Monthly Archives: Aug 2021

KA၊ KNDF ပူးပေါင်းတပ်နှင့် တိုက်ပွဲလေးကြိမ်အတွင်း စစ်အုပ်စုတပ်သား ၁၁ ဦး သေဆုံးဟု KNDF ထုတ်ပြန်

KA၊ KNDF ပူးပေါင်းတပ်နှင့် စစ်အုပ်စုတပ်တို့ ယနေ့ သြဂုတ်လ ၃ ရက်တွင် ဖြစ်ပွားသော တိုက်ပွဲလေးကြိမ်အတွင်း စစ်အုပ်စုဘက်က ၁၁ ဦး သေဆုံး၊ ၂ဝ ဦးထက်မနည်း ဒဏ်ရာရကာ ကားသုံးစီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့က ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးနှင့် ဖရူးဆိုမြို့နယ်၊ ထားလဲကျေးရွာ၊ မားခရောရှေ့ကျေးရွာတို့တွင် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KA၊ KNDF ပူးပေါင်းတပ်နှင့် စစ်အုပ်စုတပ်တို့သည် ဖရူးဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် သြဂုတ်လ ၃ ရက် တစ်ရက်တာအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ခြင်းဖြစ်ပြီး KA၊ KNDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုရှိ၊ မရှိကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။

အကြမ်းဖက်စစ်ကောင်စီတပ်များက ၎င်းတို့ထိုးစစ်ဆင်လာသော ဘောလခဲမြို့နယ်အတွင်းရှိ နန်းဖဲကျေးရွာတွင် ပြည်သူများကို အကြမ်းဖက်ရိုက်နှက်၊ ခြိမ်းခြောက်၊ ပစ္စည်းများကို ဖျက်စီး၊ ငွေသားများကို ဓားပြတိုက်ယူခြင်း စသည့် ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျက်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဆိုသည်။

စစ်ကောင်စီတပ်များက ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူးဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် အကြမ်းဖက်ထိုးစစ်ဆင်ကာ အင်အားဖြည့်တင်းလျက်ရှိရာ ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့အနေဖြင့် ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ထားသည်။mizzima

စမ်းချောင်းမြို့နယ်မှ သံပုံးတီးသူတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရန်ကုန်၊ စမ်းချောင်းမြို့နယ် လမ်းတချို့တွင် ယမန်နေ့ (ဩဂုတ် ၂) ညက  သံပုံးတီးနေကြစဉ် စစ်ကောင်စီတပ်က တစ်လမ်းဝင်တစ်လမ်းထွက် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အနည်းဆုံး ၁၅ ဦး အဖမ်းခံရကြောင်း ၎င်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။

အမျိုးသမီး ၃ ဦးကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဆက်လက်ဖမ်းဆီးထားသည်ဟု ဆိုသည်။

သံတံတားလမ်းအတွင်း စစ်သားနှင့် ရဲအင်အား ၁၀၀ ခန့်က စစ်ကားနှစ်စီး၊ အိမ်စီးကားသုံးစီးဖြင့် ရောက်လာကြောင်း မျက်မြင်တွေ့သူကို ကိုးကား၍ အဆိုပါလမ်းအနီးတွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။

“သံပုံးတီးတဲ့အိမ်တွေပဲ ဝင်ဖမ်းတာ။ ပထမ (ဖမ်းမိတဲ့) ကောင်လေးနှစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ရိုက်နှက်ပြီး သံပုံးတီးခိုင်းတယ်။ ပြီးတော့ တိုက်တွေတိုင်းကို ခေါင်းလောင်းကြိုးဆွဲပြီး တံခါးဖွင့်ခိုင်းတယ်။ ဖွင့်မပေးတဲ့အိမ်ဆို ရာဘာကျည်နဲ့ပစ်ပြီး ဖွင့်ခိုင်းတာ” ဟု ထိုလူငယ်က ပြောသည်။

“အသက်အပိုပါရင် ထွက်ကြည့်” ဟု စစ်သားများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ည ၉ နာရီခန့်တွင် သံတံတားလမ်းမှ ပြန်ထွက်သွားကြောင်း ကပ်လျက်လမ်းတွင် နေထိုင်သည့် ထိုလူငယ်က ၎င်းကြားရပုံကို ပြောပြသည်။

သံတံတားလမ်းနေ လူငယ်တစ်ဦးကလည်း သံပုံးတီးနေသံ ကြားရသည်ဟု ဆိုသည်။ 

“(အပြင်) ထွက်ကြည့်လို့မရပေမယ့် အနည်းဆုံးလူနှစ်ယောက် သံပုံးအဆက်မပြတ်တီးနေသံ ကြားရတယ်။ အနည်းဆုံး နာရီဝက်လောက်ကြာတယ်” ဟု ထိုအမျိုးသားတစ်ဦးက ပြောသည်။

