ယင်းမာပင်ခရိုင်ကျေးရွာများ စုပေါင်းပြီး “7 July” အထိမ်းအမှတ်ချီတက်၊ စစ်အာဏာရှင် ကျဆုံးရေး ကြွေးကြော်ဆန္ဒပြ




khit thit
khit thit
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ ကိုဗစ်-၁၉ သံသယရှိသူတွေကို စစ်ဆေးချက်အရ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၄ ဦး ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄ ဦးကို ဇူလိုင် ၆ ရက်က ပြင်ဦးလွင်ဆေးရုံနဲ့ ပြင်ဦးလွင် အားကစားကွင်းရှိ ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့အတွက် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကာ အသွားအလာ ကန့်သတ်ထားပါတယ်။DVB
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေး ခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို ပြီးခဲ့သည့် ဇွန်လက နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ် တရာရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရ သည်။
“သူက စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထွက်စာတင်တယ်။ ပြီးတော့ ဖေဖော် ဝါရီလထဲမှာပဲ Free Daw Aung San Su Kyi ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး သပြေကုန်းအဝိုင်းမှာ လူတွေ အများစု ဆန္ဒပြတဲ့ နေ့တွေတုန်းက ထွက်လာသေးတယ်။ နောက်ပိုင်းတော့ CDM ဝန်ထမ်းတွေကို ကူညီပေးတယ်။
နောက်ဘဏ်ကနေ ငွေ တွေ ထုတ်လို့ရအောင် ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးနဲ့ ထောင်ချလိုက်တာ။ တော်တော်မြန်တယ်”ဟု ဦးဇော်နိုင်ဝင်း နှင့် နီးစပ်သူတဦးက ဆိုသည်။
ဦးဇော်နိုင်ဝင်းသည် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည့် ရုရှားနိုင်ငံမှ ပြန်လာသူတဦး ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘွဲ့လည်း ရရှိထားကြောင်း၊ ဘာသာ စကားနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတချို့ကြောင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေစဉ် ဒေါ် အောင်ဆန်းစုကြည် သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူသည့်အခါ ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် ၅ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။
နေပြည်တော်တွင် NLD အစိုးရတာဝန်ထမ်းဆောင်နေသည့် ကာလတွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပု ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးများ၏ ကိုယ်ရေးအရာရှိ အများစုမှာ စစ်ကောင်စီလက်ထက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိတော့ဘဲ အလုပ်ထွက်ခြင်း ရှောင်တိမ်းခြင်းများ ပြုလုပ်ကြသကဲ့သို့ တာဝန် ဆက် လက် ထမ်းဆောင်သူများမှာလည်း စုံစမ်းစစ်ဆေးခြင်းများ ခံခဲ့ရကြောင်း သိရှိရသည်။khit thit
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ဇူလိုင် ၅ ရက်နေ့က ကျောက်တစ်လုံးဆေးခန်းမှ သားဖွားဆရာမအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလုနာ ၃ ဦးစတင်တွေ့ရှိခဲ့ပြီးနောက် ၂ ရက်အတွင်း အတည်ပြုလူနာ ၁၇ ဦးထိ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၇ ဦးရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ၁ ဦးနဲ့ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံမှာ ၁၆ ဦး ဆေးကုသမှု ခံယူနေတယ်လို့သိရပါတယ်။
