တန့်ဆည်တွင် ပျူစောထီးအဖွဲ့ဝင် ဇော်သက်နိုင်ဦး သေနတ်ဒဏ်ရာ၊ ဓားဒဏ် ရာ များဖြင့် သေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဇော်သက်နိုင်ဦး ယနေ့ နံနက်ပိုင်း စျေးရောင်းသွားစဉ် အသတ်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ အင်္ကုက္ကားရွာမှ ပျူစောထီးအဖွဲ့ဝင် ချေးတုံး (ခ) ဇော်သက်နိုင်ဦး သည် ဈေးရောင်းသွားစဉ် အသတ်ခံရကြောင်း၊ သေနတ်ဒဏ်ရာ ဓားဒဏ် ရာများနဲ့ သေဆုံးနေကြောင်း သိရှိရသည်။
“ဘယ်အချိန်ကတည်းက သေတာလဲမသိဘူး။ သူ့အိမ်က မွန်းလွဲ ၂ နာရီလောက် ကမှ သိတာ။ မနက် အစောကြီးထွက်သွားတာ။ ခုတော့ နာရေးကားက သယ်သွားပြီ။ လည်ပင်းဓားချက်ရှိတယ်။
သေနတ်နဲ့ နောက်နားကနေ ပစ်တာ ရှေ့ထိပေါက်တယ်။ ကြက်ဥပို့သွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။khit thit