Monthly Archives: Jul 2021

ပြည်နယ်လေးခုတွင် စစ်ကောင်စီ အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲများပြင်းထန်လာနိုင်

ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီက အင်အားဖြည့်တင်းလျက်ရှိသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားလာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့ (KNPP/KNDF) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) များက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိရာ အဆိုပါတိုင်းရင်းသားဒေသများတွင် စစ်တပ်က တပ်စခန်းတိုးချဲ့ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ကရင်ပြည်နယ် မူတြော်(ဖာပွန်) ခရိုင်အတွင်း၌  စစ်ကောင်စီက တပ်စခန်းလေးခု တိုးချဲ့ထားကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက Myanmar Now ကို ပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကစပြီး တပ်မဟာ(၅)ကနေ တားမြစ်ထားတဲ့ ပိတ်ဆို့ထားတဲ့လမ်းကို ပြန်ဖွင့်ပေးတယ်။ လူထုအတွက်ဆိုပြီးတော့မှ လူထုတွေရဲ့ ရိက္ခာတွေ သယ်ဖို့ပြုဖို့ပေါ့။ ဒါပေမဲ့ တစ်ဖက်ကနေပြီးတော့မှ သူတို့လည်းပဲ လမ်းဖွင့်ပေးတာကို အခွင့်ကောင်းယူပြီးတော့ တပ်ကနေ သူတို့ရဲ့ ရိက္ခာ၊ လိုအပ်တာတွေ ပို့ဆောင်တဲ့အပြင် တပ်စခန်းအသစ်တချို့ပါ ထပ်တိုးပြီးချထားတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဖာပွန်ခရိုင်အတွင်း ခေးပူဒေသ၌ တပ်စခန်းနှစ်ခုတိုးချဲ့ထားသည်ကို KNU တပ်မဟာ(၅) ရှေ့တန်းက သတင်းပေးပို့ထားကြောင်း၊ အလားတူ ဖာပွန်နှင့် ကမမောင်းကြားရှိ ခွေးသေရွာနှင့် မထောရွာအကြားတွင်လည်းကောင်း၊ လွယ်ကမောဒေသ၌လည်းကောင်း စစ်တပ်က တပ်စခန်းတိုးချဲ့ထားသည်ဟု ဆိုသည်။ 

“သူတို့ အဲဒီလို စခန်းအသစ်တွေထပ်ပြီးတော့ လုပ်လာတဲ့အပေါ်မှာ တင်းမာမှုဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက်ပစ်ခတ်မှုက အရင်တုန်းကထက်ဆိုရင် ပိုပြီးတော့ ဖြစ်လာတာပေါ့” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တပ်မဟာ(၅)နယ်မြေတွင် ယခုလ (ဇူလိုင်) ၁၅ ရက်မှ ၂၂ အထိ တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုများပြားခဲ့သည်ဟု KNU တပ်မဟာ(၅)က ဇူလိုင် ၂၂ တွင် သတင်းထုတ်ပြန်ထားသည်။

“အဲဒီမှာ (တစ်ပတ်တာတိုက်ပွဲများအတွင်း) စစ်ကောင်စီဘက်က သူတို့ ၂၆ ယောက် ကျဆုံးတယ်။ ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်။ ၃၅ ယောက်ထဲမှာ တပ်ရင်းမှူးတစ်ယောက်ပါတယ်လို့ ကျွန်တော်တို့ သတင်းသိရတာပေါ့” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အတွင်းရှိ ဘာအံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များ၌လည်း စစ်ကောင်စီတပ်နှင့် ယခုလအတွင်း တိုက်ပွဲဖြစ်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ဝင်လာပြီးတော့ ချိတ်ဆက်ဆောင်ရွက်တာ မရှိဘူး။ သူတို့သဘောနဲ့သူတို့ သွားလာပြီးတော့ တောတိုးတာတို့၊ လှုပ်ရှားမှုတွေပြုလုပ်တော့ အဲဒီမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ယခုရက်ပိုင်းတွင်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉)နယ်မြေနှင့် ရှမ်းမြောက် မုံးကိုးဒေသရှိ KIA တပ်မဟာ (၆) နယ်မြေတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မုံးကိုးဒေသတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“KIO/KIA ဌာနချုပ်ရှိနေတဲ့ လိုင်ဇာဝန်းကျင်မှာ အဲဒီမှာကတော့ နှစ်လသုံးလကြာပြီ။ သူတို့ စစ်အင်အားတွေ တိုးထားတာရှိတယ်။ လောလောဆယ် သိပ်ပြီးမှ စစ်လှုပ်ရှားတာတော့ မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။ 

