မိတ္ထီလာခရိုင်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၇ ဦးရှိလာ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်မှာ ဇူလိုင် ၈ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့   သေဆုံးသူ ၇ ဦးရှိလာပြီး ကူးစက်ခံရသူတွေလည်း များလာတာကြောင့် ဆေးရုံတွေမှာ လူနာနေရာ အခက်အခဲရှိနေတယ်လို့   ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သာစည်မြို့နယ်မှာ  ၄ ဦး၊ မိတ္ထီလာမှာ ဆေးကုသမှုခံနေသူ  ၂ ဦး၊ မလှိုင်မြို့နယ်မှာ   ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါနဲ့  သေဆုံးခဲ့တာဖြစ်ပြီး  ဆေးရုံတွေမှာ ကိုဗစ်လူနာတွေများလာလို့ နေရာအခက်အခဲရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကုတင် ၅၀ ဆေးရုံတွေဖြစ်တဲ့ သာစည်၊ ဝမ်းတွင်းတို့မှာ  ကိုဗစ်-၁၉ ရောဂါလူနာ သာစည်က ၉၉ ဦး ဝမ်းတွင်းက ၅၆ ဦး ဖြစ်နေတယ်။ လူနာထားရမယ့်နေရာ အခက်အခဲရှိတာပေါ့”။

သာစည်မှာ ကိုဗစ်လူနာ  ၁၁၀ ရှိပြီး  ရောဂါ ပျောက်လို့ ဆေးရုံက ဆင်းသွားသူ ၇ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိတာကြောင့် ဆေးရုံမှာ ဆေးကုသနေသူ ၉၉ ဦး ကျန်ရှိနေပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်လူနာ  အယောက် ၇၀ ရှိပြီး   ပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားသူ ၄ ဦးရှိနေတာကြောင့် ဆေးကုသနေသူ ၅၆ ဦး ရှိနေပါတယ်။

မလှိုင်မြို့နယ်မှာ   ကိုဗစ်- ၁၉ ပိုးတွေ့လူနာ အယောက်  ၄၀ ရှိပြီး  ၉ ဦးကတော့ ပျောက်ကင်းလို့ ဆေးရုံကဆင်းသွားခဲ့ပြီး သေဆုံးသူ ၁ ဦးရှိနေခဲ့တာကြောင့် ဆေးရုံမှာ အယောက် ၃၀  ဆက်လက် ဆေးကုသမှုခံယူနေပါတယ်။

မိတ္ထီလာမြို့နယ်မှာ  ကိုဗစ်-၁၉ အတည်ပြုလူနာ  ၅၈ ဦးရှိပြီး  သေဆုံးသူ ၂ ဦးရှိကာ ဆေးကုသနေသူ ၅၆ ဦးရှိနေပါတယ်။ 

မိတ္ထီလာခရိုင်တစ်ခုလုံးမှာတော့  ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၂၇၇ ဦးရှိနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s