Monthly Archives: Jun 2021

ပုသိမ်မြို့နယ်ပညာရေးမှူးရုံးဝင်းထဲ ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် ရုံးပေါင်းစုံထဲ မြို့နယ်ပညာရေးမှူးရုံးဝင်းထဲမှာ ဇွန်လ ၂၉ ရက်နေ့ ဒီကနေ့ညပိုင်း ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ပုသိမ်မြို့နယ်ပညာရေးမှူးရုံးဝင်းထဲ ဗုံးပေါက်ကွဲတဲ့ အသံကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ခုနလေးတင်ပေါက်တာ ရုံးဝင်းထဲလား အပြင်လား မပြောတက်သေးဘူးဗျ။ ပုသိမ်မှာ မပေါက်တာကြာပြီ၊ ဒီနေ့မှ ပြန်ပေါက်တာ” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်ပညာရေးမှူးရုံးထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ မရှိ ဆိုတာကိုတော့ အတည်ကျမသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းကစတင်ကာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိဆိုရင် ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။DVB

ဖားကန့်ပြည်သူများ စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက် သပိတ်​မှောက်

ကချင်ပြည်နယ် ဖားကန့်မှပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်​ရေး အတွက် ယ​​နေ့တွင်လည်း ချီတက် သပိတ်​မှောက်ကြသည်။khit thit

ကန်ကြီးထောင့်မြို့တွင် သစ်တောရုံးရှေ့ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက လုံခြုံရေးတင်းကျပ်ထားတဲ့ ရုံးပေါင်းစုံရှိရာ အမှတ် ၃ ရပ်ကွက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ညနေ ၄ နာရီလောက်မှာ ရုံးပေါင်းစုံက သစ်တောရုံးရှေ့မှာပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ပေါက်တဲ့နေရာက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာနဲ့ အနီးဆုံးလို့ ပြောရမယ်၊ အသံကတော့ တော်တော်ကျယ်တယ်၊ ထိလား မထိလားတော့ မပြောတတ်သေးဘူး”လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ အားကစားရုံနဲ့ နီးစပ်တဲ့နေရာဖြစ်ပြီး ပေါက်ကွဲချိန်မှာ ဒဏ်ရာရရှိသူ ရှိ၊ မရှိဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာကို မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ မပေါက်ကွဲသေးတဲ့ဗုံး ၁ လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မပေါက်ကွဲသေးတဲ့ ဗုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကားတာယာကွင်းတွေနဲ့ ဝိုင်းထားပြီး ဖြုတ်ဖို့စောင့်နေချိန် ညနေ ၄ နာရီ ၄၀ လောက်မှာ ထပ်မံပေါက်ကွဲသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။DVB

ကျိုက်လတ်မြို့မှာ ဒီကနေ့ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ PDF ကျိုက်လတ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှာ ဒီကနေ့ ဇွန်လ ၂၉ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ PDF Kyaiklatက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျိုက်လတ် အထက(၁)အနီးမှာ ဖောက်ခွဲခဲ့တာဟာ အသံမိုင်းပဲဖြစ်ပြီး ပြည်သူတွေအနားမှာ မရှိချိန်ကို ကြည့်ရှု့ပြီးမှ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ အခုလိုဖောက်ခွဲတာဟာ စစ်ကောင်စီတပ်တွေကို မျှားခေါ်ခဲ့ခြင်းဖြစ်ပြီး ရောက်ရှိလာချိန်မှာ ဗုံးတစ်လုံးကို ထပ်မံဖောက်ခွဲခဲ့ပေမယ့် မပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြို့နယ်ပညာရေးမှူးရုံးအနီးပေါက်ကွဲမှုမှာ စစ်ကောင်စီနောက်လိုက်တွေ တပ်စွဲထားတာကြောင့် သတိပေးဖောက်ခွဲခြင်းဖြစ်တယ်လို့ PDF Kyaiklatက ဆိုပါတယ်။မြို့အဝင်ဂိတ်ဖောက်ခွဲမှုမှာလည်း အကြမ်းဖက်စစ်ကောင်စီနောက်လိုက်တွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

PDF Kyaiklat အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာနေထိုင်ပေးဖို့နဲ့ စစ်ကောင်စီနောက်လိုက်တွေကို ရှောင်ရှားကြဖို့ စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် အသုံးချတာကို လက်မခံဖို့ သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။mizzima

မိတ္ထီလာခရိုင်တွင် ကိုဗစ်ပိုးတွေ့ ၄ ဦးထပ်တိုးသဖြင့် ဇွန်လအတွင်း စုစုပေါင်း ၂၈ ဦးအထိ ရှိလာ

