Monthly Archives: Jul 2021

ငါန်းဇွန်၊ ကုလကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်က လက်နက်တပ်ဆင်၊ အုပ်ချုပ်ရေးမှူးက လက်နက်ပြ ရမ်းကားနေသဖြင့် ရွာသားများ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် ​ကျေးရွာ အုပ်ချုပ်​ရေးမှူး အောင်ဇော်မင်းကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး အုပ်ချုပ်ရေးမှူးနောက်လိုက်တချို့က ၎င်းတို့ကိုယ်ပိုင် နှမ်းစိုက်ခင်းများကို ဖျက်ဆီးကာ ကျေး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ​ကျေးရွာသို့ ​ခေါ်ယူရန် ထပ်မံကြိုးပမ်းနေကြောင်း ဒေသခံ ရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဇော်မင်းသည် ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီကို ကုလရွာသို့ ခေါ်ယူခဲ့ပြီး နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့ကာ အမျိုးသမီးတစ်ဦးကို စစ်တပ်က ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရသူသည် အုပ်ကြီး အောင်ဇော်မင်း၏ အဒေါ်အရင်း ဖြစ်ကြောင်း၊ ကျေးရွာသား ၄ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ ၄ ဦးလည်း ပြန်မလွတ်သေးကြောင်း၊ ယခုအခါ စစ်တပ်သည် ကျေးရွာတွင်မရှိတော့ဘဲ တပ်ဆုတ်သွားကြောင်း၊ ယင်းသို့ တပ်ဆုတ်ခွာသွားချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး​ အောင်ဇော်မင်းကို လက်နက်ပေးအပ်သွားကြောင်း သိရှိရသည်။

“စစ်တပ်က ရွာမှာ ၃ ရက် တပ်စွဲပြီးတော့နောက်ပိုင်း မလာတော့ဘူး။ ခုတော့အရပ်ဝတ်နဲ့ လူနှစ်ယောက် သူရွာထဲထွက်တိုင်း အဖော်အမြဲပါတယ်။ စစ်သားလား အရပ်သားလား အတည်မပြုနိုင်ပါဘူး။

အုပ်ကြီးမှာ သေနတ်တစ်လက် စစ်တပ်က ပေးထားတာရှိတယ်။ သူရွာထဲ ထွက်ရင် သေနတ်အတိုတစ်လက်ကို ခဏခဏ လူရှိုန်အောင် ထုတ် ကြွားပါတယ်။

ရွာက တည်ငြိမ်နေတာကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်အရ တပ်ကို အတင်းခေါ်တာမျိုးတွေ လုပ်တယ်။တပ်က မလာတော့ အုပ်ကြီးရဲ့ ဒလန်အကြီးစားတယောက်က သူ့စိုက်ခင်း၊ နှမ်းခင်းကို သူကိုယ်တိုင် ဖျက်ဆီးပြီး အမှုဆင် စစ်တပ်ကို ခေါ်တယ်။ တိုင်တယ်” ဟု ကုလကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လက်နက်ကိုင်ဆောင်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးက မထင်လျှင် မထင်သလို ရွာသားများအပေါ် ရမ်းကားနေသဖြင့် ကျေးရွာမှ အမျိုးသားအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာသားများက ဆိုကြသည်။khit thit

လောင်းလုံးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက လောင်းလုံး သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

khit thit

မြန်မာပြည်ပြန် တရုတ်အမျိုးသားတွင် ကိုဗစ်-၁၉ ကူးစက်နေ

ဖားကန့် မြေမှပြန်သွားသော တရုတ်နိုင်ငံသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ယနေ့တွင် တရုတ်နိုင်ငံက အကြောင်းကြားလာသည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူကပြောသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကန်ပိုက်တီဂိတ်ပေါက်မှတဆင့်ဝင်ရောက်လာသော ကချင်ပြည်နယ် ကျောက်စိမ်းမြေမှပြန်သွားသည့် တရုတ်နိုင်ငံသားကိုကျန်းမာရေးစစ်ဆေးသည့်အခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ကျဆရာဝန်က ပြောသည်။

