Monthly Archives: Jun 2021

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များက ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်း ဖက် လူသတ်စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

khit thit

ကျန်းမာရေး၊ ပညာရေး CDM သူရဲကောင်း ၅၀၁ ဦးအတွက် We Pledge CDM အဖွဲ့က ငွေ ကျပ်သိန်း ၂၅၀ ထောက်ပံ့

စစ်အာဏာရှင်စနစ်ဆန့်ကျင်​ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM သူရဲကောင်းဝန်ထမ်း ၅၀၁ ယောက်ကို We Pledge CDM အဖွဲ့က ငွေကျပ်သိန်း ၂၅၀ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအလှူငွေတွေကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အလှူငွေတွေထဲက အမှန်တကယ်လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို CRPH ရဲ့ ထောက်ခံချက်နဲ့ We Pledge CDM အဖွဲ့က သေချာစိစစ်ပြီး ပြန်လည်ခွဲဝေ လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

  We pledge CDM ကတဆင့် လှူဒါန်းလိုက်တဲ့ အလှူငွေတွေ အကျိုးရှိတဲ့နေရာမှာ ထိုက်တန်စွာအသုံးချနေကြောင်းကို သိရှိပြီး ပီတိဖြစ်စေဖို့ ရည်ရွယ်ကာ “We Share To” အစီအစဉ်ကိုလည်း အပါတ်စဉ် စနေနေ့တိုင်း We Pledge CDM ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။

ခုတခါ လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ နေပြည်တော်၊ ကျောက်ဆည်၊ မအူပင်နဲ့ ရန်ကုန်မြို့တွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန CDM ဝန်ထမ်းတွေ၊ ပညာရေးဝန်ကြီးဌာန CDM ဝန်ထမ်းတွေ အသီးသီးပါဝင်နေပါတယ်။

လက်ရှိအချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ CDM၊ PDF နဲ့ NUG တို့အတွက် အကူအညီအထောက်အပံ့တွေ အထူးလိုအပ်နေတဲ့ကာလဖြစ်နေပြီး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ တခြားထောက်တိုင်တွေနည်းတူ PDF လူငယ်တွေအတွက်လည်း အကူအညီတွေ အထူးလိုအပ်နေတယ်လို့ We pledge CDM က ပြောထားပါတယ်။DVB

ပုဇွန်တောင်ရေကျော်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးကွဲ

ပုဇွန်တောင်ရေကျော်လမ်းရှိ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ခဲ့ကြောင်း ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုမှာ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအခြေအနေအား မသိရှိရသေးပါ။” ရေကျော်လမ်းပေါ်က ရပ်ကွက်ရုံး အပေါ်မှာ City mark ရှိတယ်။

ရပ်ကွက်ရုံးရှေ့မှာ ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မသိသေးဘူး” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူက ပြောကြားသည်။လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။mizzima

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၇၀၀ ယနေ့လွှတ်ပေးမည်ဟုဆို

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်အင်းစိန်ထောင်ကနေ အကျဉ်းသား ၇၀၀ ကို ဒီနေ့ လွှတ်ပေးမယ်လို့ အကျဉ်းထောင်အကြီးအကဲ ဦးဇော်ဇော်က ရိုက်တာသတင်းကို ပြောကြားခဲ့ပါတယ်။ 

ဘယ်သူတွေ လွတ်မြောက်မယ် ဆိုတာကိုတော့ ထောင်မှူးက အတိအကျပြောဖို့ ငြင်းဆန်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်တင်မြှောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လူပေါင်း ၅၀၀၀ ကျော် ထိန်းသိမ်းခံထားရတယ်လို့ တက်ကြွလှုပ်ရှားသူများ အဖွဲ့တဖွဲ့က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီနောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူတွေထဲကနေ တစ်နိုင်ငံလုံးအရ ၂၃၄၂ ဦး ဒီနေ့ ပြန်လွှတ်ပေးဖို့ရှိပြီး ဒီအထဲမှာ အင်းစိန်ထောင်က ၇၀၀ ကျော် ပါဝင်တယ်လို့ အကျဉ်းဦးစီး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ 

