Monthly Archives: Aug 2021

မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်း လုံခြုံရေးအန္တရာယ်ရှိနေသဖြင့် လန်ဒန်ရဲစခန်းတိုင်ကြား

ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လုံခြုံရေးအန္တရာယ်ရှိနေကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့နဲ့ ဗြိတိသျှနိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးဆီ တိုင်ကြားထားတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်၊ စနေနေ့ညနေပိုင်းကတည်းက လန်ဒန်မြောက်ပိုင်းက သံအမတ်ကြီး နေထိုင်နေတဲ့ နေအိမ်အပြင်ဘက်မှာ မြန်မာစစ်အုပ်စုဩဇာခံတွေ မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာမှုတွေ၊ စောင့်ကြည့်မှုတွေကို ခြိမ်းခြောက်မှုအသွင်နဲ့ တွေ့လာရ တယ်”လို့ ဗြိတိန် အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Myanmar Accountability Project(MAP)အဖွဲ့ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။

လန်ဒန်မြို့လမ်းမတွေပေါ်မှာ ခုလိုခြိမ်းခြောက်တဲ့ အပြုအမူတွေကို သက်ဆိုင်ရာ ယူကေအာဏာပိုင်တွေအနေနဲ့ ပြတ်ပြတ်သားသား အဆုံးသတ်အရေးယူနိုင်ဖို့ မျှော်လင့်တယ်လို့  MAP  ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်တဲ့သူ ၂ ဦးကို အက်ဖ်ဘီအိုင်က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မတရားအာဏာသိမ်းယူထားပြီး မိမိနိုင်ငံသား ၁၀၀၀ လောက်ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်အစိုးရဟာ  လန်ဒန်နဲ့ နယူးယောက်မှာ ခုလိုမျိုး ခြိမ်းခြောက်မှုတွေလုပ်ခဲ့တာဟာ မြောက်ကိုရီးယားပုံစံစစ်စစ်ဖြစ်တယ်လို့လည်း  MAP အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က လန်ဒန်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်စွာမင်း  အပြင်ခဏသွားခိုက်   စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်နဲ့ သံမှူးကြီး ဦးချစ်ဝင်းတို့အဖွဲ့က သံရုံးကိုဝင်ရောက်ထိန်းသိမ်းထားလိုက်ပြီး သံအမတ်ကြီးကိုလည်း သံရုံးထဲ ပေးမဝင်တော့ဘဲ သော့ခတ်ထားလိုက်တာပါ။

ဒီနောက် သံမှူးကြီး ချစ်ဝင်းကို စစ်ကောင်စီက သံရုံး တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့ပြီး ဦးကျော်စွာမင်းကိုတော့ အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။DVB

မန္တလေးမြို့တွင် အိမ်တိုင်ရာရောက် (Mobile Team)စနစ်ဖြင့် အောက်စီဂျင် အခမဲ့ ဖြန့်ဝေမည်

အိမ်တိုင်ရာရောက် ရွှေ့လျား(MOBILE Team)စနစ်ဖြင့် အောက်စီဂျင်ကို အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အခြေစိုက် တဝမေတ္တာ အောက်စီဂျင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် တာဝန်ရှိသူ ဦးဆောင်းချမ်းအေးက မဇ္ဈိမ ကိုပြောသည်။ယင်း အစီအစဉ်ကို ယခုသြဂုတ် ၁၈ ရက်မှ စတင်ကာ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျှက်ရှိပြီး၊ တစ်ရက်လျှင် အောက်စီဂျင် လီတာ၄၀ အိုး အလုံးနှစ်ရာဖြင့် ပေးဝေသွားမည်ဟုဆိုသည်။