ထိုသို့အကြောင်းကြားမှုနောက်ပိုင်း မြန်မာဘက်တွင် အဆိုပါတရုတ်အမျိုးသားနှင့်ထိတွေ့သူများကို အသွားအလာကန့်သတ်မှုများပြုလုပ်နေလျက်ရှိသည်။ ကန်ပိုက်တီမြို့မှာ ယနေ့အထိ ကိုဗစ်လူနာ တစ်ဦးရှိပြီး မြစ်ကြီးနား – ကန်ပိုက်တီလမ်းပေါ်မှာရှိသော ဝိုင်းမော်မြို့မှာ ကိုဗစ်လူနာ ၅၀ဦးအထိ ရှိနေပြီဟု ဝိုင်းမော်မြို့ကျန်းမာရေးအဆင့်မြင့်အရာရှိက ပြောသည်။mizzima

ပုလောမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ရာထူးကနုတ်ထွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်က လက္ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဆိုသူ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ပျံ့နှံ့လာတဲ နုတ်ထွက်စာထဲမှာ ကိုယ်ရေးကိုယ်တာအရလည်းကောင်း၊ ကျန်းမာရေး၊ စီးပွားရေးအခက်အခဲတွေကြောင့် တာဝန်ထမ်းဆောင်ဖို့ အခက်အခဲရှိလို့ ယာယီအုပ်ချုပ်ရေးမှူးအဖြစ်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။နုတ်ထွက်စာတင်တဲ့ ဇူလိုင် ၅ ရက်နေ့ မနက်အစောပိုင်းတုန်းက အဆိုပါအုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သေးတယ်လို့လဲ ဒေသတွင်းသတင်းဌာနတချို့မှာ ရေးသားထားပါတယ်။mizzima

ခင်ဦးတွင် ယနေ့ ပျူစောထီးဟု အများက ပြောဆိုသတ်မှတ်ခံနေရသူ အရပ် သား ၂ ဦး ဓားခုတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ ပျုစောထီးဟု အများက သတ်မှတ်ခံထားရသူ အရပ်သား ၂ ဦး ဓားခုတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာနေ အသက် ၆၃ နှစ်အရွယ် ဦးအုန်းမြိုင်သည် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရွာအနီး လယ်တောထဲတွင် ဓားဖြင့် ဇက်ခုတ်ခံရပြီး ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ ဒေသခံတချို့က ဦးအုန်းမြိုင်သည် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ နောက်လိုက်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးနှင့်ပျူးစောထီးဟု ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ ပြောဆိုချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။

“သူကတော့ ဗျာ သတင်းပေး။ အုပ်ချုပ်ရေးမှူး အပေါင်းအပါ၊ ပျူစောထီးပေါ့။ အဲဒါကြောင့်အသတ်ခံရတာလို့ ပြောကြတာပေါ့ဗျာ” ဟု​ ဒေသခံတစ်ဦးက ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ယင်းပြောဆိုချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။

အလားတူ ခင်ဦးမြို့နယ်၊ ဝက်သဲကျေးရွာမှ ကိုတင်ထွန်းဆိုသူသည်လည်း ယနေ့ နံနက် ၁၀ နာရီတွင် သတ်ဖြတ်ခံရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။ “တင်ထွန်းကို ပျူစောထီးဆိုပြီး အားလုံးကလည်း သတ်မှတ်ထားတယ်။

သူကိုယ်တိုင်ကလည်း ပြောတယ်။ အဲဒါကြောင့် အသတ်ခံရတာပဲ။ ဒါကလည်း တစ်ရွာလုံးသိတဲ့ကိစ္စပါ” ဟု​ ဒေသခံတစ်ဦးကပြောသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် ကိုတင်ထွန်းသည် ပျူစောထီး တကယ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပါ။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေး၊ ပျူစောထီးဟုဆိုကာ အရပ်သားများ သတ်ဖြတ်ခံရမှုများ ရှိလာနေပြီး ယနေ့ အသတ်ခံရသည့် ၂ ဦးအပါအဝင် သေဆုံးသူ ၁၀ ဦးရှိလာပြီဖြစ်သည်။khit thit

ပခုက္ကူမြို့တွင် ဗုံးပါက်ကွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ

ပခုက္ကူမြို့ အမှတ် ၉ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူလိုင် ၅ ရက်နေ့ည ၇ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲတာကြောင့် ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒေသခံတစ်ဦးက “ပြည်သူ ၃ ယောက်ထိသွားတယ်။ လက်မောင်း ၁ ယောက် ထိတယ်။ နောက်ကျောကို ၁ ယောက်ထိတယ်။ နောက်တယောက်ကတော့ လက်ကို ထိသွားတာ။ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ပြည်သူတွေ ရှိနေတဲ့နေရာကို ဗုံးပစ်ပေါက်သူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

