ထီးချိုင့် တရုတ်ပိုင်နီကယ်စက်ရုံမှ ၀န်ထမ်း ၂ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံမှ ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများအပြောအရသိရသည်။

တရုတ်အစိုးရက ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံးနီကယ်ထုတ်လုပ်ရေးစီးမံကိန်းဖြစ်ပြီး လက်ရှိတွင်လည်း စက်ရုံလည်ပတ်နေဆဲ ဖြစ်သည်။

နီကယ်စက်ရုံမှ ဝန်ထမ်းအမျိုးသားနှစ်ဦးသည် ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနှင့် မြတောင်ရွာကြား ကန်သာယာရွာလမ်းမ​ပေါ်တွင် ယနေ့ည ၇နာရီခန့်က ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်သည်။

သေနတ်ပစ်ခံရသူနှစ်ဦး သေဆုံးကြောင်း သတင်းထွက်နေသလို တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးနိုင်ခဲ့သည်ဟုလည်း ကြားသိရကြောင်း ဒေသခံများက ပြောသည်။လက်ရှိအချိန်အထိ သေနတ်ပစ်ခတ်ခဲ့သည့် အဖွဲ့အစည်းနှင့် မည်သူဖြစ်သူကို မသိရှိရသေးပေ။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s