ပြန်လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် လက်ရှိ မနက်ပိုင်း အင်းစိန်ထောင်ရှေ့မှာ လူပေါင်းရာနဲ့ချီ လာရောက်စောင့်ဆိုင်းနေကြပြီး ထောင်ဝင်းထဲမှာ YBS ကားကြီးတွေ ဝင်သွားတယ်လို့ အင်းစိန်ထောင်ရှေ့ ရောက်နေသူတစ်ဦးက ပြောပါတယ်။ 

အင်းစိန်ထောင်ကနေ ပြန်လွတ်မယ့်သူတွေကို YBS ကားတွေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို ပို့ဆောင်ပြီးမှ ပြန်လွှတ်မှာ ဖြစ်ပါတယ်။ 

ဒီနေ့ လွှတ်မယ့်အထဲမှာ အနုပညာရှင်တချို့နဲ့ သတင်းသမားတချို့လည်း ပါဝင်တယ်လို့ ကနေဦး သတင်းရရှိထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီကနေ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင် ၂၄ ဦးကို မနေ့ညက အမှုပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ဒီနေ့ ညနေ ၃ နာရီအထိတော့ အကျဉ်းသားတွေ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။DVB

ထီရောင်းချရမှုနှုန်း အလွန်နည်းပါးသဖြင့် ထီလုပ်ငန်းလုပ်ကိုင်သူများ ရပ်တည်ရခက်ခဲလာ

ဇွန်လအတွင်း ထီလက်မှတ်ရောင်းချရမှုနှုန်း အလွန်နည်းပါးခဲ့ပြီး ထီလုပ်ငန်းလုပ်ကိုင်သူတွေ ရပ်တည်ရခက်ခဲလာတဲ့အတွက် လုပ်ငန်းပြောင်းပြီးလုပ်ကိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ 

ဇူလိုင် ၁ ရက်နေ့ဖွင့်မယ့် ထီဖွင့်ပွဲအတွက် ထီလက်မှတ် အုပ်ရေ နှစ်သိန်းကျော် ငွေကျပ် ၂.၀၄၄ ဘီလီယံဖိုးပဲ ရောင်းကုန်ခဲ့ပြီး အမြင့်ဆုံးဆု ငွေကျပ်သိန်းငါးထောင်ပဲပေးမယ်လို့  စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ပါတယ်။ 

မေလအတွင်းက ထီလက်မှတ် ငွေကျပ် ၂.၆ ဘီလီယံဖိုး ရောင်းကုန်ခဲ့ပြီး အုပ်ရေ ၂ သိန်း ၆ သောင်းကျော် ရောင်းကုန်ခဲ့ပါတယ်။ ဧပြီလတုန်းကလည်း ငွေကျပ် ၂ ဘီလီယံဖိုး အုပ်ရေ ၂ သိန်းကျော်ပဲ ရောင်းကုန်ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထီလုပ်ငန်းကို ပြည်သူတွေက သပိတ်မှောက်ခဲ့တာကြောင့် ရောင်းအားထိုးကျခဲ့တာဖြစ်ပြီး ထီလုပ်ငန်းလုပ်ကိုင်တဲ့ ကုန်သည်တွေက ရပ်တည်ဖို့ခက်ခဲလာတဲ့အတွက် လုပ်ငန်းပြောင်းပြီးလုပ်ကိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ထီကုန်သည် ဦးစန်းယုက ပြောပါတယ်။

ထီလက်မှတ်ရောင်းချတဲ့ နှုန်းထားဟာ အာဏာမသိမ်းခင်ကနဲ့ နှိုင်းယှဉ်ရင် ရောင်းအား ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားတာပါ။ ထီလုပ်ငန်းလုပ်ကိုင်သူတွေကတော့ ရင်းနှီးခဲ့သမျှတွေ ဆုံးရှုံးခဲ့ရပြီး အရင်လို စီးပွားဖြစ်လုပ်ငန်းတစ်ခုအနေနဲ့ ထီလုပ်ငန်းကို လုပ်ကိုင်လို့မရ တော့ဘူးလို့ ထီကုန်သည် ဦးကျော်လှိုင်က ပြောပါတယ်။ 