အောက်စီဂျင်လိုအပ်မှုအပေါ်မူတည်ပြီး ထပ်မံ တိုးချဲ့ပေးဝေနိုင်ရန် စီစဉ်နေကြောင်းလည်းသိရသည်။ “ မိုဘိုင်းတင်းအဖွဲ့ ပြီးတော့ မန္တလေးခရိုင်အတွင်းကို ကားပေါ်ကနေ အိမ်တိုင်း‌စေ့ အောက်စီဂျင် လိုအပ်သူ မှန်သမျှ ရရှိအောင် မိုလ်ဘိုင်းတင်းကားနဲ့ ထွက်ပြီးတော့ ပေးပါမယ်။ အဲဒီမှာ အခမဲ့တောင်းယူလို့ရပါမယ်။ အခု လည်ပတ်နေတဲ့ စက်ရဲ့ ပမာဏထွက်ရှိတဲ့ အပေါ်မူတည်ပြီး တစ်ရက် နှစ်ရက်အတွင်း စထွက်ပါမယ်။ လောလောဆယ် ကားပေါ်မှာ အောက်စီဂျင်အိုး အလုံး ၃၀/၄၀ တင်နိုင်တဲ့ ကားမျိုး တစ်စီးပဲရှိတဲ့ အတွက် ချမ်းမြသာစည်မြို့နယ်ထဲကို အရင်ပတ်ပြီး ပေးပါမယ်။

မန္တလေးတိုင်းတစ်တိုင်းလုးအတွက် နီးစပ်တဲ့ နယ်မြေခံ အသင်းလေးတွေနဲ့ လာယူကြပါ” ဟု၎င်းကဆိုသည်။ယင်းသို့ ဆောင်ရွက်ရခြင်းသည် ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်လိုအပ်နေသူများ အဆင်ပြေစေရန်နှင့် အောက်စီဂျင်လိုအပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အဆမတန် ငွေကြေးပေးဝယ်နေရမှုများနှင့် မသမာမှုများ ပပျောက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။လက်ရှိတွင် စစ်ကောင်စီက အောက်စီဂျင်ရရှိရန် တန်းစီနေသူများကို COVID -19 ကာကွယ်ရေးဥပဒေအရ လူစုခွဲခြင်းများ ရှိနေသောကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို သတင်းပို့မှာပါ ။ဥပမာ ဒီရပ်ကွက်မှာ ပေးတော့မယ်ဆိုရင်တော့ လောလောဆယ် ရပ်ကွက်မှာ တာဝန်ရှိတဲ့သူတွေကို သတင်းပို့မယ်။ မြို့နယ် ဆိုရင်လည်း မြို့နယ်မှာ အုပ်ချုပ်မှုတာဝန်ယူထားတဲ့သူတစ်ဦးကို သတင်းပို့မယ်။

သတင်းပို့လို့မှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး တားရင်လည်း ကျွန်တော်ကတော့ အောက်စီဂျင်လိုအပ်နေတဲ့ လူထုဆီအရောက် ပို့ရမှာဘဲ။ နောက်တစ်ခုက ကိုဗစ်ဥပဒေနဲ့ ညိစွန်းမှု မရှိအောင် လူစုလူဝေးလည်း မဖြစ်အောင် အိမ်ပေါက်စေ့ ရပ်ပြီးကို ပေးမယ်လို့လည်းစီစဉ်ထားတယ်။ ကျွန်တော်အိမ်ရှေ့ အရောက်လာပါ့မယ်။

စာရင်းတွေသာ ပေးကြပါဆိုပြီး လိုင်းတွေပေါ်က တောင်းလိုက်ပြီး တစ်အိမ်ပြီး တစ်အိမ် တစ်နေကုန်ရင် ကုန်ပါစေ နေ့စဉ်အောက်စီဂျင်ရအောင်ပို့မယ်” ဟု ဦးဆောင်းချမ်းအေး ကရှင်းပြသည်။

မန္တလေးတိုင်း တစ်တိုင်းလုံးအတွက် အောက်စီဂျင်လိုအပ်မည့် ပမာဏမှာ တစ်ရက်လျှင် အလုံးအရေအတွက် ၅,၀၀၀ ဝန်းကျင် ဖြစ်ကြောင်းနှင့် ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း အောက်စီဂျင် စက်ရုံတစ်ရုံကို တည်ဆောက်လျှက်ရှိသည်ဟု ၎င်းကဆိုသည်။တဝမေတ္တာ အောက်စီဂျင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိပြီး အဖွဲ့ချုပ်တစ်ခုလုံးအတွက် ပရဟိတ လူငယ် ၃၀၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။mizzima

