Monthly Archives: Jul 2021

အာဏာသိမ်း စစ်တပ်နဲ့ PDF တို့ တိုက်ပွဲအတွင်း မုံရွာ ဗကသ ရဲဘော် ၃ ဦး ကျဆုံးခဲ့

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား ဇူလိုင်လ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မုံရွာခရိုင် ဗကသ ရဲဘော်သုံးဦး ကျဆုံးခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင် ကျောင်းသားသမဂ္ဂ) က ဒီနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) က ရဲဘော်နိုင်ရဲခန့် ( မုံရွာတက္ကသိုလ်)၊ ရဲဘော် ကောင်းဆက်ဟိဏ်းနဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ ( မုံရွာခရိုင်) ရဲဘော် သော်ဆွေ တို့ဖြစ်တယ်လို့ မုံရွာခရိုင်ကျောင်းသားသမဂ္ဂက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။“ရဲဘော်တို့ဟာ သူရဲကောင်းတွေဖြစ်တယ်။

ဖက်ဆစ်စစ်တပ်ကို နောက်ဆုံးအချိန်ထိ ကုတ်ခြစ်ဆွဲ ဖြဲခဲ့ကြသူတွေဖြစ်တယ် ။ အလံမလှဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်။ ရဲဘော်တို့ တာဝန်ကြေခဲ့ပါပြီ။ ငြိမ်းအေးစွာ အနားယူကြပါတော့” လို့ မုံရွာခရိုင်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အာဏာသိမ်း စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရတဲ့ ကျောင်းသား၊ ပြည်သူတွေအားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်းလည်း ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်) ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။mizzima

ကြာကန်ကျေးရွာ မြောက်ဘက် တဲတိုက်ရှိ စား ဝတ် နေရေး ခက်ခဲနေသူတွေကို အစားအသောက် လှူဒါန်း

ကျေးလက်​မြေ ပရဟိအဖွဲ့ကနေ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကိုဗစ်ကာလမှာ စား ဝတ် နေရေး ခက်ခဲနေတဲ့ မကွေးတိုင်း၊ကြားကန်ကျေးရွာမှ အိမ်ထောင်စုတွေ အစားအသောက် များ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ဒီနေ့ ဇူလိုင် ၂၉ရက်၊မွန်းလွဲပိုင်းမှာ ကျန်ရှိနေသေးတဲ့ ကြာကန်ကျေးရွာ မြောက်ဘက်တဲတိုက်ရှိ အိမ်ထောင်စုတွေကိုလည်း တရုတ်နိုင်ငံရောက် မဝေဝေနဲ့မသန်းသန်းတို့က တစ်အိမ်ထောင်ဆန်လေးပြည်၊ဆီ ငါးဆယ်သား၊ကြက်ဉ ငါးလုံးနဲ့ကွေကာအုပ်တွေ လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။mizzima

မြန်မာအိုင်ဒေါစတားအဆိုတော် ဇော်မင်းဦး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မြန်မာအိုင်ဒေါစတားအဆိုတော် တယောက်ဖြစ်တဲ့ ဇော်မင်းဦးဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် စောလားထော်ဝါးက ခုလိုရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ပါတယ်။

“ကိုဇော်မင်းဦး ငါတို့ကိုထားခဲ့ပြီ… ဟျောင့်….နောက်ပြန်တွေ့မှပဲ သီချင်းတွေ ထပ် ပြိုင်ကြတာပေါ့ကွား… R.I.P”

သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ ဇော်မင်းဦးဟာ မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 1 မှာ မန္တလေးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Top 6 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

တေးသံရှင် မေကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလို ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

“အေးချမ်းစွာ အနားယူပါတော့😭😭။ ညီမတို့ ရင်ထဲမှာ အမြဲအမှတ်ရနေမှာပါ။ ပွဲ ရှိတိုင်း ကိုယ့်ညီမကို အမြဲ သတိရတတ်တဲ့အစ်ကိုကြီး။ #RIP Ko ZMO”

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းက ရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။DVB

သပိတ်ကျင်းမြို့အနီး အင်အားပြင်း မြေငလျင်လှုပ်

မန္တလေးတိုင်း၊  သပိတ်ကျင်းမြို့အနီး အင်အား ရစ်(ခ်)တာစကေး  ၆ ဒသမ ၃ အဆင့်ရှိ အင်အားပြင်းထန်တဲ့  မြေငလျင်တစ်ခု ဇူလိုင် ၂၉ ရက် ဒီနေ့ ညနေပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၃ နာရီ ၉ မိနစ်ကျော်လောက်က ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုကို  မန္တလေးက ဒေသခံတွေ သိရှိခံစားလိုက်ရပြီး ငလျင်ကြောင့်  ထိခိုက် ပျက်စီးသတင်းတွေတော့ လတ်တလောမရရှိသေးပါဘူး။ DVB

ရေဦးမြို့ပေါ်က သက်ကြီးဘိုးဘွားများအတွက် ကြက်ဥအလုံး ၅၀၀၀ ကျော်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အလုပ်အကိုင်တွေ မရှိသလောက်ဖြစ်နေပြီး အိမ်ပြင်ထွက်ဖို့ ပင်ခက်ခဲနေကြတာကြောင့်  ၂၀၀၃-၂၀၀၄ ပညာသင်နှစ် အထက (၁) ကျောင်းသားကျောင်းသူဟောင်းတွေက ကြက်ဥအလုံး ၅၁၀၀  ကုသိုလ်ပြုမျှဝေလှူဒါန်းခဲ့ကြပါတယ်။

ကျောင်းသားဟောင်းတစ်ဦးက “မြို့ပေါ်မှာရှိတဲ့ အငြိမ်းစား ဆရာကြီး ဆရာမကြီးတွေ၊ သက်ကြီး ရွယ်ကြီးတွေနဲ့ မှီခိုရာကင်းမဲ့နေသူတွေကို ပေးဝေဖို့ ကျောင်းသား ကျောင်သူဟောင်းတွေစုပြီး ကုသိုလ်ပြုတာပါ ကျနော်တို့ကိုယ်တိုင် အိမ်အရောက်လိုက်လံ ပေးဝေသွားမှာ” လို ပြောပါတယ်။

ရေးဦးမြို့မှာ ကိုဗစ်ကူးစက်ခံရသူများပြားလာတာကြောင့် မြို့ပေါ်မှာ အသွားအလာ မရှိတော့သလို့ ဈေးဆိုင်တွေအားလုံးလိုလိုလည်း ပိတ်ထားခဲ့ကြတာ တလခန့်ကြာမြင့်ပြီဖြစ်လို့ လက်လုပ်လက်စားတွေအတွက် စာရေးသောက်တာ အခက်အခဲတွေ အများကြီးဖြစ်နေကြတယ်လို့ သိရပါတယ်။DVB

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပရိတ် ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

khit thit

ရေကြီးနေသည့် လှိုင်းဘွဲ့တွင် နာရေးကိစ္စ ခက်ခဲစွာဖြေရှင်းနေရ

ရေဘေးသင့်နေသည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် ကိုဗစ်ဖြင့် သေဆုံးသူများ နေ့စဉ်ရှိနေပြီး လုံခြုံစွာ ဂရုတစိုက်ထုပ်ပိုး၍ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် ပို့ဆောင်သင်္ဂြိုဟ်ပေးနေရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲ့) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“သုဿန်ကို ရောက်ဖို့ကို ခက်ခက်ခဲခဲနဲ့ ပို့ဆောင်ရတာပေါ့။ သွားတဲ့လမ်းမှာ ရေကလည်း ရင်ဘတ်လောက်ရှိတဲ့ အခါကျတော့ လှေနဲ့ပို့ရတာ။ ရုပ်အလောင်းကို ဒီအတိုင်းကြီး ထမ်းသွားလို့ အဆင်မပြေတဲ့အခါကျတော့ လှေနဲ့ပို့ရတာပေါ့”ဟု ၎င်းက ပြောသည်။

ဇူလိုင် ၂၄ မှစ၍ လှိုင်းဘွဲ့မြို့တွင် ရေဘေးသင့်နေခြင်းဖြစ်ပြီး ယမန်နေ့(ဇူလိုင် ၂၈)အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းများကို လှိုင်းဘွဲ့ဆေးရုံမှ သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင်လည်း အထက်ပါနေ့ရက်များအတွင်း လှိုင်းဘွဲ့တွင် သေဆုံးသူ ၆ ဦးရှိကြောင်း ဖော်ပြထားသည်။