မင်းအောင်လှိုင် ရုရှားမသွားမီ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ခု လျှို့ဝှက်လာရောက်ခဲ့

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံမသွားရောက်မီ တစ်ပတ်အလိုတွင် ရုရှားရေတပ်ဗိုလ်ချုပ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်ခဲ့ပြီး၊ ထိုကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်လုံးမှ တစ်စွန်းတစ်စမျှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ဇွန် ၂၀ ရက်တွင် စတင်သွားရောက်ခဲ့ခြင်းဖြစ်ကာ ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ လျှို့ဝှက်စွာ လာရောက်ခဲ့ခြင်းဖြစ်သည်ကို Myanmar Now က ရရှိထားသော စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။

လျှို့ဝှက်လာရောက်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Vladimir Luvovich Kasatonov ဦးဆောင်ခဲ့ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်မှာ ရုရှားရေတပ်မှ စစ်ဦးစီးအရာရှိချုပ် Vladimir Zemskov ဖြစ်သည်။

လျှို့ဝှက်လာရောက်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ရုရှားရေတပ်ဗိုလ်ချုပ်ကြီး Kasatonov နှင့် ရေတပ်စစ်ဦးစီးချုပ် Zemskov။

အဖွဲ့ဝင် ၂၀ ဦးပါ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်သည့်အကြောင်းရင်းကို အတိအကျမသိရသော်လည်း ရေတပ်ဆိုင်ရာ အထူးအရေးကြီးကိစ္စများဖြစ်နိုင်ပြီး မြန်မာရေတပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့ဝင်အချို့ နေပြည်တော်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါလာသူများအကြောင်း အတိအကျမသိရသော်လည်း မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် ရုရှားနိုင်ငံပိုင် Rosoboronexport လက်နက်ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးပါဝင်သည်ကို တွေ့ရသည်။ 

နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများမှသည် တင့်ကားများအထိ အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိသည့် အဆိုပါ Rosoboronexport ကုမ္ပဏီသို့ ရုရှားခရီးစဉ်အတွင်း ဇွန် ၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည်။ 

ထိုသို့ သွားရောက်ခဲ့စဉ်အတွင်း စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ဒုတိယအကြိမ် နိုင်ငံပြင်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည် ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။

ရုရှားရေတပ်ဗိုလ်ချုပ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လျှို့လျှို့ဝှက်ဝှက်လာရောက်ခဲ့သည့် အကြောင်းရင်းကို မသိရသော်လည်း အာဏာသိမ်းခေါင်းဆောင်၏ ရုရှားခရီးစဉ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်နှင့် လက်ရှိစစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းတို့အပြင် ရေတပ်ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ လိုက်ပါသွားခဲ့သည်ကို တွေ့ရသည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ရေတပ်အရာရှိများက ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai Yemenov နှင့် တွေ့ဆုံပြီး ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ရေတပ်ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစ်ဘာ့ဂ်မြို့၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာရေကြောင်းပြပွဲကို နှစ်ရက်ဆက်တိုက် တက်ရောက်ခဲ့ကာ အဆိုပါမြို့တွင် ဆိုက်ကပ်ထားသော ရေငုပ်သင်္ဘောများ၊ ဖရီးဂိတ်စစ်ရေယာဉ်များနှင့် ပဲ့ထိန်းဒုံးပျံတင်စစ်ရေယာဉ်များကို သွားရောက်ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ သင်တန်းကျောင်းများ၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများကို သွားရောက်ကြည့်ရှုခဲ့ပြီး ရုရှားနိုင်ငံ Tatarstan ဒေသ Kazan မြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရေယာဉ်တည်ဆောက်ရေးကုမ္ပဏီကို သွားရောက်လေ့လာခဲ့သည်ကို တွေ့ရသည်။

မြန်မာဆိပ်ကမ်းများတွင် ရုရှားစစ်သင်္ဘောများဝင်ရောက်ရေးနှင့် ပတ်သက်၍ ရုရှားစစ်တပ်နှင့် ၂၀၁၈ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရုရှားစစ်သင်္ဘောအချို့ မြန်မာနိုင်ငံ လာရောက်ခဲ့ဖူးသည်။

