ပုလဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူပိုင် နေအိမ်များကို မီးရှို့





နတ်ထိပ် တောင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဝင်မွှေပြီး နေအိမ်ငါးအိမ်မီးရှို့လိုက်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit
နတ်ထိပ် တောင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဝင်မွှေပြီး နေအိမ်ငါးအိမ်မီးရှို့လိုက်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit
မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲအိမ်ကျေးရွာနှင့် ကတိုက်ကျေးရွာလမ်းဆုံရှိ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ မြို့နယ်ရုံးကို အကြမ်း ဖက်စစ်ကောင်စီမှ သြဂုတ်လ ၁၁ ရက် ညနေပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး KNU တပ်သား စောမျိုးစံနှင့် ရဲမေ ခင်သိမ့်သိမ့် တို့ ၂ ဦးနှင့် အနီး အနားကျေးရွာရှိ ရွာသား ၁၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၁၁ ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားသည့် တပ်မဟာ ၁ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောပလေ့ စျာပနကို အဆိုပါရုံးမှ KNU တပ်ဖွဲ့ဝင်များ သွားရောက်နေစဉ် အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး KNU မှ ၃ ဦး ထွက်ပြေးလွတ်မြောက်ကာ ၂ ဦး ဖမ်းခံခဲ့ရသည်ဟု တပ်မဟာ ၁ တပ်မှူး ၁ ဦးကို ကိုးကားပြီး Salween Press တွင် ဖော်ပြသည်။
“စစ်ကောင်စီက အဲဒီနေရာမှာ အခြေချဖို့ အစီအစဉ်ရှိလို့ အခုလို လုပ်တာဖြစ်တယ်၊ တပ်မဟာဖက်ကတော့ အရင်လို ပြန်လည်တိုက်ခိုက်သွားဖို့ ရှိပါတယ်၊ အခြေအနေက ကိုယ့်ဖက်က ပြင်ဆင်ရမယ့် အပိုင်းတော့ လုပ်ရမယ်” ဟု တပ်မဟာ ၁ တပ်မှူးမှ Salween Press သို့ ပြောသည်။
ဖမ်းဆီးခံရသည့် KNU တပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် ၁၄ ဦးကို မုတ္တမရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ပေါင်မြို့နယ်ဒေသသတင်းရင် းမြစ်ထံမှ သိရသည်။စစ်ကောင်စီမှ အဆိုပါ ရုံးသို့ဝင်ရောက်စီးနင်းပြီး AK သေနတ် ၁ လက်၊ M-16 ၂ လက်၊ 34 ၁ ကလ၊ 9MM ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၁၈၀၊ ဆိုင်ကယ် ၂ စီး၊ ကား ၂ စီးနှင့် ငွေကျပ် ၁၄ သိန်း ကို သိမ်းယူသွားခဲ့ကြောင်း သတင်းရရှိသည်။khit thit
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဩဂုတ် ၁၄ ရက် ညနေ ၅ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့ဖြစ်စဉ် တစ်ခုဖြစ်ခဲ့ပါတယ်။
ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက လာရောက်ပစ်တာဖြစ်ကာ ဗုံးပေါက်ပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ကိုင်အဖွဲ့တွေ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ညောင်ကွဲရပ်နေသူ တစ်ဦးက “ဗုံးပေါက်သံလို အသံကျယ်ကြီးတော့ ကြားလိုက်ရတယ်။ ကမ်းနားလမ်း အုပ်ချုပ်ရေးမှူးရုံးဘက်ကပဲ။ အနီးအနားမေးကြည့်တော့ လက်လုပ်ဗုံးနဲ့ လာပစ်သွားတာလို့ပြောတယ်။” လို့ ပြောပါတယ်။
လက်လုပ်ဗုံးနဲ့ ပစ်ခံရပေမယ့် လူထိခိုက်မှုမရှိဘဲ အုပ်ချုပ်ရေးမှူးရုံးနား ရပ်ထားတဲ့ မြေသယ်ကား တစ်စီးရဲ့ ကားမှန်ထိခိုက်ပြီး မှန်ကွဲခဲ့တယ်လို့ သိရပါတယ်။DVB
khit thit