“တစ်ရက်ကို ၁ လောင်း၊ ၂ လောင်းကတော့ ပုံမှန်ပို့နေရတယ်”ဟု လှိုင်းဘွဲ့လူမှုရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်၌ နိုင်ငံအနှံ့ ကိုဗစ်ကပ်ရောဂါကို ဆိုးရွာစွာရင်ဆိုင်နေရချိန်တွင် လှိုင်းဘွဲ့မြို့၌လည်း ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ရှားပါးသည့် အခြေအနေကို ဒေသအခြေစိုက် လူမှုရေးအသင်းများရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

လှိုင်းဘွဲ့တွင် စစ်ကောင်စီက ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေရာချထားခြင်း၊ နေရေး၊ ထိုင်ရေး၊ စားရေး သောက်ရေးကိစ္စအချို့တွင်သာ ဝိုင်းဝန်းကူညီနေပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာကိစ္စများတွင်မူ ကိုယ့်အားကိုယ်ကိုး၍ ရုန်းကန်နေရဆဲဖြစ်ကြောင်း လှိုင်းဘွဲ့လူမှုရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ကိုဗစ်မှာတော့ စစ်ကောင်စီအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။

လှိုင်းဘွဲ့တွင် က၊ ဂ၊ ဃ ရပ်ကွက်တို့၌ လှိုင်းဘွဲ့ချောင်းရေလျှံမှုကြောင့် နေအိမ်များမြုပ်သည်အထိ ရေကြီးနေသဖြင့် ကယ်ဆယ်ရေးစခန်း ၃ ခုကို ဖွင့်လှစ်ထားရှိကြောင်း အထက်ပါ လူမှုရေးအသင်းထံမှ သိရသည်။

ရေဘေးသင့် အိမ်ထောင်စုအရေအတွက်နှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနေမှု၊ ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ လှိုင်းဘွဲ့ဒေသတွင်း အခြေအနေများကိုမူ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံနေပြီး မော်လမြိုင်နှင့် မြဝတီတွင် ရေဘေးသင့်သူများ ကိုယ့်အားကိုယ်ကိုးဖြေရှင်းနေရသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ပရဟိတအသင်းနှစ်ခုက Myanmar Now ကို အတည်ပြုထားပြီးဖြစ်သည်။myanmar now

အင်းယားကိုဗစ်စင်တာအတွက် ဆေးဘက်ကျွမ်းကျင်ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများခေါ်ယူ

ရန်ကုန်မြို့က အင်းယားကိုဗစ်စင်တာအတွက် စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ သန့်ရှင်းရေးစေတနာ့ဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီက ခေါ်ယူနေပါတယ်။

အင်းယားစင်တာအနေနဲ့ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလတွင်း ရောဂါဝေဒ နာ ခံစားနေရတဲ့ မိဘပြည်သူတွေကို တတ်စွမ်းသမျှ ကာယအား၊ ဉာဏအားနဲ့ တွန်းလှန်တိုက်ထုတ်နေပြီး ရှေ့တန်းကနေ အတူလက်တွဲတိုက်ပွဲဝင်ကြဖို့  စေတနာ့ဝန်ထမ်းတွေ များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားပါဝင်ကူညီလိုသူတွေအနေနဲ့ အင်းယားကိုဗစ်စင်တာ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၊ ဒါမှမဟုတ် အီးမေးလ်လိပ်စာ inyacentrevolunteer@gmail.com တို့ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ခိုင်းစေဖို့ လိုအပ်ချက်အရ တစ်ဖက်မှာ ဖိတ်ခေါ်နေသလို တဖက်မှာလည်း ကျန်းမာ ရေးလုပ်သားတွေနဲ့ စေတနာ့၀န်ထမ်းတွေအပေါ် ဖမ်းဆီး နှိမ်နင်းဖြိုခွင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင် ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

