ပုဇွန်တောင်ရေကျော်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးကွဲ
ပုဇွန်တောင်ရေကျော်လမ်းရှိ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ခဲ့ကြောင်း ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
ပေါက်ကွဲမှုမှာ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအခြေအနေအား မသိရှိရသေးပါ။” ရေကျော်လမ်းပေါ်က ရပ်ကွက်ရုံး အပေါ်မှာ City mark ရှိတယ်။
ရပ်ကွက်ရုံးရှေ့မှာ ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မသိသေးဘူး” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူက ပြောကြားသည်။လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။mizzima