KIA တပ်မဟာ(၃) နယ်မြေ မိုင်ဂျာယန်ဒေသနှင့် တပ်မဟာ (၁၀) နယ်မြေတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ KIA က ခုခံတိုက်ခိုက်ခြင်းဖြစ်သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြထားသည်။ 

ကယားပြည်နယ် (ကရင်နီဒေသ) လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များတွင်လည်း ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ယခုလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဆိုသည်။

“ဘောလခဲမှာတော့ တိုက်ပွဲဖြစ်ပြီးကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းနဲ့ တပ်စွဲထားတာရှိတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့ပြင် ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များတွင်လည်း စစ်ကောင်စီက အင်အားတိုးချထားဟု ဆိုသည်။

“စစ်ပွဲတော့ ခဏနေလား၊ မနက်ဖြန်လား၊ သဘက်ခါလားဖြစ်ဖို့ အလားအလာအများဆုံးအနေအထားမှာ ရှိတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

ကပ်ရောဂါကြောင့် ပြည်သူလူထု အခက်အခဲဖြစ်နေသော်လည်း စစ်အာဏာရှင်ဖြုတ်ချရေး အရေးကြီးသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပေါ် ပြည်သူလူထုအနေဖြင့် ဂရုပြနေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

စစ်ကောင်စီကို ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်ခဲ့သည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်တွင်လည်း တစ်လနီးပါး အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင် ၂၁ ရက်တွင် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် လာရောက်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ယာဉ်တန်းပြန်လည်ထွက်ခွာသွားပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက ရုတ်တရက်ထိုးစစ်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မင်တပ်မြို့နယ်တွင် စစ်ကောင်စီ၏ နယ်​မြေခံတပ်ရင်း ၂၇၄ အပါအဝင် တပ်ရင်း ၆ ခုရှိသည့်အနက် တပ်ရင်း​လေးရင်းမှာ လူမြင်ကွင်းတွင် လှုပ်ရှား​နေသော်လည်း အခြားတပ်ရင်းနှစ်ရင်းမှာ တပ်​ဖျောက်လှုပ်ရှားနေပြီး စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် မတူပီမြို့မှ ဇူလိုင် ၁၉ ရက်တွင် စတင်ထွက်ခွာလာပြီး မင်းတပ်မြို့ကို ဦးတည်နေသည်ဟု သိရသည်။ myanmar now

ရေးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ထပ်မံသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇူလိုင် ၂၃ ရက် ဒီနေ့ တရက်တည်း  ကိုဗစ်-၁၉ ရောဂါနဲ့  ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ထံက သိရပါတယ်။

အခု သေဆုံးသူ ၄ ဦးထဲမှာ ၁ ဦးက ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃ ဦးက နေအိမ်မှာ သေဆုံးခဲ့တာပါ။

ရေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်တွေအပြင် နယ်ကျေးရွာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူတွေရှိနေသလို  ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေပါ ရောဂါ ကူးစက်ခံထားရပါတယ်။

ကိုဗစ်လူနာတွေအတွက် ဆရာဝန်တွေ မလုံလောက်သလို ဆေးရုံတွေမှာ လူနာတွေကို အပြည့်အဝ မကုသပေးနိုင်တာကြောင့်  နေအိမ်တွေမှာ ကိုဗစ်လူနာတွေ သေဆုံးလာတဲ့အထိ စတင်ကြုံတွေ့လာနေရတယ်လို့ မြို့ခံပရဟိတအဖွဲ့က ပြောပါတယ်။

