့ပြောနေတာကိုတော့ စိတ်မကောင်းပါဘူး ။

သူက ၇၂ မှာ အဖမ်းအဆီးမရှိအောင် ကာပေးခဲ့တာပါ ။ အခုလိုဖြစ်သွားတာကို ဒလန်လို့ပြောနေကြတော့ သေတဲ့သူဘက်ကိုလည်းကြည့်ပေးကြပါဦး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်အပါဝင် နိုင်ငံတစ်ဝန်းလုံးတွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ ယန္တရားတွင် ပါဝင်နေသူများကို ပစ်ခတ်မှုများ တစ်နေ့ တစ်ခြား တိုးပွားလာလျက်ရှိနေသည်ကို တွေ့ရသည်။khit thit

ထီးချိုင့်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ‌၁၄ ဦးထက်မနည်းကျ‌ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တိုက်ပွဲတွင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၁၄ ဦးထက်မနည်းကျ‌ဆုံးခဲ့၍ ၇ ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထီးချိုင့်မြို့)မှ ဇွန်လ ၂၇ရက် ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဇွန်လ ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ထီးချိုင့်မြို့နယ် ၊ မော်ကွန်းတောင်ရိုး လမ်းပိုင်းတွင် မောင်းနှင်လာသည့် စစ်ကောင်စီကားယာဉ်တန်း ၃ စီးအား ကေအိုင်‌အေမဟာမိတ်တပ်များနှင့်အတူ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)မှ သုံးမိနစ်ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကေအိုင်အေမဟာမိတ်တပ်များနှင့်ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးဘက်မှ အထိအခိုက် အကျအဆုံး လုံးဝမရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတစ်ဦး ကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုသို့အကြမ်းဖက်ပစ်သတ်ခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ​အနေဖြင့် အကြမ်းဖက်လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့်မြို့)မှ ဇွန်လ ၂၄ ရက်က သတိပေးကြေညာခဲ့သည်။mizzima

စစ်ကွင်းရဲစခန်းတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၇ ဦးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် စစ်ကွင်းမြို့ရှိ ရဲစခန်းကို ဒီကနေ့ နေ့လယ်ပိုင်းက ကိုဗစ် ၁၉ စစ်ဆေးရာမှာ ရောဂါကူးစက်ခံရသူ ၂၇ ဦးတွေ့ရှိတယ်လို့သိရပါတယ်။

”ရဲစခန်းဝန်းအတွင်းနေထိုင်သူ ၄၄ ဦးကို RDT စနစ် ရောဂါပိုးစစ်ဆေးတော့ ရဲဝန်ထမ်း ၈ ဦး၊ အချုပ်သားအမျိုးသား ၁၃ ဦး၊ အချုပ်သား အမျိုးသမီး ၅ ဦးနဲ့ ပြင်ပက ၁ ဦး စုစုပေါင်း ၂၇ ဦး တွေ့ရှိခဲ့တယ်” လို့ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မင်းလှမြို့နယ်မှာ ဇွန်လ ၂၈ ရက်နေ့အထိ အတည်ပြုလူနာ ၁၇၅ ဦး ရှိပြီဖြစ်ပြီး စစ်ကွင်း အ.ထ.က ကျောင်းကိုလည်း ယာယီပိတ်လိုက်ပေမယ့် မင်းလှမြို့ပေါ်ရှိ အခြေခံပညာကျောင်းတွေနဲ့ ကျေးရွာတွေက မူလတန်းကျောင်းတွေကတော့ ဖွင့်လှစ်သင်ကြားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

ပြည်သူများ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

လတ်တလောမှာ ဖြစ်ပွားမှုနှုန်းများလာတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေကို ဒီကနေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံက ရှေ့နေတွေနဲ့ သီးသန့်တွေဆုံချိန်မှာ မေးမြန်းခဲ့ပြီး အခုလို ပြောကြားခဲ့တာလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး အကုန်လုံးကို ဂရုတစိုက်နေကြဖို့လည်း အဲဒါကိုမှာပါတယ်။ ပြည်သူတွေအတွက်ကိုလေ။ သူ တအားစိတ်ပူနေပါတယ် ကိုဗစ်နဲ့ပတ်သက်ပြီး။ တနိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ်ဘယ်လိုဖြစ်နေပြီဆိုတဲ့ အနေအထားရယ်၊ ဒီနေပြည်တော်ရဲ့ ကိုဗစ်အခြေအနေကိုလည်း သိချင်လို့ မေးတာရှိပါတယ်။ ခါတိုင်းသူပြောသလို mask တပ်ပါ၊ လက်ဆေးပါဆိုတဲ့ အတိုင်းအတာတွေကတော့ ပြောပါတယ်။ အကုန်လုံးကိုပြောပါတယ်။ ကျမတို့ ရှေ့နေတွေကိုလည်း အရမ်းဂရုစိုက်ကြဖို့ပေါ့နော်။ အခုကာလမှာ ပိုပြီးတော့ ဂရုစိုက်ကြဖို့ ပြောပါ တယ်” လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ပတ်သက်တဲ့အမှု ၄ မှု၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ အမှုတစ်ခုတို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။DVB

« Older Entries