ငါန်းဇွန်မှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ် ပြောင်းလဲရောင်းချဖို့၊ စားသောက်ကုန်ဆိုင်တွေမှအပ ကျန်စျေးဆိုင်တွေ ပိတ်ထားဖို့၊ အရေးကြီးအစည်းအဝေးတွေမှအပ အလှူပွဲတွေနဲ့ တခြားအခမ်းအနားတွေ မပြုလုပ်ဖို့ စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ကြေညာထားပါတယ်။DVB
khit thit
မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ စံချိန်တင်မြင့်တက်လာနေတဲ့အတွက် ဆေးဝါးနဲ့ တခါသုံး နှာခေါင်းစည်း Mask တွေ ဝယ်လိုအားများပြီး တဖြည်းဖြည်း စျေးနှုန်းမြင့်တက်လာနေကာ တချို့ဆေးဝါးတွေ ဝယ်မရတဲ့အထိ ပြတ်လပ်နေပါတယ်။
ဇွန်လ တတိယအပတ်လောက်က စတင်ကာ လိုအပ်တာထက် ပိုမိုဝယ်ယူ ပြန်လည်ရောင်းချသူတွေ စျေးကွက်ရှာသူတွေကြောင့် ဝယ်လိုအားမြင့်တက်လာကာ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ပြီး စျေးမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါအပြင် တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ဆို့မှုတွေရှိတဲ့အတွက် ကုန်တင်ကားတွေနဲ့ ကုန်စည်သယ်ယူခွင့်မရလို့ အိမ်စီးကားတွေနဲ့သာ ကုန်စည်သယ်ယူနေရတာကြောင့် စျေးမြင့်တက်မှုတွေ ပိုမို ဖြစ်ပေါ်နေပါတယ်။
မန္တလေးမြို့က ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးက “တရုတ်က ပိတ်ဆို့မှုတွေရှိတော့ အိမ်စီးကားတွေနဲ့ ပစ္စည်းတွေ သယ်ရတယ်၊ အရင်က တစ်ခေါက် သယ်ရတဲ့ဟာကို အခု သုံး၊ လေး၊ ငါးခေါက် သယ်ရတော့ သယ်ယူစရိတ်တွေ မြင့်တက်ကုန်လို့ စျေးတွေ တက်ကုန်တာပါ။ နောက်တစ်ချက်က လိုအပ်တာထက် ပိုဝယ်တာတွေ စျေးကွက်ရှာသူတွေကြောင့်လည်း စျေးမြင့်တက်ခဲ့တာပါ” လို့ ပြောပါတယ်။
စျေးကွက်အတွင်း တစ်ခါသုံး နှာခေါင်းစည်း Mask စျေးနှုန်းတွေဟာ ကိုဗစ်တတိယလှိုင်း မဖြစ်ပွားခင်က တစ်ဘူးကို ကျပ် ၉၅၀ ရှိခဲ့ရာက အခုအချိန်မှာ ကျပ် ၃၀၀၀ ဝန်ကျင်အထိ မြင့်တက်လာပါတယ်။
အရင်က KN95 Mask တစ်ခုကို ကျပ် ၉၀ သာစျေးရှိခဲ့ပေမယ် အခု ၂၅၀ ကျပ်ဝန်းကျင်ထိ စျေးမြင့်တက်ခဲ့တာပါ။
ဇူလိုင် ၆ ရက် ညနေပိုင်းထိ စုံစမ်းမေးမြန်းချက်အရ မန္တလေးမြို့ရှိ ဆေးဆိုင်အများစုမှာ တစ်ခါသုံး နှာခေါင်းစည်း Mask နဲ့ ဆေးဝါးတစ်ချို့ ပစ္စည်းပြတ်လပ်နေပါတယ်။
“ကိုယ်ခံအားကောင်းစေတဲ့ ဆေးတွေကတော့ ပစ္စည်းပြတ်လပ်တဲ့ထိ ဝယ်လိုအားကောင်းသလို စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ပစ္စည်းတွေက နှစ်ပတ် ကြိုမှာရတယ်။ ဇူလိုင်လလယ်လောက် ပစ္စည်း ပြန်ရောက်တော့မှာပါ”လို့ ဆေးပစ္စည်းတင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။
အလားတူ ရန်ကုန်မြို့က ဆေးဆိုင်တွေမှာလည်း နှာခေါင်းစည်း Mask နဲ့ ဆေးဝါးတစ်ချို့ ဝယ်လိုအား မြင့်တက်နေပြီး C-VITI နဲ့ ENERVON-C စတဲ့ဗီတာမင်ဆေးဝါးတွေ ပြတ်လပ်နေပါတယ်။
Mask (နှာခေါင်းစည်း) အပါအဝင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ မနေ့က တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၃,၆၀၂ ယောက်၊ သေဆုံးသူ ၅၀ ကျော်အထိ စံချိန်တင် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၇၁,၉၇၆ ယောက်ထိ ရှိလာပြီဖြစ်ပါတယ်။DVB
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ဆဋ္ဌမတန်း အတန်းပိုင်ဆရာမဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပေမယ့် ကျောင်းမပိတ်တဲ့အတွက် ကျောင်းသားမိဘတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
စစ်တောကုန်းကျေးရွာ တာဝန်ရှိသူတစ်ဦးက ”အဲဒီကျောင်းက ကျောင်းသား ၅ ဦးယောက်လည်း အနံ့မရဘူးလို့သိရတယ်။ အနံ့မရသူတွေကတော့ ဒီနေ့ မြို့သစ်မြို့ပြည်သူဆေးရုံမှာ ဆေးစစ်မယ်။ စစ်တောကုန်းရွာဘုန်းကြီးကျောင်းက ကိုရင်တွေနဲ့ ရွာကလေးအများစုလည်း ဖျားနေကြတယ်” လို့ ပြောပါတယ်။