ကိုဗစ်ကူးစက်နှုန်းက ဆက်လက် မြင့်တက်လာခဲ့သလို သေဆုံးမှုလည်း ဆက်လက် မြင့်တက် လာခဲ့တာကြောင့် ကိုဗစ် ကုသရေးဌာနက စာသင်ကျောင်းတွေမှာ ကိုဗစ် လူနာတွေကို ထပ်မံထားရှိဖို့ စီစဉ်နေပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ ရေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ခံထားရသူပေါင်း ယနေ့အထိ ၃၀၀ ကျော်ရှိနေပြီး သေဆုံးသူပေါင်း  ၁၆ ဦးအထိရှိကာ  အများစုက ရောဂါအခံရှိတဲ့ အသက် ၆၀ ကျော်တွေ ဖြစ်ပါတယ်။DVB

အကျဉ်းထောင်အတွင်း ဆန္ဒပြမှုအပေါ် အကျဉ်းဦးစီးဌာန အရာရှိအရာခံများ၏ လုပ်ဆောင်ချက်ကို YUG စောင့်ကြည့်

ရန်ကုန်တိုင်းရှိ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြမှုအပေါ် အကျဉ်းဦးစီးဌာန အရာရှိ အရာခံများမည်သို့မည်ပုံလုပ်ဆောင်နေသည်ကို မှတ်တမ်းတင်စောင့်ကြည့်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၁၄ဖွဲ့ ဖွဲ့စည်းထားသည့် YUG မှယနေ့ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ယနေ့နံနက်ပိုင်းတွင် အင်းစိန်ထောင်အတွင်းအကြမ်းဖက်စစ်ကောင်စီမှမတရားဖမ်းဆီးထားသည့် ပြည်သူလူထုများမှာအကျဉ်းထောင်အတွင်းမှ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့်အဆိုပါ မတရားဖမ်းဆီးခံပြည်သူလူထုများအပေါ် အကျဉ်းဦးစီးဌာန၏ အပြုအမူဆက်ဆံမှုများအား မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်သည်။ YUG အနေဖြင့် အဆိုပါထောင်တွင်းဆန္ဒပြသည့် မတရားဖမ်းဆီးခံထားရသော တော်လှန်ရေးရဲဘော်များ၏ ရဲ၀င့်မှုကိုလေးစားသလို ၎င်းတို့နှင့်တစ်သားတည်းရှိနေကြောင်း ထုတ်ပြန်ချက်‌တွင်ဖော်ပြထားသည်။

ထို့အပြင် YUG မှမြေပေါ်မြေအောက်တော်လှန်ရေးလုပ်ဆောင်ချက်များအား အာဏာလုအကြမ်းဖက်စစ်တပ် ပျက်သုဉ်းသွားသည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။mizzima

ဖာပွန်ခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန် မူတြော်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း  KNLA တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူက  ဇူလိုင် ၂၂ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲမှာ တပ်ရင်းမှူး ၁ ဦးပါဝင်သလို တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအန်ယူသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတည်ဆောက်တာတွေကြောင့် ကေအန်ယူထိန်းချုပ်နယ်မြေတွေမှာ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၂၀၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရသလို မိုးတွင်းကာလမှာ နေထိုင်စားသောက်ရေးအပြင် ဝမ်းရောဂါနဲ့ ရာသီတုပ်ကွေးရောဂါ တွေပါ ခံစားနေရပါတယ်။DVB

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်သက်ကြီးပိုင်း ၁၀၀ ခန့် သောင်တင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် ခိုလှုံနေရသည့် စစ်ဘေးရှောင်များအနက် ၈၀၀ ကျော်မှာ ဇူလိုင် ၂၁ ရက်တွင် နေရပ်ပြန်ကြပြီဖြစ်သော်လည်း သက်ကြီးပိုင်း ၁၀၀ ခန့် သောင်တင်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူနှစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းမှ ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်ခဲ့ရခြင်း ဖြစ်သည်။ 