ထီရောင်းအားဟာ လက်မှတ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲရှိနေတဲ့အတွက် အရောင်းအဝယ်မလည်ပတ်တော့တာလို့ ဆိုပါတယ်။ 

အာဏာမသိမ်းခင်က အမြင့်ဆုံးထီဆုကြီးအနေနဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲအထိ ပေးအပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ငွေကျပ်သိန်းငါးထောင်ပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။ 

လက်ရှိရောင်းအားအရ နောက်လတွေမှာလည်း ငွေကျပ်သိန်းငါးထောင်နှုန်းကိုပဲ အမြင့်ဆုံးပေးနိုင်ဦးမယ်လို့ ထီလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းပါတယ်။ 

စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တစ်နှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပါတယ်။ အခု ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ကြောင့် ထီမရောင်းရဘူးဆိုရင် စစ်ကောင်စီဟာ တစ်နှစ်ဝင်ငွေ အများဆုံး ၁၂ ဘီလီယံလောက်ပဲရနိုင်တော့မယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်က ခန့်မှန်းထာပါတယ်။ 

တစ်နှစ်ပတ်လုံးထီမရောင်းရပါက ထီကရမယ့် အခွန်ဝင်ငွေထဲက ၁၅၁ ဘီလီယံလောက် စစ်ကောင်စီက နစ်နာမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထီမထိုးတဲ့သပိတ်ဟာ အောင်မြင်တယ်လို့လည်း သူကဆိုပါတယ်။DVB

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး နိုင်ငံတကာရှိ မြန်မာသံအရာရှိများ တပ်ဦးဖွဲ့

အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံရှိ မြန်မာသံအရာရှိ ၁၁ ဦးသည် သက်ဆိုင်ရာနိုင်ငံများတွင် ဆက်လက်နေထိုင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် တပ်ဦးဖွဲ့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန် ၂၈ ရက်တွင် ပြောကြားလိုက်သည်။ 

ဂျပန်သတင်းဌာန Kyodo News က သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြန်ရန် ငြင်းဆန်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် မြန်မာသံအရာရှိမှာ ၂၀ ဦးရှိပြီး နိုင်ငံမှာ ၇ နိုင်ငံဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ မြန်မာသံအရာရှိ ၄ ဦး၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ၃ ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ မြန်မာသံအရာရှိ ၄ ဦးတို့သည် သံတမန်ဗီဇာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံများတွင် ဆက်လက်နေထိုင်ခွင့်ရရန် လျှောက်ထားလျက်ရှိသည်ဟု သိရသည်။ 

ထို့ပြင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးနှင့် ဂျပန်နိုင်ငံများရှိ မြန်မာသံအရာရှိများသည်လည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်လျက်ရှိကြောင်း ဖေဖော်ဝါရီလအတွင်း ကုလအလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း လက်သုံးချောင်ထောင် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးကျော်မိုးထွန်းက ပြောကြားသည်ဟု Kyodo သတင်းဌာနက ရေးသားသည်။ 

နိုင်ငံတကာရှိ မြန်မာသံအရာရှိများအကြား အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့် သဘောထားများ မြင့်တက်လျက်ရှိသည်ဟုလည်း ဦးကျော်မိုးထွန်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံးလူသိရှင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင်သည်လည်း အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်နေထိုင်ခွင့်ရရန် ကြိုးပမ်းမည်ဟု သိရသည်။

“စစ်တပ်က ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားတယ်။ သေချာပေါက် မြန်မာနိုင်ငံပြန်လို့ မရတော့ဘူးလေ” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားခဲ့သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားပြည့်သျှံအောင်ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ချီးကျူးသည်။

“သူ့ကို အလေးပြုပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားမိအောင် လုပ်လုပ်လိုက်တာပဲ” ဟု ၎င်းက ပြောသည်။ 

​မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားတစ်ဦးဖြစ်သူ ပြည့်သျှံအောင်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံ၌ လာရောက်ယှဉ်ပြိုင်နေစဉ်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂ၏ အလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်အရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောကြားပြီးနောက်တစ်ရက်၌ နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ကြောင်း စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အီတလီ၊ ဩစတြီးယား၊ စကာပူ၊ ပါကစ္စတန်၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ယူကေ၊ ဘရာဇီးလ်၊ တောင်ကိုရီးယား၊ နော်ဝေ စသည့်နိုင်ငံများရှိ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများရှိ သံမှူးကြီး၊ သံမှူးနှင့် သံရုံးစာရေးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် အမိန့်ညွှန်ကြားစာထုတ်ခဲ့သည်။myanmar now

လိုအပ်သူများအတွက် “၁ ကျပ်သာ လှူပါ”ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်

နွေဦးတော်လှန်ရေး အလှူအတွက် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ “၁ ကျပ်သာလှူပါ” ကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဒုတိယအကြိမ်အနေနဲ့ ပြုလုပ်တာဖြစ်ပြီး လတ်တလောမှာ နှစ်တဝက်တာ ကျိုးလာခဲ့ပြီး လှူဒါန်းရာမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာတွေလည်း များလာတဲ့အတွက် ပထမအကြိမ်ကလို ဘယ်နေရာတွေကို လှူဒါန်းမယ်ဆိုတာ မဖော်ပြတော့ဘဲ လိုအပ်တဲ့နေရာကို လှူဒါန်းဖို့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးကြောင်း ဖော်ပြထားပါတယ်။

ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Digital Payment လေးမျိုးဖြစ်တဲ့ KBZ Pay, Wave Pay, CB Pay, AYA mBanking တွေနဲ့ လှူဒါန်းနိုင်မှာဖြစ်ကာ ငွေသားကို လူကိုယ်တိုင် လာရောက် လှူဒါန်းတာမျိုး၊ ဖုန်းဘေလ်နဲ့ လှူဒါန်းတာမျိုးတွေ လက်မခံဘူးလို့ ဆိုပါတယ်။

ါ့အပြင် အလှူငွေလွှဲရင် ငွေလွှဲဖော်ပြချက်(Description)မှာ Campaign/ Donation/ 1 Kyat/ 500 Kyats/ 1000 Kyats လို အသုံးအနှုန်းမျိုးတွေ ထည့်မပေးကြဖို့လည်း ကြိုတင် မေတ္တာရပ်ခံထားပါတယ်။

ဒုတိယအကြိမ် ကမ်ပိန်းကိုတော့ ဒီကနေ့ကစတင်ပြီး လာမယ့် ဇူလိုင် ၃ ရက်ထိ လှူဒါန်းနိုင်မှာဖြစ်ကာ နယုန်လကွယ်နေ့မတိုင်ခင်မှာ အလှူငွေရှင်းတမ်း ပြန်လည်ထုတ် ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်ထက် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်  ရည်ရွယ်ပြီး Heroes for Myanmar က စတင်ခဲ့တဲ့ “၅၀၀ ကျပ်ပဲ လှူပါ” ကမ်ပိန်းကနေ အလှူငွေကျပ်သိန်း ၈၀ ရရှိခဲ့ပြီး အားလုံးကို လှူဒါန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက် အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က  သတိပေးထားပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေဟာ မြင့်တက်လာခဲ့ ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာဟာရရှိတဲ့ အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး ငွေအပေးအယူ မလုပ်နိုင်တာတွေ၊ ဘဏ်က ငွေသားထုတ်ယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများ လည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။DVB

အမေရိကန်နှင့် ဆွစ်ဇာလန်က မြန်မာသံတမန်ဝန်ထမ်း ၁၁ ဦး နေရင်းနိုင်ငံ ပြန်ရန် ငြင်းဆန်ထား

အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က မြန်မာသံတမန်ဝန်ထမ်း ၁၁ ယောက်ဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နေရင်းမြန်မာနိုင်ငံကို ပြန်ဖို့ ငြင်းဆန်ထားပြီး ရောက်ရှိနေတဲ့နိုင်ငံတွေမှာပဲ ဆက်နေထိုင်ကြဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ် ဦးကျော်မိုးထွန်းက ဇွန် ၂၈ ရက်က ပြောကြားပါတယ်။ 

