ရှမ်းမြောက် မြို့နယ်အချို့တွင် ရေကြီး



ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်းဒေသခံများကသတင်း ပေးပို့သည်။နမ့်ခမ်း၊ မိုင်းရယ်စသည့် မြို့နယ်များတွင် နေအိမ်ထဲအထိ ရေဝင်ရောက်နေပြီး ရေဘေးသင့်သူတွေအတွက် အကူအညီတွေလိုအပ်နေကြောင်းလည်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့များကပြောသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုင်းယောင်းနှင့် မိုင်းပျဉ်းမြို့နယ်များတွင် တောင်ကျရေကြောင့် ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။ဒီရက်ပိုင်းမှာ မုတ်သုံလေအားကောင်းနေပြီး နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းနှင့် ရေဘေးသတိပြုရန် မိုးဇလကျွမ်းကျင်သူများကသတိပေးထားသည်။mizzima