မကွီအိမ်နူးစခန်းမှ စစ်တပ်ဗိုလ်ကြီးတစ်ဦး အပါအဝင် ရဲ ၄ ဦး၊ တပ်သား ၈ ဦး CDM ပြုလုပ်ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFနှင့် ပူးပေါင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်တောင်ဘက်ရှိ မကွီအိမ်နူး ရှေ့တန်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗိုလ်ကြီး သိန်းထိုက်အပါအဝင် တပ်မ တော်သား ၈ ဦးသည် CDM ပြုလုပ်ပြီး CDF နှင့် ပူးပေါင်းလိုက်ကြောင်း ရန်ကုန်ခေတ်သစ်မှ သတင်းရရှိသည်။

“အဲဒီစခန်းက ရဲတွေက အရင်ကတည်းက CDM လုပ်တာ၊ ဖြစ်စဉ်မှာ ရဲ ၄ ယောက်၊ တပ်က ၈ ယောက်၊ ၁၂ ယောက် CDM လုပ်တယ်။ အခြား ၆ ယောက်ကတော့ CDM မလုပ်ဘူး၊ ကျနော်တို့ ပြန်လွှတ်ပေးလိုက်တယ်။အဲဒီမှာ ရဲစခန်းက အဓိက၊ တပ်စခန်းကတော့ အရံပဲ၊ စခန်းမှာ ရဲစခန်းမှူးနဲ့ တပ်စခန်းမှူး ၁ ယောက်စီက တာဝန်ယူထားတယ်ပေါ့” ဟု CDF များနှင့် ပူးပေါင်းကာ CDM ပြုလုပ်ထားသည့် စစ်တပ် ဗိုလ်ကြီးက ပြောသည်။

ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့ဝင်များမှ မကွီအိမ်နူးစခန်းသို့ သွားရောက်ဝိုင်းရံထားစဉ် ဗိုလ်ကြီးသိန်းထိုက်နှင့် တပ်ဖွဲ့ဝင်များသည် အသာတကြည် လက်နက်ချကာ CDM ပြုလုပ်လိုက်ကြောင်း၊ ယင်းနောက် အဆိုပါစခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။မကွီအိမ်နူးစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများသည် ဒေသခံပြည်သူများနှင့် ယခင်ကတည်းက အဆင်ပြေသင့်မြတ်စွာ နေထိုင်ကြောင်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ်၌လည်း စိတ်ကုန်နေပြီဖြစ်ကြောင်း သိရသည်။

မကွီအိမ်နူးကျေးရွာအုပ်စုသည် ယခင် NLD အစိုးရလက်ထက်တွင် မြို့အဖြစ်တိုးမြှင့်သတ်မှတ်ခံထားရပြီး မင်းတပ်မြို့ အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာအဝေးတွင်ရှိကာ ဆော-ကန်ပက်လက်-မကွီအိမ်နူး-ပလက်ဝ ကားလမ်းပေါ်တွင် တည်ရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s