စမ်းချောင်း ဗဟိုလမ်း ပေါက်ကွဲပြီးနောက် လမ်းများပိတ်ဆို့စစ်ဆေး

ရန်ကုန်တိုင်း ဒေသကြီး ရွေလောင်းလမ်းနှင့် ဗားကရာလမ်းကြားတွင် သြဂုတ် ၁၆ရက် ညနေ ၄နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ လမ်းများ ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရသည်။

ဗဟိုလမ်းမကြီးပေါ်ရှိ ရွေလောင်းလမ်းနှင့် ဗားကရာလမ်းကြားတွင် ပေါက်ကွဲမှုနှစ်ချက်ဆက်တိုက် ကြားခဲ့ ရပြီးနောက် ဗားကရာထိပ်နဲ့ ဗဟိုလမ်းထောင့် ၊ကျွန်းတောလမ်းထိပ်တို့ကို ပိတ်ဆို့ထားသည်ကို တွေ့ခဲ့ရသည်။

” မနေ့ကတော့ ရပ်ကွက်ရုံးပေါက်တာ။ ညနေဘက်ပဲ လူတော့အထိအခိုက်မရှိဘူး ရုံးကအကာတွေတော့ ပျက်စီးသွားတယ်”ဟု အဆိုပါအနီးအနားနေထိုင်သူ တစ်ဦးက ပြောသည်။လက်ရှိတွင် ပေါက်ကွဲမှုကြောင့် အထိအခိုက်မရှိသော်လည်း စစ်ကားများဖြင့် လမ်းများပိတ်ဆို့ထား ပြီး ကားအဝင်အထွက်များ တားမြစ်ထားသည်ကို တွေ့ရသည်။mizzima

ကလေးမြို့ ရဲစခန်းတွင် ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သြဂုတ် ၁၅ ရက်နေ့ ညပိုင်း ၇ နာရီက ရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံတစ်ဦးက “မနေ့ည ၇ နာရီမှာ ဗုံးပေါက်တယ်။ ကလေးမြို့ ရဲစခန်းအတွင်းထဲ ဗုံးပေါက်တယ်။ အဲဒီမှာရှိတဲ့ ရဲ ၅ ဦးလောက် သေဆုံးတယ်လို့ ပြောတာ ကြားတယ်။ အတိအကျကိုတော့ မသိဘူး” လို့ ပြောပါတယ်။

ကလေးရဲစခန်း ဗုံးပေါက်တာနဲ့ပတ်သက်လို့ ကလေး PDF က လုပ်ဆောင်တာလို့ အတည်ပြု ပြောဆိုပါတယ်။

“မနေ့က ဗုံးပေါက်တယ် မှန်တယ်။ ကျနော့်လူတွေ ပြောက်ကျားနဲ့ သွားတယ်။ နေရာအချို့ရယ် ရဲစခန်းရယ် ဗုံးပေါက်တယ်။ ကျနော်တို့ဘက်ကလူတွေ ဖမ်းခံရတာ များတယ်။ ဒါကြောင့် တန်ပြန်လုပ်တယ်။ အဲဒီမှာ ကျနော့်လူတစ်ယောက်က ဆိုင်ကယ်နဲ့ နောက်တစ်နေရာ ဗုံးထောင်ဖို့သွားရင်း သူ့ဆိုင်ကယ်မှာပါလာတဲ့ ဗုံးကပေါက်ပြီး သေဆုံးသွားတယ်” လို့ ကလေး PDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့ရက်ပိုင်းက ကလေး PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပြီး PDF က ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။DVB

ရေစကြို အမှတ် ၇ နယ်မြေ မြို့မရဲစခန်းဝန်းအတွင်း ယ​​နေ့ည​နေပိုင်း ဗုံးပေါက်ကွဲ

မကွေးတိုင်း၊ ရေစကြိုမြို့က အမှတ် ၇ နယ်မြေ မြို့မရဲစခန်းအတွင်းမှာ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီလောက်က ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ဖြစ်စဉ်နဲ့ပါတ်သက်လို့ ထိခိုက်ပျက်စီးမှု မသိရ​သေးပါဘူး။

