အင်းစိန်တွင် စစ်တပ်က ဖမ်းဆီးထားသော လူငယ် ၆ ဦး ပျောက်ဆုံးနေ၊ စစ်ကားကို ဗုံးပစ်သွင်းဟု စွပ်စွဲခံရသူ မောင်ငြိမ်းချမ်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် သေဆုံးဖွယ်ရှိ၍ မိသားစု စိုးရိမ်နေ




ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်တွင် အသက်မပြည့်သေးသော လူငယ် ၂ ဦးအပါအဝင် စစ်ကောင်စီက ဖမ်းဆီးသွားသော လူငယ် ၆ ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေပြီး စစ်ကားကို ဗုံးပစ်သွင်းသူဟု စွပ်စွဲခံရသူ မောင်ငြိမ်းချမ်းကိုသည် စစ်တပ်၏ ဖမ်းဆီးခံရကာ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် သေဆုံးဖွယ်ရှိနေ၍ မိသားစုက စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့်မိတ်ဆွေများထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ငြိမ်းချမ်းကို ( ခေါ် )ကောက်ကွေးကို အောင်ဇေယျ တံတားပေါ်ရှိ စစ်ကား တစီးပေါ်သို့ လက်လုပ်ဗုံး ပစ်သွင်းခံရမှုနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ၊ ယင်းနောက် မနန်းသူသူအောင် (ကိုရီးယားစကားပြန်လုပ်ကိုင်သူ)၊ ကိုကောင်းမြတ် ၁၉နှစ်၊ မောင်ဇွဲကို (၁၇)နှစ်၊ မောင်ဇင်မင်းထက် (၁၅)နှစ် နှင့် ကိုမင်းညီတို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ သူတို့ နေထိုင်ရာ အင်းစိန်အိမ်ယာမှာ မတရားရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။ အခု ကျတော်တို့ လိုက်လံစုံစမ်းတဲ့ အခါမှာ ကောက်ကွေးရဲ့ နာမည်ကို ရဲဖမ်းတဲ့ စာရင်းထဲမှာ မတွေ့ရဘဲ ကျန် ၅ ဦးရဲ့ အမည်ကိုသာတွေ့ရပါတယ် ။
ကောက်ကွေး (ခ) ငြိမ်းချမ်းကိုရဲ့ အမည် ပါမလာခဲ့ပါဘူး။ ကျတော်တို့ ထပ်မံလိုက်လံစုံစမ်းတဲ့အခါမှာ သူဟာ လက်ရှိအချိန်တွင် စစ်ကြောရေးမှာ ရှိနေဆဲဖြစ်ပြီ မသေရုံတမယ် နှိပ်ဆက် ခံနေရကြောင်း သိရတယ်။ လူမသိသူမသိဘဲ မတရားညှင်းပန်းနှိပ်စက် ခံရပြီး အသက်သေဆုံးဖို့ ရာခိုင်နှုန်းများနေပါတယ်” ဟု မိသားစုနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။khit thit