မိုင်းကိုင်မြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် ဝမ်ဟွေလုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအနက် လူငယ်များနှင့် အမျိုးသမီးများမှာ တိုက်ပွဲများ အနည်းငယ်ငြိမ်သက်သွားချိန် နေရပ်ပြန်ခဲ့ခြင်းဖြစ်ကာ သက်ကြီးပိုင်းနှင့် ကလေးငယ်များ ကျန်ရှိခဲ့သည်ဟု သိရသည်။

ဝမ်ဟွေလုံကျေးရွာအုပ်စုအတွင်းရှိ ဝမ်လဲ့ဘုန်းကြီးကျောင်း၊ နောင်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတစ်ခုတွင် ကျန်ရှိနေခဲ့သည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် အစားအသောက်၊ ဆေးဝါး၊ ကိုဗစ်နိုင်တင်းအကာအကွယ်ပစ္စည်းများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီနေသူနေသူတစ်ဦးက ပြောသည်။

“လိုအပ်တာတော့ တော်တော်များများလိုတယ်။ ပညာပေးတွေလည်း လုပ်ဖို့လိုသလို ဆေးဝါးနဲ့ အကာအကွယ်ပစ္စည်းတွေလည်း လိုတယ်။ အသက်ကြီးတဲ့သူတွေများတဲ့အတွက် (ကိုဗစ်)ဖြစ်ရင်တော့ မလွယ်ဘူး” ဟု တစ်ဦးက ပြောသည်။

အသက် ၆၀ နှင့် ၇၀ ဝန်းကျင်ရှိ သက်ကြီးပိုင်း စစ်ဘေးရှောင်များတွင် လေဖြတ်ထားသည့် လူနာအချို့လည်းရှိနေပြီး တစ်ခါသုံးနှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်လည်း လုံလောက်မှုမရှိကြောင်း သိရသည်။ 

မိုင်းကိုင်မြို့တွင် ကိုဗစ်နိုင်တင်း (Covid-19) အတည်ပြုလူနာ ၁၂ ဦးအထိ တွေ့ရှိထားရာ စစ်ရှောင်စခန်းသို့ လာရောက်လှူဒါန်းသူများကို စခန်းအတွင်းမဝင်ရန် ကန့်သတ်ထားရသည်ဟု စစ်ရှောင်များကို ကူညီနေသူက ဆိုသည်။

စစ်ကောင်စီ၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ ၄၃၁ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိပြီး အမှန်တကယ်ဖြစ်ပွားသည့် အရေအတွက် ပိုမိုများပြားနိုင်သည်ဟုလည်း ဒေသခံများက ခန့်မှန်းထားသည်။ 

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP သည် မိုင်းကိုင်မြို့နယ်အတွင်းရှိ လွယ်ဟွန်းတောင်ကြောကို ထိန်းချုပ်နိုင်ရန် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ခုကြား ရှမ်းပြည်နယ်တောင်ပိုင်းတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ရှမ်းမြောက်ရှိ သီပေါမြို့နယ် နောင်အန်ရွာအနီးတွင် ဇူလိုင် ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ myanmar now

ထောင်တွင်းဆန္ဒပြမှုအပေါ် အကျဉ်းဦးစီးဌာန၏ တုံ့ပြန်မှု စောင့်ကြည့်နေဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ကြေညာ

အကျဉ်းထောင်တွင်း ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကျဉ်းဦးစီးဌာန အရာရှိ အရာခံ ဝန်ထမ်းတွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို မှတ်တမ်းတင် စောင့်ကြည့်နေတယ်လို့ ‌ဖက် ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(A.A.F)က အသိပေးကြေညာထားပါတယ်။

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့နဲ့ မဟာမိတ် ပြောက်ကျား အင်အားစုတွေအနေနဲ့ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ နွေဦးတော်လှန်ရေး ရဲဘော်ရဲဘက်တွေရဲ့ သဘောထားနဲ့‌ တသားတည်း အတူရှိကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။DVB

« Older Entries