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းကျေးရွာအနီး “စိုး”စက်သုံးဆီဆိုင် အနောက်ဘက်နားမှာ သြဂုတ် ၁၄ ရက် ဒီနေ့လယ် ၂ နာရီခွဲလောက်က ကနီမြို့နယ်ဘက်က ပြန်လာတဲ့ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ အချက်ရေ ၃၀ ကျော်လောက် ပစ်ဖောက်ခဲ့တယ်လို့ ကွေ့ချောင်းအနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကွေ့ချောင်းကျေးရွာထဲမှာလည်း စစ်တပ်က ဝင်ရောက် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပြည်သူတစ်ဦး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်အင်အား ၃၀ ဝန်းကျင်လောက်ဟာ ကနီနယ်ဘက်ကနေ မုံရွာဘက်ကို ပြန်လာရာမှာ ကားပေါ်ကနေဆင်းပြီး လမ်းလျှောက်သွားနေစဉ် မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။DVB
မန္တလေးမြို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များပါ ထားရှိရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို တိုင်းသံဃာ့မဟာနယကအဖွဲ့က သဘောတူလိုက်ကြောင်း မြို့ခံရဟန်းသံဃာအချို့ထံမှ သိရသည်။
ဩဂုတ် ၁၃ က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ဆေးရေးဂိတ်တစ်ခုလျှင် သံဃာအပါး ၃၀ အထိ စောင့်ဆိုင်းပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ရာ ဂိတ်တစ်ခုလျှင် သံဃာသုံးပါးသာ ချထားပေးရန် မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့က သဘောတူခဲ့သည်ဟု ဆိုသည်။
မန္တလေးမြို့တွင်း ငါးမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များ ပါဝင်စောင့်ဆိုင်းပေးရန်ဆိုသော်လည်း မည်သို့သော စစ်ရေးဂိတ်မျိုးဖြစ်သည်ကို မသိရပေ။
“နိုင်ငံရေးအသိနည်းလို့ မဘသ( အမျိုးဘာသာသာသနာ) လှိုင်းမိနေတဲ့ ဘုန်းကြီးတွေကို ချသုံးတာပဲ။ ပါကုန်ရင်တော့ သာသနာအသိုက်အဝန်းလည်း အတော်ထိခိုက်ကုန်တော့မယ်။ မဟန (သံဃာ့မဟာနာယက) ခေါင်းဆောင်များ ဒီလိုဆုံးဖြတ်တာ ဆိုးဝါးလှတယ်”ဟု တိုင်းသံဃာ့မဟာနယကအဖွဲ့နှင့် နီးစပ်သည့် မန္တလေးမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရနိုင်ခြေကို ဟန့်တားလိုခြင်း၊ တိုက်ခိုက်ခံရပါက သံဃာတော်များထိခိုက်မှုရှိလာလျှင် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမည်ဖျက်ရလွယ်ကူခြင်း၊ ဘုန်းကြီးအတုအယောင်များကို သုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် စစ်ကောင်စီက ထိုသို့ စီမံခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့မှ အခြားသံဃာတစ်ပါးက ဆိုသည်။
သံဃာတော်များကို အသုံးချရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုသည် ဘာသာ၊ သာသနာကို ခုတုံးလုပ်ခြင်းသာဖြစ်ပြီး ဂိတ်စောင့်ရမည့်အလုပ်မှာ သံဃာ့ကိစ္စမဟုတ်၍ ငြင်းဆန်ကြရန် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က တိုက်တွန်းသည်။
“သူတို့(စစ်ကောင်စီ)က ဂိတ်မှာစောင့်တာကို လက်ခံလိုက်တဲ့အတွက်ကြောင့် ပဋိပက္ခတွေဖြစ်လာရင် PDF တွေကို လွှဲချမယ်။ ပြည်သူဘက်ကို လွှဲချမယ်။ သံဃာနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ရန်တိုက်တာပဲ။ ဒါကို လက်ခံလိုက်တဲ့ ဘုန်းကြီးတွေဟာ နိုင်ငံရဲ့ သစ္စာဖောက်ဖြစ်ပါတယ်”ဟု ဆရာတော် မင်းသုညက မိန့်သည်။
ရွှေညဝါဆရာတော်၊ မြဝတီမင်းကြီးဆရာတော်၊ ဦးသောဘိတ (အလင်္ကာကြယ်)တို့အပါဝင် စုစုပေါင်း သံဃာ အပါး ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားချိန်တွင် ၎င်းတို့၏ လုံခြုံရေးအတွက် သံဃာတော်များကို သုံးခြင်းသည် ဘာသာ၊ သာသနာကို စော်ကားခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ဆက်မိန့်သည်။