ရုရှားနိုင်ငံအနေဖြင့် ပထဝီဝင်နိုင်ငံရေးအရ အရှေ့တောင်အာရှကို အာရုံစိုက်နေလျက်ရှိပြီး မော်စကိုနှင့် နေပြည်တော်ကြား နီးနီးကပ်ကပ်ဖြစ်မှုသည် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတွေ့မြင်လိုသော အနောက်နိုင်ငံများကို ဟန့်တားလိုသည့် ရုရှား၏ ပြယုဂ်လည်းဖြစ်သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ Bertil Lintner က ဆိုသည်။ 

“တရုတ်ရဲ့မူဝါဒကျတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ့။ မြန်မာစစ်တပ်ကို သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ထောက်ခံပေးတာက ရေမှုတ်ပေါ့။ မီးစကတော့ ‘ဝ’ တပ်ဖွဲ့နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေကို နောက်ကနေ ကြိုးကိုင်နေတာပေါ့” ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် Asia Times မဂ္ဂဇင်းပါ အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားထားသည်။

ထို့ကြောင့် တရုတ်ကို သတိထားဆက်ဆံနေရသော မြန်မာစစ်ဗိုလ်ချုပ်များအနေဖြင့် ရုရှားကို မဟာဗျူဟာထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်နေခြင်းဖြစ်သည်ဟုလည်း Bertil Lintner က ဆိုသည်။ 

မြန်မာနိုင်ငံသည် တောင်အာရှ၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ရုရှားနိုင်ငံအတွက် မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မော်စကို၌ တွေ့ဆုံစဉ် ရုရှားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို နိုင်ငံတကာက အပြင်းအထန်ဖိအားပေးနေချိန်တွင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပြည်တွင်းပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်ကို ထိုသို့ထောက်ခံအားပေးနေသည်သာမက စစ်လက်နက်ပစ္စည်းများလည်း ဆက်လက်ရောင်းချလျက်ရှိသည်။ 

အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါများရောင်းချရန် သဘောတူခဲ့သည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ် ရေဒါပစ္စည်းများဝယ်ယူတင်သွင်းခဲ့သည်ဟု The Moscow Times သတင်းစာက ဧပြီလတွင် ရေးသားခဲ့သည်။ 

ထို့ပြင် မြန်မာစစ်တပ်က ဝယ်ယူထားသည့် အဆင့်မြင့် Su-30 ဘက်စုံသုံးတိုက်လေယာဉ် ခြောက်စီးကို ယခုနှစ်အတွင်း လွှဲပြောင်းပေးမည်ဟု ယူဆရသည်ဟု သိရသည်။ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်တန်ဖိုးရှိ အဆိုပါ စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ ဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ရုရှားစစ်တပ်တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ အချက်အလက်များအရ မြန်မာစစ်တပ်သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ပြီး အဆိုပါကာလအတွင်း စုစုပေါင်းလက်နက်တင်သွင်းမှု၏ ၃၉ ရာခိုင်နှုန်းရှိသည်။ myanmar now

မကွေးမြို့တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၄၂ ဦး ထပ်မံတွေ့ရှိ

မကွေးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၆ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ သီတဂူ မျက်စိကုဆေးရုံ ကိုဗစ်စစ်ဆေးရေးစင်တာမှာ သံသယရှိသူ အယောက် ၁၂၀ ကို စစ်ဆေးရာမှာ ဆက်သွယ်ရေးဝန်ထမ်း ၁ ယောက်၊ အား/ကာ ဝန်ထမ်းတစ်ယောက်၊ လျှပ်စစ်ဝန်ထမ်း ၁ ယောက်နဲ့ ရဲဝန်ထမ်းမိသားစာဝင် ၃ ယောက်အပြင် တမြို့လုံးနီပါး ရပ်ကွက်အစုံက ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ ပရဟိတလူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံ ၅ ထပ်ဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပိုးတွေ့တဲ့နေရာတွေကို ပရဟိတအဖွဲ့တွေက ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေပြီး တိုင်းအတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုတော့ စစ်ကောင်စီက ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဆေးရုံမှာ ကိုဗစ်လူနာတွေဟာ သောက်ရမယ့်ဆေးတွေကို ပြည်သူ့အစိုးရလက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။DVB

« Older Entries