မြစ်ကြီးနားတွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၂ ဦးထပ်မံသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ပိုမိုများပြားလာနေပြီး ရမ်ပူရပ်ကွက်မှာ ဇူလိုင် ၅ ရက်က  ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို   စစ်ဆေးရာမှာလည်း ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

သေဆုံးအမျိုးသမီး ၂ ဦးရဲ့ နေအိမ်ရှိ မိသားစုဝင်တွေကို စမ်းသပ်စစ်ဆေးရာမှာလည်း  ၃ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့  ရမ်ပူရပ်ကွက်ကို အသွားအလာကန့်သတ်ထားပါတယ်။ 

ရပ်ပူရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက “မြို့ပေါ်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့တဲ့သူ အတော်များနေပြီ။ အိမ်ကို lockdown ချလိုက်တာ အရင်အပတ်ကတည်းကပဲ။ သူတို့သေတော့ အိမ်သားတွေကို  ဆေးရုံခေါ်ပြီးစစ်တာ၊ ထိစပ်သူ ၈ ဦးစလုံးပိုးတွေ့တယ်။ သူတို့ကိုဆေးရုံမှာ ဆေးကုသပေးနေတယ်” လို့ ပြောတယ်။

ဒါ့အပြင် ဇူလိုင် ၅ ရက်နေ့က သီလှရှင်တပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး သူနေထိုင်ရာ ပမ္မတီးရပ်ကွက်အတွင်းက ကုန်စုံဆိုင်ရှင်တစ်ဦးအပါအဝင် ၅ ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး  တွေ့ရှိရတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။

ဇူလိုင် ၆ ရက်အထိ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၉ ဦးရှိပြီး ဝိုင်းမော်မြို့နယ်မှ မြစ်ကြီးနားဆေးရုံသို့ ဆေးလာကုသူတစ်ဦးသေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s