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဇွန်လ ၂၉ ရက်နေ့က မိတ္ထီလာမြို့နယ်က ကိုဗစ်ပိုးတွေ့သူ ၃ ဦးနဲ့ ဝမ်းတွင်းမြို့နယ်က ၁ ဦးတို့ အသစ်ထပ်တိုးလာသဖြင့် တခရိုင်လုံး ကိုဗစ်ပိုးတွေ့သူ ၂၈ ဦးအထိ ရှိလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“မိတ္ထီလာပေါက်ချောင်းရပ်ကွက်နေတဲ့ အမျိုးသားတစ်ဦးက သူကိုယ်သူ သံသယရှိလို့ ဟိုတယ်မှာ ကွာရတင်း ဝင်နေတာ ၃ရက်ရှိပြီ။ ဒီနေ့ စစ်လိုက်တော့ ပိုးတွေ့တယ်။ ယင်းတော်ရွာက အမျိုးသမီး ၂ ဦးမှာလည်း ကိုဗစ်ပိုးတွေ့တယ်။ ဝမ်းတွင်းမြို့နယ် ဉာဏ်ကန်ရွာက အမျိုးသမီးတစ်ဦးမှာလည်း ကိုဗစ်ပိုးတွေ့တယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင် ၄ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့သူပေါင်း ယခင်က ၂၄ ဦးရှိခဲ့ရာ ဒီနေ့ အသစ် ၄ ဦး ထပ်တိုးတွေ့တာကြောင့် ဇွန်လအတွင်းမှာ ကိုဗစ်ပိုးတွေ့သူ ၂၈ ဦး ရှိခဲ့ပြီး ဝမ်းတွင်းက ၃ ဦးကတော့ ကိုဗစ်ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသွားခဲ့တာကြောင့် တခရိုင်လုံးမှာ ဆက်လက်ဆေးကုသနေသူ ၂၅ ဦးရှိနေပါတယ်။DVB

ကိုဗစ်ကူးစက်မှုကြောင့် ခန္တီး-ဟုမ္မလင်း အမြန်ယာဉ်စက်လှေများ ယာယီရပ်နား

စစ်ကိုင်းတိုင်း ခန္တီး-ဟုမ္မလင်း ပြေးဆွဲနေတဲ့ မြန်ယာဉ်တွေ ဇွန် ၂၉ ရက်နေ့စပြီး ယာယီရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

“အခုက ကျနော်တို့ မော်တော်တွေ ဒီနေ့စပြီး ပြေးဆွဲမှုရပ်နားလိုက်တယ်။ ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှု များလာတဲ့အတွက် ခန္တီးခရိုင် ရေယာဉ်ကြီးကြပ်ရေး ရစကနေ ရပ်ခိုင်းတယ်” လို့ ခန္တီး ဟုမ္မလင်းပြေးနေတဲ့ စက်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်ကူးစက်မှုအများအတွက် ခန္တီးမြို့ကို ကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်အနေနဲ့ စက်လှေတွေပိတ်လိုက်တယ်လို့ စက်ပိုင်တစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ဇွန် ၂၉ ရက်နေ့အထိ  ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။DVB

မကွေးတွင် ထွေအုပ်ဝန်ထမ်း ၄ ဦးအပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦးတွေ့ရှိ

မကွေးမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ထွေအုပ်ဝန်ထမ်း ၄ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ​ယောက် တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၄ ယောက်၊ ရန်မျိုးအောင်ရပ်ကွက်က ၁၀ ယောက်၊ ကန်သာရပ်ကွက်က ၂ ယောက်နဲ့ အောင်စေတနာရပ်ကွက်က ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင် တယောက်က DVB ကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အားကစားကွင်းမှာ ကိုဗစ်သံသယရှိတဲ့သူတွေကို RDT နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့လူနာနဲ့ ဆက်စပ်တဲ့မိသားစုဝင်တွေကိုတော့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ခေါ်ယူစစ်ဆေးတာတွေ မလုပ်သေးဘူးလို့ လူနာရဲ့မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

ဒီကနေ့ ပိုးတွေ့လူနာ ၁၇ ယောက်အပါအဝင်၊ ဇွန်လ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၁၃ ယောက်ကိုတော့ ပြည်သူ့အစိုးရလက်ထက်က ကိုဗစ်-၁၉ ရောဂါကုသရေး အထူးကြပ်မတ်ဆောင်အဖြစ် အသုံးပြုခဲ့တဲ့ ၅ ထပ်ဆောင် ဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။DVB

သင်္ကန်းကျွန်းင/ကရပ်ကွက်အုပ်ကြီး သေနတ်မှန်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် ဂဖူးကွေ့ ဈေးတွင် အဂ်ါနေ့ မနက် ၇နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူများအပြောအရ သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ င/ကရပ်ကွက် နဝရတ်လမ်းသွယ်တွင် နေထိုင်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးစိန်လှိုင်ဝင်း (ခ) ကျားကြီးဖြစ်ပြီး ဂဖူးကွေ့ဈေးတွင် ငါးရောင်းသူ ဖြစ်သည်ဟု သိရသည်။

” သူကကြံ့ခိုင်ရေးကရပ်ကျေးဥက္ကဌပါ။ ဆန္ဒပြ သူတွေကိုဖမ်းတဲ့ထဲသူပါတယ်လို့ ပြောတာကြားရတယ်။ သူတို့ မိသားစုအကုန်ငါးရောင်းတာ။ တပ်မတော် ထောက်ခံပွဲတွေဘာတွေမိသားစုလိုက်သွားကြတယ်” ဟု အိမ်နီးချင်းတစ်ဦးက မဇ္ဈိမသို့ပြောသည်။

” သေနတ်နဲ့အပစ်ခံရပြီး နေရာမှာတင် ဆုံးသွားတာပါ။ ရုတ်ရုတ်သဲသဲဖြစ်သွားတော့လေ ဘယ်သူက ဘယ်လိုဖြစ်တယ်တောင် သေချာမသိလိုက်ရဘူး”ဟု သူက ဆက်ပြောသည်။mizzima

« Older Entries Recent Entries »