ပြင်ဦးလွင်မြို့မရဲစခန်းတွင် ၁၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ ကိုဗစ်-၁၉ သံသယရှိသူတွေကို စစ်ဆေးချက်အရ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၄ ဦး ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄ ဦးကို ဇူလိုင် ၆ ရက်က ပြင်ဦးလွင်ဆေးရုံနဲ့ ပြင်ဦးလွင် အားကစားကွင်းရှိ ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားပါတယ်။
ပြင်ဦးလွင်မြို့နယ်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့အတွက် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကာ အသွားအလာ ကန့်သတ်ထားပါတယ်။DVB