ခုလိုသာ ဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု နှုန်းဟာ  ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေတယ်လို့ CDM လှုပ်ရှားမှုကိုထောက်ခံတဲ့ ဆရာဝန် တွေက ဝေဖန်တာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားစစ်အာဏာ သိမ်းထားတဲ့ ကာလဟာ ၆ လနီးပါးရှိလာခဲ့ပြီဖြစ်ကာ ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှု တွေနဲ့အတူ ထိန်းချုပ်မရနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းကာ လတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့အတူ ဟန်ချက်ညီညီနဲ့ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုလျော့ကျစေရေးအတွက် အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၅,၀၀၀ နီးပါး နဲ့ စုစုပေါင်းကူးစက်ခံရသူ ၂ သိန်း ၈ သောင်းကျော်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်ညက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီထုတ်ပြန်တဲ့ ကိုဗစ်ပိုးစစ်ဆေးမှုနဲ့ တွေ့ရှိတဲ့နှုန်း ပမာဏဟာ မြေပြင်မှာ အမှန်တကယ်သေဆုံးတဲ့ စာရင်းထက် အဆမတန်နည်းပါးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ 

မိသားစုတိုင်း ဆွေမျိုးအသိုင်းအဝိုင်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ရှိနေပြီး လက်၇ှိ မြန်မာနိုင်ငံမှာ လူငါးယောက်မှာ တစ်ယောက်နှုန်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အထိ ကူးစက် နှုန်းတွေ မြင့်တက်နေတယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။DVB

ဓာတ်ငွေ့ပိုက်လိုင်းတွင် ရင်းနှီးမြှုပ်နှံထားသူများ အကျိုးအမြတ်ကြီးစွာရနေ

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ဓာတ်ငွေ့ပို့ဆောင်ရေးပိုက်လိုင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပကုမ္ပဏီများ အကျိုးအမြတ်ကြီးစွာ ရရှိနေသည်။ 

Myanmar Now က ရရှိထားသည့် ကော်ပိုရိတ်မှတ်တမ်းများအရ ထိုင်းနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ပေးနေသည့် ပိုက်လိုင်းများတွင် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်စာအမြတ်ဝေစု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံ ရရှိခဲ့သည်။

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှာမူ ဒေါ်လာ ၁၆၈ သန်းသာ ရရှိခဲ့သည်။ 

ပိုက်လိုင်းကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် MOGE အပါအဝင် သက်ဆိုင်ရာ ရေနံကုမ္ပဏီများမှတစ်ဆင့် အကျိုးအမြတ်ရရှိခြင်းဖြစ်သည်။ 

အကျိုးအမြတ်ကြီးကြီးမားမား ရရှိနေကြခြင်းမှာ ပိုက်လိုင်းတွင် ရင်းနှီးမြှုပ်နှံထားသူများက တင်ပို့ခ မြှင့်တင်ထားသောကြောင့်ဖြစ်ပြီး ထိုသို့ သဘာဝဓာတ်ငွေ့ပို့ဆောင်ခဈေးနှုန်းများလေ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းလေပင်ဖြစ်သည်။ 

သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို စစ်အုပ်ချုပ်ရေးအောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အချို့ပိုက်လိုင်းများမှ ၁၉၉၇ ခုနှစ်မှစတင်ကာ ၁၇ နှစ်ခန့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုသို့သော အခြေခံအဆောက်အအုံများတည်ဆောက်ရန် ငွေကြေးအနည်းငယ်သာ တတ်နိုင်သော အချိန်အခါဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံစေခဲ့ရပြီး အပြန်အလှန်အားဖြင့် အကျိုးအမြတ်များများရနိုင်သော ရှယ်ယာဝေစုများများ ပေးခဲ့ရသည်။ 

ယခုအခါ ထိုပြည်ပကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏနှင့် ညီမျှအောင် ငွေကြေးအမြောက်အများ သဲ့ယူလျက်ရှိကြသည်ကို ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရှိရသည်။  

ထိုအကျိုးအမြတ်ပမာဏကို ကြည့်ခြင်းအားဖြင့် ထိုပြည်ပကုမ္ပဏီကြီးများသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များအတွက် လုပ်ကိုင်ပေးနေသည်လား၊ မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးနေသည်လား ဆိုသည်မှာ မေးစရာဖြစ်လာသည်။ 