သူတို့တွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ နိုင်ငံ ၇ နိုင်ငံက သံတမန် အယောက် ၂၀ ထဲက ၁၁ ယောက် ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ဝါရှင်တန်က မြန်မာသံတမန် ၄ ဦး၊ လော့စ်အိန်ဂျလိစ်က သံတမန် ၃ ယောက်တို့ဟာ သူတို့ရဲ့ သံတမန်အဆင့်အတန်းကို အဆုံးသတ်တော့မှာမို့လို့ အမေရိကန်ရဲ့ ယာယီစောင့်ရှောက်မှု အဆင့်အတန်းကို လျှောက်ထားပြီး ဂျီနီဗာက မြန်မာသံဝန်ထမ်း ၄ ယောက်ကလည်း သူတို့ အဲဒီမှာပဲ ဆက်လက်နေထိုင်ဖို့အတွက် ဆွစ်အာဏာပိုင်တွေဆီ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးနဲ့ ဂျပန်နိုင်ငံတို့က မြန်မာသံတမန်တွေလည်း စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ကြတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ပြည်ပမှာရှိတဲ့ မြန်မာသံတမန်တွေကလည်း စစ်ကောင်စီအပေါ် ဆန့်ကျင်တဲ့ အရှိန်အဟုန်ကို မြှင့်ပေးခဲ့တယ်လို့ မှတ်ချက်ပေး ပြောကြားပါတယ်။ 

သူကိုယ်တိုင်အတွက်လည်း စစ်တပ်က နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲထားတာကြောင့် မြန်မာနိုင်ငံကို ပြန်လို့မရတော့တဲ့ အခြေအနေဖြစ်နေလို့ အမေရိကန်ပြည်ထောင်စုမှာ ယာယီ အကာအကွယ်ပေးထားသောအခြေအနေ သို့မဟုတ် တခြားပုံစံတမျိုးမျိုးနဲ့ နေထိုင်ခွင့်သက်တမ်း တိုးသွားမယ်လို့ ဆိုပါတယ်။ 

ဦးကျော်မိုးထွန်းဟာ ဒီလအစောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကြောင်း ပြသခဲ့ပါတယ်။ 

ဂျပန်နိုင်ငံကိုတော့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။ ဒါပေမဲ့ တိုကျိုအစိုးရအနေနဲ့ အရပ်ဘက်အစိုးရ အာဏာပြန်မယူရသေးမချင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်တပ်ကို ဘဏ္ဍာရေးစီးဆင်းမှုတွေ ရပ်ဆိုင်းထားဖို့ တိုက်တွန်းပြီး ပိုမိုအားကောင်းပြီး တိကျပြတ်သားတွေ ဆုံးဖြတ်ချက်တွေ ချမှတ်စေချင်တယ်လို့ ပြောပါတယ်။DVB

ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လတ် ကို ပစ်သတ်မှု ၄င်းတို့လက်ချက်ဟု ပဲခူး BDF ကြေညာ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အက်ဂကွင်းနယ်စပ် ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လတ်ကို ယ​နေ့ ပစ်သတ်ခဲ့မှုသည် ၄င်းတို့လက်ချက်ဖြစ်​ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF က ကြေညာသည်။

ပြည်ခရိုင်ပျောက်ကြားအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ဦးဇော်လတ်နှင့်ဇနီးသည် ပေါင်းတည်မြို့ဘက်သို့လာစဉ် လမ်း၌ ပစ်သတ်ခံရခြင်းဖြစ်ပြီး ဇနီးဖြစ်သူ လွတ်မြောက်ကြောင်း၊ ယခုအခါ စစ်တပ်က အဆိုပါ​ဒေသကို အင်အားအလုံးအရင်းဖြင့် စီးနင်းပြီး စစ်​ဆေးလျက်ရှိ​ကြောင်း သိရှိရသည်။khit thit

အကြမ်းဖက် လူသတ်စစ်ကောင်စီက မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည် ဆိုသည့် သ တင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များ (video)

khit thit
« Older Entries