ရေစကြိုမြို့ အမှတ်(၇)နယ်‌မြေ မြို့မရဲစခန်း ဗုံးပေါက်ကွဲတာဟာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်၊ ရေစကြိုမြို့က ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က အတည်ပြုပြောပါတယ်။khit thit

လွိုင်ကော် စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၀ နီးပါး ရှိလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်းက လူပေါင်း  ၂၅၀၀ ကျော် နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတခုမှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေပြီး ဩဂုတ် ၄ ရက်ကနေ  ၁၆  ရက်နေ့ အထိ ကူးစက်ခံရသူ ၄၈ ဦးရှိလာတယ်လို့  စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာပြည့်ဖြိုးကျော်က  ပြောပါတယ်။ 

“အခု ဒီနေ့ရက်အထိ ကျနော်တို့ ဒီဧရိယာထဲမှာတွေ့တာကတော့ case က ၄၈ case ရှိသွားပြီ။ များသောအားဖြင့်ကတော့ လက္ခဏာအပျော့စားတွေပါပဲ။ အနံ့ ပျောက်တယ်၊ နှာစေး၊ ချောင်းဆိုး ဒီလောက်ပဲ။ လက္ခဏာပြင်းထန်တာက ၃ ယောက်လောက်တော့ ရှိတယ်။ တယောက်က အောက်ဆီဂျင် လိုတယ်ပေါ့နော်။ အဲဒီတယောက်ကတော့ အခု recover ပြန်ဖြစ်သွားပြီ။ နောက်နှစ်ယောက်ကတော့ အောက်ဆီဂျင်တော့ မပေးသေးဘူး။  တချက်တော့ စောင့်ကြည့်နေရတယ်။ အောက်ဆီဂျင်က နည်းနည်းကျချင်နေတယ်ပေါ့နော်”

အဆိုပါ စစ်ရှောင်စခန်းမှာ ဩဂုတ် ၄ ရက်ကစပြီး ဆေးခန်းလာပြတဲ့ ကျောင်းသူနှစ်ဦးဆီကနေ ကိုဗစ်ရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး  အဆိုပါကလေးတွေနဲ့ ဆက်စပ်တဲ့သူတွေကို ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ  များလာတာလို့ ဆိုပါတယ်။ 

လူနာတွေကို ကုသဖို့အတွက် ဒေသခံတွေက ကိုယ်ထူကိုယ်ထနဲ့ ယာယီ ကိုဗစ်စင်တာ ဆောက်လုပ်ထားပြီး လက်ရှိ ပိုးတွေ့လူနာတွေအားလုံးကို  ယာယီခိုလှုံရာနေရာမှာပဲ ခေါ်ယူကုသပေးနေတာ ဖြစ်ပါတယ်။

ဒေါက်တာ ပြည့်ဖြိုးကျော်က “positive ဖြစ်တဲ့ လူနာတော်တော်များကို ကျနော်တို့က shelter ကိုပဲ ခေါ်ထားတာပေါ့နော်။ ခေါ်ထားပြီး ခွဲထားတယ်။ ပြီးတော့ ဧရိယာတခုလုံးကို လော့ဒေါင်း ချထားတာပေါ့နော်။ ဒါပေမဲ့ အမြဲတော့ လိုက်မစစ်နိုင်ဘူးပေါ့နော်။ အကုန်လုံးကိုတော့ အသိပေးထားတယ်။ လော့ဒေါင်း ၁၄ ရက် နေရမယ်ပေါ့နော်။  တော်တော်များများက လိုက်နာကြပါတယ်။ အခုထပ်တွေ့တဲ့လူနာဆိုတာကလည်း ဟိုတအိမ် ဒီတအိမ် အဲဒီလို မဟုတ်ဘူး။ မိသားစုတစုလုံး အဲဒီလို တွေ့ကြတာပေါ့။”