စစ်တောကျောင်းက ပိုးကူးစက်ခံရတဲ့ ဆရာမရဲ့ ဆဋ္ဌမတန်းကိုသာပိတ်ပြီး ကျန်အတန်းအားလုံးကျောင်းတက်ရမယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝေက ညွှန်ကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
”အတန်းပိုင်ဆရာမရဲ့ ဇာတိက ကန်ကြီးရွာကလေ။ ကျောင်းကို နေ့ချင်းပြန်တက်တာ။ သူနဲ့ထိစပ်သူတွေ ဘယ်လောက်များနေပြီလဲမသိဘူးဗျာ။ အခုဖြစ်နေတာက စစ်ကောင်စီက လုပ်ချင်တာလုပ်နေတာ။ ကျနော်တို့လည်း စိတ်ညစ်နေပြီ” လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးတွေကို အိမ်ပြန်မလွှတ်ဘဲနဲ့ ကျောင်းအိပ်ကျောင်းစားအဖြစ် ကျောင်းအတွင်းမှာထားလို့ မိဘတွေက ကလေးတွေအတွက် စောင်၊ ခြင်ထောင်၊ ထမင်း၊ ဟင်းချိုင့်တွေ ပေးပို့နေရပြီး ကလေးတွေ ဖျားနာမကောင်းဖြစ်မှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။DVB
khit thit
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ပြီး လူနာအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။
သေဆုံးလူနာဟာ ဝူယန်ကျေးရွာက အမျိုးသားဖြစ်ပြီး အသည်းရောဂါအခံရှိကာ မြစ်ကြီးနားဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားပြီးနောက် မိသားစု၀င်ဇနီးနဲ့ သားဖြစ်သူကို ကျန်းမာရေးစစ်ဆေးရာမှ ပိုးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူ စုစုပေါင်း အယောက် ၄၀ ဦးကို စစ်ဆေးရာမှာ ၁၆ ယောက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
မြို့ပေါ် ရက်ကွက် ၁ မှာ ကျောင်းသား ၁ ဦးအပါအဝင် ၁၀ ဦး အများဆုံး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသိန်းမြို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ဝိုင်းမော်မြို့နယ်က ပထမဆုံး ပိုးတွေ့အတည်ပြုလူနာရှိခဲ့တာဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင် ၆ ရက်အထိ စုစုပေါင်း ၅၈ ယောက်တွေ့ရှိ ၁ ယောက် သေဆုံးကာ ဆေးရုံမှဆင်းသူ ၇ ယောက်ရှိပါတယ်။DVB
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ပိုမိုများပြားလာနေပြီး ရမ်ပူရပ်ကွက်မှာ ဇူလိုင် ၅ ရက်က ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
သေဆုံးအမျိုးသမီး ၂ ဦးရဲ့ နေအိမ်ရှိ မိသားစုဝင်တွေကို စမ်းသပ်စစ်ဆေးရာမှာလည်း ၃ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ရမ်ပူရပ်ကွက်ကို အသွားအလာကန့်သတ်ထားပါတယ်။
ရပ်ပူရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက “မြို့ပေါ်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့တဲ့သူ အတော်များနေပြီ။ အိမ်ကို lockdown ချလိုက်တာ အရင်အပတ်ကတည်းကပဲ။ သူတို့သေတော့ အိမ်သားတွေကို ဆေးရုံခေါ်ပြီးစစ်တာ၊ ထိစပ်သူ ၈ ဦးစလုံးပိုးတွေ့တယ်။ သူတို့ကိုဆေးရုံမှာ ဆေးကုသပေးနေတယ်” လို့ ပြောတယ်။
ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့က သီလှရှင်တပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး သူနေထိုင်ရာ ပမ္မတီးရပ်ကွက်အတွင်းက ကုန်စုံဆိုင်ရှင်တစ်ဦးအပါအဝင် ၅ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။
ဇူလိုင် ၆ ရက်အထိ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၉ ဦးရှိပြီး ဝိုင်းမော်မြို့နယ်မှ မြစ်ကြီးနားဆေးရုံသို့ ဆေးလာကုသူတစ်ဦးသေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။DVB