မန္တလေးမြို့တွင် သတင်းသုံးနေသည့် နောက်ထပ် သံဃာတော်တစ်ပါးကလည်း စစ်ကောင်စီခြေလှမ်းသည် သံဃာချင်း ထိန်းချုပ်ရန် ရည်ရွယ်ပုံရသည်ဟု Facebook တွင် ရေးသားထားသည်။
“ရည်ရွယ်ချက်ရှိရှိနဲ့ စစ်အုပ်စုက အရှင်ဘုရားတို့ ဘုန်းကြီးအချင်းချင်းသာ ထိန်းပေးပါဆိုတဲ့သဘောနဲ့ တိုက်ပေးလာတယ်လို့ ပြောရမှာပါ။ အချင်းချင်းတိုက်ပေးတာဖြစ်တယ်။ ဘုန်းကြီးနဲ့ ပြည်သူ တိုက်ပေးတာဖြစ်တယ်”ဟု အထက်ပါ ဆရာတော်က ရေးသားထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန္ဒပြနေသည့် မန္တလေးမြို့ခံသံဃာများကို ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ပင် ဖမ်းဆီးနေပြီး စစ်ကြောရေးစခန်းသို့ ရောက်သွားသည့် ဆရာတော်များမှာ ဝိနည်းနှင့်အညီ သီတင်းသုံး၊ ဆွမ်းဘုဉ်းပေးနိုင်ရေး ဒုက္ခကိုသာမက ရိုက်နှက်နှိပ်စက်ခံရသည်အထိ ဖြစ်နေရသည်။myanmar now
ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၁၄ ရက် ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က ၈ ရပ်ကွက်မှာရှိတဲ့ ရုပ်ရှင်ရုံနားက အမှိုက်ကန်မှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။
ရွှေပြည်သာရုပ်ရှင်ရုံထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတာဖြစ်ပြီး ဗုံးကွဲမှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ အဆိုပါရုပ်ရှင်ရုံ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
“တပ်စွဲထားတာ ကြာပြီ။ ပေါက်ကွဲတာကြောင့်ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိပါဘူး။ အဲ့ရုပ်ရှင်ရုံရဲ့ ပတ်ပတ်လည်မှာ စစ် (—) တွေ ဘန်ကာဆောက်ပြီး ၂၄ နာရီ ကင်းရှိပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီမနက်အစောပိုင်း ၂ နာရီလောက်ကလည်း ရွှေပြည်သာမြို့နယ်က ရပ်ကွက်တခုမှာ စစ်ကားနဲ့ ကင်းလှည့်ဝင်လာပြီး မကြာခင်မှာပဲ အရပ်ဝတ်လူစိမ်းတချို့ဝင်လာကာ အိမ်တအိမ်ကနေ ဆိုင်ကယ် ၂ စီးကို ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB
khit thit
မြန်မာနိုင်ငံသည် အလုပ်သမားများ ဖိနှိပ်ခံရသည့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ခုစာရင်းတွင် ပါ၀င်လာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမား သမဂ္ဂအဖွဲ့ချုပ် (ITUC) ၏ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်း၌ ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များသည် ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် ဆန္ဒပြပြည် သူလူထုများအပေါ် နှိပ်ကွပ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ပြည်သူလူထုအပေါ် ဖိနှိပ်မှုပြုလုပ်သည့် နိုင်ငံစာရင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ITCU ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။မြန်မာပြည်သူများ ကြုံတွေ့ နေရသည့် အခြေအနေများနှင့် ပတ်သက်၍ “ပိုမိုတိုးမြှင့်လာတဲ့ ရက်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ITUC က မှတ်ချက်ပြုရေးသားထားသည်။
“မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကို ထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုက်ဘာဥပဒေတစ်ခုကို ပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲ ဆက်လက်လုပ်ဆောင်ခဲ့တာပါ” ဟုလည်း ITUC က အစီရင်ခံစာမှတစ်ဆင့် ဝေဖန်ရေးသားထားသည်။ITUC ၏ အစီရင် ခံစာအရ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ ဘီလာရု၊ ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်၊ ဖီလစ်ပိုင်၊ တူရကီ၊ ဇင်ဘာဘွေ၊ Honduras အစရှိသည့် နိုင်ငံများနှင့်နည်းတူ အလုပ်သမားများအတွက် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံအဖြစ် ဖော်ပြခံရခြင်းဖြစ်သည်။
မြန်မာနှင့် ဘီလာရုနိုင်ငံ နှစ်နိုင်ငံသည် ယခုနှစ်တွင် ထပ်မံ၍ အဆိုပါညွန်းကိန်းတွင် ပါဝင်လာခြင်း ဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက စုစည်းထားသည် စာရင်းအရ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း စစ်တပ် ၏ အကြမ်းဖက်မှုများကြောင့် ကျဆုံးခဲ့ရသူ ဦးရေမှာ ဩဂုတ် ၁၂ ရက် အထိ ၉၆၈ ဦးရှိပြီဖြစ်သည်။
ဩဂုတ် ၁၃ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူမှာ စုစုပေါင်း ၅,၅၀၀ ကျော် ရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြစ်ဒဏ်ကျခံရသူထဲတွင် အသက် ၁၈ နှစ်အောက် လူငယ် နှစ်ဦး ပါဝင်ပြီး ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည့်အပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူဦးရေ ၁,၉၈၄ဦး ရှိကြောင်း AAPP ၏စာရင်းများတွင် ဖော်ပြထားသည်။mizzima
အာဏာသိမ်းပြီး ၆ လကြာသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းသူ၊ သတင်းပေးသူများကို သုတ်သင်ရှင်းလင်းသည့် အဖွဲ့ပေါင်း ၂၃ ဖွဲ့ ရှိလာသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ မြို့နယ် ၉ မြို့နယ်အတွက် ဒလန်ရှင်းလင်းရေးအဖွဲ့များကို မတ်လမှ စတင်၍ ဖွဲ့စည်းခဲ့ရာ ဇွန်လအထိ ၁၄ ဖွဲ့ရှိကြောင်း နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ ခေါင်းဆောင်က ပြောသည်။
ဇူလိုင်တွင် ၈ ဖွဲ့၊ ဩဂုတ်တွင် ၁ ဖွဲ့ တိုးလာသည်ဟု ဆိုသည်။
“နောက်ထပ်တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့ မြို့နယ်တွေ၊ အဖွဲ့တွေလည်း ရှိပါတယ်။ အရည်အချင်းသတ်မှတ်ချက်တွေ စိစစ်ညှိနှိုင်းကြဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်သားများ၏ ရန်ကို ကြိုတင်ရှောင်တိမ်းနိုင်ကြသဖြင့် အဆိုပါ ၂၃ ဖွဲ့တွင် တစ်ဦးမျှ ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“စစ်ကောင်စီမှာ အဲ့ဒီလောက် အရည်အချင်းမရှိပါဘူး။ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းကို ဖော်ထုတ်ဖို့မပြောနဲ့ မြို့နယ်အသီးသီးက PDF တွေကိုတောင် မရှာဖွေနိုင်လို့ တွေ့ကရာ အသက် ၁၈ နှစ်နဲ့ ၄၀ ကြား စစ်ဘေးရှောင်အရပ်သားတွေကို PDF လို့ သမုတ်၊ ပစ်ခတ်၊ သတ်ဖြတ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို သတင်းပေးသူ၊ ပူးပေါင်း၍ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ဆောင်ရွက်ပေးသူတို့အနက် ၂၅၀ ထက်မနည်းကို သုတ်သင်ရှင်းလင်းပြီးဖြစ်ကာ မကြာမီ သတင်းထုတ်ပြန်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
၂၃ ဖွဲ့အနက် အဖွဲ့တချို့က Facebook စာမျက်နှာများ တည်ထောင်၍ တရားဝင်ကြေညာထားသည်။