လက်ရှိကုသရေးအပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ကိုဗစ်စင်တာ နေရာပြည့်သွားလို့ နောက်ထပ်တည်ဆောက်ဖို့နဲ့ အောက်ဆီဂျင်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“တစ်ခု အခက်အခဲဖြစ်တာကတော့ ကျနော်တို့ ဆောက်ထားတဲ့ စင်တာက လူနာ ပြည့်လုနီးပါး ဖြစ်နေပြီပေါ့နော်။ စင်တာထပ်ဆောက်ဖို့ နေရာချဲ့ဖို့ကကျတော့ နေရာအခက်အခဲရှိတယ်။ ဆောက်ဖို့ လုပ်အားပေးတဲ့လူကော၊ နေရာရွေးရတာ နည်းနည်း အခက်အခဲတော့ ရှိတာပေါ့နော်။ နေရာရွေးတာက ကျနော့်လူနဲ့ နည်းနည်းဝေးတဲ့နေရာ ပြီးကျတော့ လုံခြုံရေးအရ စိတ်ချရတဲ့နေရာ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးဖြစ်ရမှာကိုး။ ဆိုတော့ အဲဒါတွေက အခက်အခဲရှိတယ်။ အောက်စီဂျင်ကလည်း ကျနော်တို့ ရသလောက်တော့ ဝယ်ပြီးတော့ လှောင်ထားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒါတွေက တကယ့်တကယ် အရေးပေါ်ဖြစ်လာတယ်ဆိုရင်  လူအများကြီး ဖြစ်လာရင်တော့ လောက်မှာမဟုတ်ဘူး။ အခု တယောက်စာ၊ နှစ်ယောက်စာလောက်က လုံလုံလောက်လောက် ရှိတယ်ပေါ့နော်”လို့ ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။

ကယားပြည်နယ်က စစ်ရှောင်စခန်းတွေက စစ်နဲ့ ကိုဗစ်ရောဂါအကြား အခက်အခဲဖြစ်နေရသလို  လွိုင်ကော်မြို့ပေါ်မှာလည်း ကိုဗစ်ကူးစက်မှုတွေဟာ  နေ့စဉ်နဲ့အမျှ ဆက်လက်ကူးစက်ပြန့်ပွားနေပါတယ်။

သြဂုတ် ၁၅  ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၁၁၀၅  ဦး ထိမြင့်တက်နေပြီး သေဆုံးသူ  ၅၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။DVB

မကွေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညိုနှင့် လွှတ်တော် ဥက္ကဌဟောင်း ဦးတာတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရ

မကွေး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို၊ တိုင်းလွှတ်တော် ဥက္ကဌဟောင်း ဦးတာနှင့် ယခင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတချို့တို့ မကွေးအကျဉ်းထောင်ထဲတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း စုံစမ်း သိရသည်။

“ကျနော်တို့ ကြားသိရသလောက် အရင်တိုင်းအစိုးရအဖွဲ့ဝင်တွေ ကိုဗစ်ဖြစ်နေကြတယ်။ ထောင်က ကျန်းမာရေး စောင့်ရှောက်မှု ပေးတယ်လို့တော့ သိရတယ်။ ထောင်ထဲမှာ လူတွေ များပြီး သန့်ရှင်းမှု အားနည်းတာက ပြဿနာ ဖြစ်နေတာ။ ဝန်ကြီးချုပ်ကြီးလည်း ပါတယ်ပေါ့။ အတိအကျတော့ ဘယ်သူမှ မပြောနိုင်ကြဘူး”ဟု မကွေးထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က မကွေးထောင်ထဲတွင် ဒေါက်တာ အောင်မိုးညို၊ ဦးတာတို့ကို ပုံမှန်ရုံးထုတ်လေ့ရှိပြီး ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ကာ ကိုဗစ် ကူးစက်မှု အကြောင်း ပြပြီး တရားရုံးထုတ် စစ်ဆေးမှုများအားလုံးကို ရပ်နားထားကြောင်း၊ ရှေ့နေများလည်း ဝင်ခွင့်မရသဖြင့် ကိုဗစ်ကူးစက်ခံရမှု နောက်ဆုံး အခြေအနေကို မသိရှိဟု ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။

ဒေါက်တာ အောင်မိုးညိုသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရပြီး သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ၊ အဂတိ လိုက်စားမှု ဥပဒေတို့ဖြင့် ထပ်မံ တရားစွဲခံနေရသည်။khit thit

« Older Entries