သံတံတားလမ်းတွင် ည ၈ နာရီတိုင်း နေ့တိုင်းလိုလို သံပုံးတီးလေ့ရှိပြီး သံပုံးတီးနေချိန် ချက်ချင်းဝင်ရောက်ဖမ်းဆီးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စစ်ကောင်စီတပ်သားများက ဇလွန်လမ်း၊ အင်္ဂပူလမ်း၊ မကြီးကြီးလမ်း၊ ဦးရွှေမှန်လမ်းနှင့် မင်းလမ်းတို့တွင်ပါ တစ်လမ်းဝင်တစ်လမ်းထွက် ည တစ်နာရီခန့်အထိ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။  

အင်္ဂပူလမ်းတွင်မူ ည ၁၁ နာရီခွဲအချိန် စစ်တပ်နှင့်ရဲ ရောက်လာပြီး နေအိမ်တစ်လုံးကို တံခါးရိုက်ဖွင့်ကာ အရပ်သားတစ်ဦးကို ဖမ်းဆီးသွားကြောင်း အဆိုပါလမ်းတွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“အဓိက သံပုံးတီးတယ်လို့ပဲ ထင်တာပဲ။ သူတို့ (စစ်တပ်) ကတော့ အဲဒီလိုပဲ အကြောင်းပြသွားတာပဲ။ ဒါပေမယ့် ရေရေရာရာတော့ မရှိဘူး။ ဧည့်စာရင်းမတိုင်တာကိုလည်း ပြောသွားတယ်။ အပြင်လည်း ထွက်လို့မရဘူး။ သူတို့က (တိုက်)အပေါ်ကို လိုက်ကြည့်နေတော့ တက်ဖမ်းမှာစိုးလို့ အကုန်လုံး မထွက်ရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။

သံပုံးတီးသည့်နည်းဖြင့် စစ်ကောင်စီကို အံတုကြသည့် သံတံတားလမ်းတွင် ဇွန် ၁၇ က စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရသွားခဲ့သည်။

သံပုံးတီးသူဟု ယူဆရသူတို့ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မရနိုင်သေးသလို Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ 

စစ်ကောင်စီသည် ယခင်ကလည်း သံပုံးတီးသူတချို့ကို ဖမ်းဆီးပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၇ ရက်စီ ချမှတ်ခဲ့ဖူးသည်။ လူနေထူထပ်သည့် ရန်ကုန်တွင် ရပ်ကွက်တိုင်းလိုလို သံပုံးတီးသည့်နည်းဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်အံတုကြသော်လည်း စစ်သား၊ ရဲတို့၏ ပစ်ခတ်တုံ့ပြန်မှုများ ဆက်တိုက်ကြုံလာရသဖြင့် ထိုလှုပ်ရှားမှု အားနည်းသွားသည်။

ပြည်သူလူထုကို ရန်ပြုနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့နယ်အများအပြားတွင် လက်နက်ကိုင်လှုပ်ရှားလျက်ရှိသည်။

ယနေ့ (ဩဂုတ် ၃) မွန်းလွဲပိုင်းတွင်လည်း လှိုင်မြို့နယ် ၇ ရပ်ကွက်သို့ စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင်များက အငှားယာဉ်သုံးစီးနှင့် ဆိုင်ကယ်များဖြင့် ရောက်လာကြောင်း၊ နေအိမ်အများအပြားကို ၀င်ရောက်ရှာဖွေခဲ့သော်လည်း  ဖမ်းဆီးခံရသူမရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။myanmar now

လွိုင်ကော် စည်ပင်ရုံးအတွင်း ဗုံးပေါက်ကွဲ

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာရှိတဲ့ မြို့နယ်စည်ပင်ရုံးအတွင်း ဒီကနေ့ ဩဂုတ်လ ၃ ရက်ည ၇နာရီခွဲ အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။”စည်ပင်ရုံးထဲ ဗုံးပေါက်တာ၊ သွပ်တွေတော့ လန်ကုန်တယ်၊ အသံက အကျယ်ကြီးပဲ ကြားရတယ် ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

လွိုင်ကော်မြို့မှာ အာဏာသိမ်းပြီးနောက် ပေါက်ကွဲမှုတွေ မကြာခနဖြစ်ခဲ့ပြီး အခုပေါက်ကွဲမှုမှာ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲပြီး စစ်ကောင်စီဖက်က ၁၁ ဦးကျဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရ ရရှိခဲ့တယ်လို့လည်း KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော် (KA) နှင့် KNDF ပူပေါင်းအဖွဲ့တို့က ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ကိုလည်း KNDF က သတိပေးထားပါတယ်။mizzima

ဇူလိုင်အတွင်း ဖာပွန်ဒေသ၌ စစ်ကောင်စီတပ်မှ ၆၅ ဦး သေဆုံး

ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးသူ ၆၅ ဦးရှိပြီး တပ်ရင်းမှူးတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၀၁ ဦးရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သတင်းပြန်ကြားရေးဌာနဖြစ်သော Thoolei News အွန်လိုင်းစာမျက်နှာတွင် ယမန်နေ့ (ဩဂုတ် ၂) က ဖော်ပြထားသည်။ 

KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ထိတွေ့တိုက်ပွဲ ၁၃၃ ကြိမ် ဖြစ်ပွားရာမှ စစ်ကောင်စီက ထိုသို့ အထိနာခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း အရပ်သား ၄ ဦး မိုင်းထိခဲ့ပြီး လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားနေထိုင်ရာသို့ လက်နက်ကြီးကျည် ၂၅ လုံးခန့် ကျခဲ့ကြောင်း KNLA တပ်မဟာ (၅) ရုံးဘက်မှ သတင်းကို ကိုးကားဖော်ပြထားသည်။ 

ထိုသို့ ဇူလိုင်လအတွင်း စစ်တပ်ဘက်မှ ကူညီတိုက်ခိုက်ပေးနေသော ကရင်နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၂ ဦး လက်နက်ချခဲ့ကြောင်း၊ လက်နက်ငယ် ၄ လက် သိမ်းဆည်းရမိကြောင်း၊ KNLA ဘက်မှ  ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။  

စစ်ကောင်စီတပ်က ဒေသခံတို့၏ ပစ္စည်းဥစ္စာများနှင့် ကျွဲ၊နွား တိရိစ္ဆာန်များကို လုယက်ခဲ့သည်ဟု ဆိုသည်။

KNU ၏ သတင်းဌာန ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ 

KNU စစ်သည်များတွင် နယ်မြေကျွမ်းကျင်ခြင်း၊ ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်း၊ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း စသည့်အားသာချက်များ ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ အထိ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၂၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ တပ်ရင်းမှူးတစ်ဦး ဒဏ်ရာရခဲ့သည်။ 

တပ်မဟာ(၁) နယ်မြေ သထုံခရိုင် (ဒူးသထူ)တွင် ညောင်ကုန်းရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၄၀၉) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ကုန်းရွာသားတစ်ဦး ဒဏ်ရာရခဲ့သည်။ 

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၊ ကယား (ကရင်နီ) ပြည်နယ်တွင် ကရင်နီတပ်မတော် (KA)၊ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ 

ထိုသို့ ဖြစ်ပွားနေသော်လည်း ဩဂုတ် ၁ မှ စက်တင်ဘာ ၃၀ အထိ စစ်ရေးလှုပ်ရှားမှုများ နှစ်လရပ်တန့်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၃၁ ၌ ထုတ်ပြန်ထားသည်။ 

အပစ်ရပ်ကြေညာလိုက်ချိန်တွင်ပင် တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလှုပ်ရှားမှု တိုးမြှင့်နေသကဲ့သို့  အာဏာသိမ်းစစ်ကောင်စီ၏ နှိပ်ကွပ်မှုကို လက်နက်ကိုင်ခုခံနေသည့် အရပ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းရာဒေသများကိုလည်း ဆက်တိုက်တပ်ဖြန့်ကာ ဖိနှိပ်နေသည်။myanmar now

ဝိုင်းမော်တွင် တိုက်ပွဲဖြစ်

ဝိုင်းမော်တွင် ယခုရက်ပိုင်း မကြာခဏ တိုက်ပွဲဖြစ်နေပြီး ယနေ့ညတွင်လည်း ည၇ နာရီခန့်ကစ၍ တိုက်ပွဲ အပြင်းအထန်ဖြစ်နေသည်ဟု ဒေသ ခံများကပြောသည်။

KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဝိုင်းမော်မြို့ ရှိ စစ်ကောင်စီ၏ ခလရ (၅၈)ကို လာရောက်ပစ်ခတ်ရာမှ စစ်ကောင်စီက လက်နက်ကြီးဖြစ် ပြန်ပစ်နေသည်ဟု ဒေသခံများကပြောသည်။

” လက်နက်ကြီးသံ အချက် ၄၀ ကျော်ပြီ။ အိမ်တွေတောင်တုန်တယ်” ဟု ယနေ့ည ၈ နာရီ ၃၀ မိနစ်အခြေအနေကို ဝိုင်းမော်မြို့ရပ်ကွက်(၁)တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဝိုင်းမော်ဒေသ တိုက်ပွဲများသည် KIA ကPDF လူငယ်များအား ဦးဆောင်ကာ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေခြင်းဟု ဒေသတွင်း သ တင်းရင်းမြစ်များကပြောသည်။

” ကျွန်တော် ဒီမှာ ၁၉၉၀ ကတည်းကနေလာတာ။ တပ်စခန်းကို သွားပစ်တယ်ဆိုတာ မရှိဘူး။ အခုကတော့ ရဲရဲတင်းတင်းကို ချနေကြတာ” ဟု ဒေသခံတစ်ဦးကပြောသည်။mizzima

ပေါင်မြို့နယ် ဆင်ရွာရှိ မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရှိ မော်လမြိုင်တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ နန်းစန္ဒာဝင်းနှင့် နန်းဆုပိုင်ဖူးတို့ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီမှ သြဂုတ်လ ၃ ရက် ယနေ့ ညနေ ၆ နာရီခန့်တွင် နေအိမ်တွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“သူတို့ ၂ ယောက်က သူငယ်ချင်းတွေ တစ်ယောက်က ရွာတောင်ပိုင်းမှာနေတယ်၊ တစ်ယောက်က ရွာမြောက်ပိုင်းက အဲဒါ ညနေ ၆ နာရီလောက်မှာ ရဲကား ၃ စီးနဲ့ လာဖမ်းတာ၊ သူတို့အိမ်တွေမှာ ဝင်ဖမ်းသွားတာ၊ ဇင်းကျိုက်ရဲစခန်းကို ခေါ်သွားတယ်လို့သိရတယ်၊ ဘာကြောင့် ဖမ်းတာလဲဆိုတာ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။khit thit

လွိုင်ကော်ကနေ ဘောလခဲမြို့ကို ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့ကနေ ဘောလခဲမြို့ကို ဦးတည်ပြီးချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ထန်လျက်အကျော် ကျွန်းပင်ကုန်းမှာ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၃ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ကား ၁၀ စီးခန့်နဲ့ ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။”တိုက်ပွဲဖြစ်တာတော့မှန်တယ်။မနက် ၁၁ နာရီမထိုးခင်မှာပစ်ကြတယ်၊ ဒီရက် စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)အကြားတိုက်ပွဲ နှစ်ခါဖြစ်ပွားတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)အကြား ထန်းလျက်အကျော် ကျွန်းပင်ကုန်းမှာပစ်တယ်” လို့ ဒေသခံ ကဆိုပါတယ်။ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တိုတွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဖက်က ၁၁ ဦးကျဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရ ရရှိခဲ့တယ်လို့လည်း KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေက ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအတွင်းရှိ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ပြီး ပစ္စည်းနှင့်ငွေကြေးများ လုယူသွားခဲ့ပါတယ်။အကြမ်းဖက် စစ်ကောင်စီတပ်တွေက ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖရှုဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်လျက်ရှိပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော် (KA) နှင့် KNDF ပူပေါင်းအဖွဲ့တို့က ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ KNDF သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။mizzima

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းပြည် အာဏာလုယူခဲ့သည့် ၆လအတွင်း ဘာ သာပေါင်းစုံ စိတ်အားညှိုးငယ်ရကြောင်း သံဃသမဂ္ဂ ဆရာတော်များ မိန့်ကြား

khit thit

မြစ်ကြီးနားနှင့် ဝိုင်းမော်တွင် လက်နက်ကြီးငယ်သံများ အဆက်မပြတ်ထွက်ပေါ်

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးငယ်အသံများ တခြိမ်းခြိမ်းထွက်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြောက် ကျားတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ည ၇ နာရီကျော်လောက်ကတည်းက မြစ်ကြီးနားမြို့တွင်းမှာတော့ ပေါက်ကွဲသံများ ထွက်ပေါ်နေသည့်အပြင် ဝိုင်းမော်မြို့၊မဒိန့်ကျေး ရွာနားက စစ်ကောင်စီခြေလျင်တပ်ရင်း (၅၈)အနီးတစ်ဝိုက်လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရသည်ဟု သိရသည်။

အဆိုပါ (၅၈) တပ်ရင်းကို KIA က သြဂုတ်လ ၁ရက်နေ့ကတည်း စတင် တိုက်ခိုက်နေတာဖြစ်ပြီး၊ ယင်းစစ်ကောင်စီတပ်ရင်းမှ စခန်းကင်းမှူး နှစ်ဦးသေဆုံးပြီး ၃၀ ဦးခန့်ဒဏ်ရာရရှိသည့်အပြင် ခဲ ယမ်းလက်နက်တချို့ကို KIA က သိမ်းယူသွားခဲ့သည်။

ထိုတပ်ရင်း (၅၈) ကိုပင် KIA က ယနေ့ နံနက် ၂ နာရီကျော်လောက်အထိ တစ်ခါထပ်မံတိုက်ခိုက်ခဲ့ပြီး ယခုညမှာလည်း တိုက်စစ်ဆင်နေခြင်းဖြစ်သည်။mizzima

« Older Entries