ယနေ့ ဩဂုတ် ၁၄ တွင် စစ်ကိုင်းတိုင်းရှိ နာမည်ကျော် ဒလန်ရှင်းလင်းရေးအဖွဲ့ဖြစ်သည့် ‘နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့’က ပူးတွဲအဖွဲ့ခွဲအဖြစ် စစ်ကိုင်းမြို့အခြေပြု “ဧရာရစ်ဝိုင်းမိုးကြိုးမုန်တိုင်း” ဟူသော အဖွဲ့သစ်တစ်ခုတည်ထောင်ကြောင်း ကြေညာသည်။
ယင်းအဖွဲ့က ဒလန်များ၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ပါဝင်ဆောင်ရွက်သူများကို ပစ်မှတ်ထားမည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့၏ လူဦးရေထက်ဝက်ခန့်မှာ စစ်ကောင်စီကို ထောက်ခံသူများ၊ ကြားနေ၍ မိမိ၏ မိသားစုမထိခိုက်စေရေး သတင်းပေးနေသူများဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ယနေ့ သတင်းထုတ်ပြန်ခြင်းမှာ သတိပေးခြင်းဖြစ်ကြောင်း၊ CDM ဝန်ထမ်းနှင့် ဆန္ဒပြသူများကို ထိခိုက်စေရန် ဆက်လက်သတင်းပေးသူများကို ရှင်းလင်းမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဇေယျာစောယွန်းက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီကို မတိုက်နိုင်သေးခင်မှာ ကိုယ်တတ်နိုင်တာကို ကိုယ်လုပ်တဲ့သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
၎င်းတို့အဖွဲ့သည် အလှူငွေကောက်ခံခြင်းမရှိကြောင်း၊ လှူဒါန်းလိုသူများအနေဖြင့် CDM ဝန်ထမ်းများနှင့် PDF များကိုသာ ဆက်သွယ်လှူဒါန်းကြရန် တိုက်တွန်းထားကြောင်း ဇေယျာစောယွန်းက ဆက်လက်ပြောသည်။
လက်နက်ရရှိရေးက ခက်ခဲလွန်း၍ အာဏာသိမ်းပြီး ခြောက်လကြာပြီးမှ အဖွဲ့ကို တည်ထောင်နိုင်ကြောင်း ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒလန်ရှင်းလင်းသည့် အဖွဲ့များအနေဖြင့် အပြစ်မဲ့ပြည်သူ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများကို မှားယွင်းထိခိုက်စေခြင်းမှ ရှောင်ရန်၊ စိတ်ခံစားချက် ဦးစားပေးကာ ကြိုတင်စီစဉ်ခြင်းမရှိဘဲ လုံးဝမဆောင်ရွက်ရန်၊ တပ်ဖွဲ့ဝင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို အမြဲလေ့လာသုံးသပ်ပြင်ဆင်ရန်တို့ကို သံမဏိစည်းမျဉ်းအဖြစ် ချမှတ်ထားကြောင်း အဖွဲ့ခေါင်းဆောင်များထံမှ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ လွှတ်တော်တက်မည့် ပထမဆုံးရက် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းရာ နိုင်ငံအဝန်း ဆန္ဒပြသူများ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။
မတ်လကုန်ပိုင်းမှ စ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ဒေသခံများက တောလိုက်တူမီးသေနတ်များကို ကိုင်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။
ထို့နောက်တွင်လည်း စစ်ကောင်စီတပ်ကို သတင်းပေးသူများ၊ ပူးပေါင်းဆောင်ရွက်သူများကို ရှင်းလင်းသည့် ဒေသခံပြောက်ကျားတပ်ဖွဲ့များ တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် ပေါ်ပေါက်လာသည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကမူ ၎င်းတို့ကို ‘အကြမ်းဖက်သောင်းကျန်းသူများ’ဟု ပုံဖော်လေ့ရှိသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီမှ စ၍ ဩဂုတ် ၁၃ ထိ စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၉၆၈ ဦးထက်မနည်း သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က စာရင်းပြုစုထားသည်။ ဒေသအသီးသီးတွင် အံတုသူများကို ဖမ်းဆီးပြီး အများအပြားကို ပြန်လွှတ်ပေးသော်လည်း ၇၀၀၀ ကျော် အကျဉ်းကျနေဆဲဖြစ်သည်ဟု သိရသည်။myanmar now