ပိုက်လိုင်းကုမ္ပဏီများ ရရှိသည့် အကျိုးအမြတ်ဝေစုသည် တရုတ်၊ ထိုင်းနှင့် မလေးရှား အစိုးရများက အပြည့်အဝထိန်းချုပ်ထားသည့် ရေနံကုမ္ပဏီကြီးများလက်ဝယ်တွင် အဆုံးသတ်သည်သာဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း မြန်မာနိုင်ငံရှိ ပိုက်လိုင်းစီမံကိန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း ပမာဏအနည်းငယ်စီ ရင်းနှီးမြှုပ်နှံထားကြသည်။

မြန်မာ့စီးပွားရေးကို ထိခိုက်စေသော အကျိုးအမြတ်ခွဲဝေမှုပုံစံအားဖြင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို လည်ပတ်လုပ်ကိုင်လျက်ရှိသည်။

အောက်ပါအချက်အလက်များမှာ ပိုက်လိုင်းပိုင်ရှင်ကုမ္ပဏီသုံးခုနှင့် အကျိုးအမြတ်အသေးစိတ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်စာကိန်းဂဏန်းများဖြစ်ပြီး SEAGP ကုမ္ပဏီအတွက်မူ ၂၀၁၉ ခုနှစ် မတ်လအထိ ဖြစ်သည်။ 

ပေါက်ကြားလာသော စာရင်းအင်းများအရ ရဲတံခွန်စီမံကိန်းမှနေ၍ ထိုင်းနိုင်ငံသို့ သဘာဓာတ်ငွေ့တင်ပို့နေသော တနင်္သာရီပိုက်လိုင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၇ မှ ၂၀၁၉ အထိ ရရှိထားသည့် အခွန်မဆောင်မီ အမြတ်ဝေစုပမာဏမှာ ၇၆ ရာခိုင်နှုန်းအထိ ရှိသည်။

MOGE အနေဖြင့် ထိုပိုက်လိုင်းစီမံကိန်းတွင် ၂၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး ကျန်ပမာဏအားလုံးကို မလေးရှားနိုင်ငံပိုင် Petronas ရေနံကုမ္ပဏီကြီး၊ ဂျပန်နိုင်ငံမှ Nippon ရေနံရှာဖွေရေးကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ PTTEP တို့က ပိုင်ဆိုင်ထားသည်။ 

ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Distributed Denial of Secrets က ရရှိထားသည့် မှတ်တမ်းများအရ ဤအကျိုးအမြတ်ဆိုင်ရာ ကိန်းဂဏန်းများကို သိရှိရခြင်းဖြစ်သည်။

ပြင်သစ်ရေနံကုမ္ပဏီကြီး Total လုပ်ကိုင်လျက်ရှိသည့် ရတနာစီမံကိန်းမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့သော ပိုက်လိုင်းမှနေ၍ ၂၀၁၉ ခုနှစ်အထိ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ ဘီလျံ ရရှိခဲ့ပြီးပိုက်လိုင်းလည်ပတ်မှုကုန်ကျစရိတ်မှာ ဒေါ်လာ ၂၂ ဒသမ ၃ သန်းသာရှိကြောင်း ဗြိတိန်အခြေစိုက် စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုဖြစ်သော Finance Uncovered နှင့် ပူးတွဲ၍ လုပ်ကိုင်ပြီးနောက် Justice For Myanmar အဖွဲ့က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့မှနေ၍ ဝင်ငွေအနည်းငယ်သာ ရရှိနေသည်ကို အထက်ပါ သဘာဝဓာတ်ငွေ့တင်ပို့သည့် လုပ်ငန်းမှရရှိသည့် ကြီးစွာသော အကျိုးအမြတ်ပမာဏများက ညွှန်ပြလျက်ရှိသည်။ myanmar now

ရေးဝေးသုသာန်တွင် ရုပ်အလောင်းသင်္ဂြိုလ်ရန် စောင့်ဆိုင်းနေသော ပရဟိတအဖွဲ့များအား လူငယ်များဦးဆောင်ကာ အစားအသောက်များ လှူဒါန်း

khit thit

« Older Entries