ကောလင်းမြို့ပေါ် နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ၍ အမျိုး သမီး နှစ်ဦး ဒဏ်ရာရ၊ သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် (Video)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးအတွင်း ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့ရှိ ထွေအုပ်ရုံးအတွင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ကြောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အနောက်လမ်းရှိ နေအိမ်တလုံး ခေါင်မိုးပွင့်ထွက်သွားပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့တွင် ကောလင်းမြို့ သစ်ဆိမ့်ကုန်းရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အသတ်ခံရခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် ကောလင်းမြို့ပေါ်၌ လုံခြုံရေးတင်းကြပ်စွာချထားပြီး ယခုလို လက်နက်ကြီးများဖြင့် မြို့ပေါ်တွင် ရမ်းသန်းပစ်ခတ်နေခြင်း ဖြစ်သည်။
ကောလင်း သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်များကို KIA နင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲများ ယနေ့ ညနေအချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit