Monthly Archives: Aug 2021

မြန်မာစစ်အုပ်စု၏ အသွင်ပြောင်းချဉ်းကပ်မှုများအားနားမယောင်ရန် ဂျပန်ရောက် မြန်မာများ တောင်းဆိုဆန္ဒပြ

ဂျပန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအရှေ့တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ အကြမ်းဖက်မြန်မာစစ်အုပ်စု၏ လှည်ဖျားချဉ်းကပ် မှုများအပေါ် နားမယောင်မိစေရန် နှင့် ပြည်သူလူထုက တရားဝင် ရွေးချယ် တင်မြှောက် ထားသည့် အမျိုးသားညီညွတ်ရေးအစိုး ကိုသာ တရားဝင်အသိမှတ် ပြု ဆက်ဆံပေး ဖို့ ဆန္ဒပြ ခဲ့ကြသည်။

သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းအချိန် က ဂျပန် နိုင်ငံ တိုကျို မြို့ ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအရှေ့တွင် ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်။mizzima

ကြူကုတ် (ပန်ဆိုင်း) ဘက်က စစ်ရှောင်များ ရေကြီးနေသဖြင့် အခက်အခဲကြုံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) ဘက်မှာ ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက ရေကြီးလာတာကြောင့် တဲတွေ အမိုးလန်ပျက်စီးသွားပြီး စစ်ရှောင်တွေ အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခုလောလောဆယ် ရေကြီးနေတယ်။ ဖိုင်ကောင်း ကောင်းစထီးရွာက စစ်ရှောင်တွေ။ ရေကြီးလာလို တဲတွေ ပါကုန်ပြီ။ ဒီကြားထဲ မိုးအရမ်းရွာလို့ ရေကြီးလာတာ။ ရေတွေ ဝင်ကုန်ပြီ။ ခါ့လျန်ရွာက စစ်ရှောင်တဲတွေမှာလည်း ရေစဝင်နေပြီ။ သူတို့ ဒီဘက်ကမ်းတောင် ကူးလာလို့ မရဘူး။ ဒီည ဘယ်လို ဘယ်နား အိပ်ရတော့မလဲ မသိဘူး။ မတတ်နိုင်တဲ့အဆုံး ရွာပဲ ပြန်အိပ် ရမှာပေါ့။” 

ကောင်းစထီးရွာက တိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၄၃ အိမ် လူဦးရေ ၂၃၀၊ ခါ့လျန်ရွာက အိမ်ထောင်စု ၅၆ အိမ်၊ လူဦးရေ ၂၈၀ ဦး တို့က တရုတ်နယ်စပ် ဝမ်တိန်ချောင်းနားမှာ အမိုးအကာ မလုံမခြုံ နဲ့ တဲထိုးကာ ယာယီတိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

တရုတ်နယ်စပ်ဝမ်တိန် ချောင်းစပ်နား မိုးကာမိုး တဲထိုးနေထိုင်ရသူတွေက အရင် Camp အဟောင်းမှာ နာမည်စာရင်း မရှိသူတွေဖြစ်ပြီး ရွာနှစ်ရွာက စုစုပေါင်း အိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၅၁၀ ဦး ခိုလှုံနေတဲ့ တဲတွေထဲ ရေဝင်လာတဲ့အပြင် ‌တချို့တဲတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိ အခြေအနေက ရွာနားမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ ရှိနေပြီး အောက်ဘက် ပန်ဆိုင်း လမ်းဘက်မှာတော့ စစ်ကောင်စီတပ်တွေ နေတာကြောင့် အချိန်မရွေး တိုက်ပွဲထပ်ဖြစ်လာနိုင်တဲ့ အပြင် ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေ ရှိနေတာကြောင့် ပြန်လို့မရသေးဘဲ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။DVB

သရက်စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း လက်နက်များနှင့်တကွ သြဂုတ်လ ၁၇ ရက်ညက ထွက်ပြေးသွားကြောင်း စက်ရုံနှင့်နီးစပ်သည့် စိတ်ချယုံကြည်ရသော သတင်းရင်းမြစ်များအရသိရသည်။

“လက်နက်ပါသွားတယ်ဆိုတာ ၁၅ ယောက်လုံး အပြည့်ပါသွားတာလား။ တချို့တလေပါသွားတာလားတော့ မသိဘူး။ ၁၅ ယောက်ထွက်ပြေးတာကတော့ ရာခိုင်နှုန်းပြည့်ကျိန်းသေတယ်။” ဟု သတင်းအရင်းအမြစ်က ပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူများကိုနှိမ်နင်းရေးလုပ်ရန် ကပစ (၁၂) မှ စစ်ကူအနေဖြင့် အယောက် ၃၀ ပေးရန် ညွှန်ကြားချက်ထွက်လာပြီးနောက် ထိုသို့ထွက်ပြေးသွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

တပ်ပြေးသတင်းများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လေ့မရှိသလို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။ကပစ (၁၂) သည် သရက်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် တည်ရှိပြီး စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် သုံးမိုင်ကျော်တွင်ရှိကာ ၁၂၀ မမ ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ ကျည်ဆံများကို ထုတ်လုပ်သည်။

“ကပစ စက်ရုံက လက်ရုံးတပ်ဆိုပေမယ့် အဲဒီ (ကပစ) ကနေ ရှေ့တန်းကို ပို့မှာကြားလို့ ထွက်ပြေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်” ဟု သရက်မြို့ခံတစ်ဦးက ပြောသည်။ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အကျအဆုံးများ နေသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်များကို အာဏာသိမ်း စစ်ကောင်စီက တပ်ကူအများ အပြား မကြာခဏ စေလွှတ်နေရကြောင်း သိရသည်။

ထိုမြို့နယ်များတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေပြီး လက်ရှိအချိန်ထိ နေ့စဉ်တိုက်ပွဲများ ဆက်ရှိနေဆဲဖြစ်သည်။ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ထိုစစ်လက်နက်ထုတ် ကပစ အမှတ် (၁၂) စက်ရုံကနေ စစ်ကောင်စီတပ်သား ငါးဦးထွက်ပြေးခဲ့သည့်အနက် နှစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။mizzima

“အောင်လံလွှင့်ချီနွေဦးထီ” ၄ ရက်အတွင်း လက်မှတ်အစောင်ရေ ၂ သိန်း ရောင်းချရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ရောင်းချနေတဲ့ အောင်လံလွှင့်ချီနွေဦးထီဟာ  ဩဂုတ်လ ၁၈ ရက်နေ့အတွက် ထီလက်မှတ်စောင်ရေ ၅၀၀၀၀  အချိန် ၁၅ မိနစ်အတွင်း ရောင်းကုန်သွားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ဒီနေ့ ၄ ရက်မြောက်ရှိလာချိန်မှာ အစောင်ရေ ၂ သိန်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

ထီတစောင်ကို ကျပ် ၂၀၀၀  သတ်မှတ်ရောင်းချနေတာဖြစ်ပြီး  အနည်းဆုံး ၅ စောင်ကနေ အစောင် ၅၀ အထိထိုးနိုင်မှာဖြစ်ကာ ပေါက်မဲကတော့  ဆုကြေး  ၁၅ သိန်း သတ်မှတ်ထားပါတယ်။

နွေဦးထီကို ဆုကြေးလိုချင်လို့ ထိုးတာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြည်သူတွေ ရပ်တည်တယ်ဆိုတာကို ပြသချင်တဲ့အတွက် ထိုးတာလို့ ပါဝင်ကံစမ်းသူတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ဘဏ်အကောင့်တွေပိတ်သိမ်းမယ်၊ လူတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိနေပေမယ့် ကြောက်နေရင် တော်လှန်ရေးက ရှေ့ကိုရောက်မှာမဟုတ်ဘူးလို့ ထီထိုးသူ တစ်ဦးက ပြောပါတယ်။

နွေဦးထီထိုးတာက သမားရိုးကျကံစမ်းတယ်ဆိုတာထက် တိုင်းပြည်ပြန်ကောင်းလာအောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီတာလို့ ကံစမ်းသူတွေက ပြောပါတယ်။ 

CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ပြည်သူတွေက တတ်နိုင်တဲ့ဘက်ကထောက်ပံ့တာဖြစ်ပြီး ထီပေါက်တာမပေါက်တာက အရေးမကြီးဘူးလို့ ဆိုကြပါတယ်။ 

NUG အစိုးရကတော့ နွေဦးထီရောင်းချတာကို ပုံမှန်ပြုလုပ်သွားမှာဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ နည်းပညာပိုင်းအရပြင်ဆင်စရာတွေရှိတဲ့အတွက် တစ်ရက်ရပ်နားဖို့ ရှိနေပါတယ်။

နွေဦးထီထိုးသူတွေကို တရားစွဲ ဖမ်းဆီးထောင်ချမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားသလို စစ်ကောင်စီလက်အောက်ခံ  အောင်ဘာလေသိန်းဆုဌာန စီမံညွှန်ကြားရေးမှူးကလည်း မြန်မာနိုင်ငံမှာ KBZ ငွေပေးချေမှုစနစ် ၊ Wave Money အပါအဝင် Mobile Payment ဖုန်းကနေငွေပေးချေနိုင်မှုတွေ၊ Online Payment တွေ၊ Bank Transfer အားလုံးက ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုနဲ့ ဆောင်ရွက်ရတယ်လို့ ပြောဆိုထားပါတယ်။ 

ဒီပြောဆိုချက်အရ ဘဏ်တွေကနေတဆင့် ငွေလွှဲတာဆို ပြဿနာရှိနိုင်ပေမယ့် သာမန်ငွေလွှဲလုပ်ငန်းတွေကနေ ထီဖိုးငွေ တစ်သောင်း၊ နှစ်သောင်းလွှဲတာအားလုံးကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုက်ကြည့်ဖို့မဖြစ်နိုင်ဘူးလို့ နည်းပညာသမားတွေက ဆိုပါတယ်။ နည်းပညာသမားတစ်ချို့ကတော့ NUG အနေနဲ့လုံခြုံရေးစနစ်ကို ဒီထက် ပိုကောင်းအောင်ဆောင်ရွက်သင့်တယ်လို့  အကြံပြုပြောဆိုတာတွေလည်းရှိနေပါတယ်။DVB

စစ်ကောင်စီနှင့် ပူးပေါင်းသည့် PNO/PNA ကို ပအိုဝ်းလူငယ်အဖွဲ့များ ကန့်ကွက်

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် နည်းလမ်းမျိုးစုံနဲ့ ပံ့ပိုးကူညီနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/အသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) လုပ်ရပ်ကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်တွင်း/ပြည်ပရှိ ပအိုဝ်း ကျောင်းသားလူငယ်နဲ့ အရပ်ဘက်အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းပြီး  ဒီနေ့ သဘောထားထုတ်ပြန်ပါတယ်။

ဒါ့အပြင် PNO/PNA လုပ်ရပ်တွေဟာ ပအိုဝ်းတစ်မျိုးသားလုံးနဲ့ မသက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ PNO/PNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်(ကယား)မှာ အခြေပြုတဲ့ ‌ဒေသခံ ကရင်နီအ မျိုးသားကာကွယ်ရေးတပ်မတော် (PNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို  ထိုးစစ်ဆင်နေတာကိုလည်း ပြင်းထန်စွာကန့်ကွက်တယ်လို့ ဆိုပါတယ်။ထုတ်ပြန်ချက်ကို ဒီမိုကရေစီလိုလားတဲ့  ပအိုဝ်းလူငယ်အဖွဲ့တွေဖြစ်တဲ့ အမေရိကန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကရင်နီပြည်၊ ရန်ကုန်၊ Gen-Z၊ တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းသူ/ကျောင်းသားများအဖွဲ့ချုပ်၊ ဖက်ဒရယ်ဒီမိုကရေစီလိုလားသော ပအိုဝ်းလူငယ်အင်အားစုများနဲ့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းထုတ်ပြန်လိုက်တာပါ။mizzima

အောင်လံလွင့်ချီနွေဦးထီ website အတုပေါ်ပေါက်နေ

NUG အစိုးရမှ အွန်လိုင်းမှ ရောင်းချနေတဲ့ “အောင်လံလွင့်ချီ နွေဦးထီ ” နဲ့ပက်သက်ပြီး website အတုပေါ်ပေါက်နေပါတယ်။အဆိုပါ website အတုဖြစ်တဲ့ www.nuglottery.com ဟာဝင်ရောက်လိုက်တာနဲ့ မြန်မာစာ font မမှန်တာကို အရင်သတိပြုမိမှာဖြစ်ပါတယ်။

ဒါ့အပြင် NUG အစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ DVB ရဲ့ အင်တာဗျူးတို့ကိုပါ မိမိတို့ website တွင်ရှင်းလင်းထားသဖွယ် ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

အောင်လံလွင့်ချီ နွေဦးထီဆိုသည့် အမည်ဖြင့် blue mark မပါသည့် facebook page နှစ်ခု၊ website တစ်ခုလည်းပေါ်ပေါက်နေတာဖြစ်ပါတယ်။အောင်လံလွင့်ချီ နွေဦးထီရဲ့ facebook page ဟာ အသိအမှတ်ပြု blue mark ရရှိထားတာဖြစ်ပြီး အဆိုပါ page မှာထုတ်ပြန်ချက်များ၊အသိပေးချက်များသည်သာ အောင်လံလွင့်ချီ နွေဦးထီ ရဲ့အသတင်းအချက်အမှန်များသာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထီဝယ်ယူအားပေးနေတဲ့ ပြည်သူများအတွက် လုံခြုံစိတ်ချမှုအပြည့်ရရှိနိုင်မည့် အွန်လိုင်းငွေပေးချေမှုစနစ်၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များအား အဆင့်မြင့်တင်နိုင်ရန် ၂၀.၈.၂၁ ရက်မှာ ထီရောင်းချခြင်းအား ခေတ္တရပ်နားသွားမည်ဆိုပြီး အောင်လံလွင့်ချီ နွေဦးထီ page မှကြောညာထားပါတယ်။mizzima

မတ္တရာမြို့နယ်တွင် ရွာသား ၁ ဦး ဓားထိုးအသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ကျောက်ဆည်လေးရွာသား အမျိုးသား ၁ ယောက် ဩဂုတ်လ ၁၇ ရက်က ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် ကျောက်ဆည်လေးရွာသား ကိုမှတ်ဦး ဖြစ်ပြီး  မနေ့ မွန်းလွဲပိုင်းက ကျောက်ဆည်လေးနဲ့ ကင်းရွာကြားမှာ အသတ်ခံရကာ ပွဲချင်းပြီး သေသွားတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

“သူက သဖန်းကုန်းရွာက အပွင့်ဒလန်လို့ လူသိများတဲ့ ဖိုးခိုင်နဲ့ အဆက်အသွယ်ရှိတယ်။ ဖိုးခိုင်ကတော့ အခု မတ္တရာက စစ် (–) တွေဆီမှာ ထမင်းချက်လုပ်နေတယ်။ မှတ်ဦး သေပြီးနောက်မှာ မတ္တရာက ရဲတွေ အိမ်စီးကားနဲ့ ရောက်လာတယ်။ ကျောက်တံတားရွာက နာရေးကားလည်း ရောက်လာတယ်။”

အခုအချိန်အထိတော့ ကိုမှတ်ဦးကို ဘယ်သူက ဘာကြောင့် ဓားနဲ့ထိုးတယ်ဆိုတာမသိရသေးသလို စုံစမ်းစစ်ဆေးတဲ့ အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။DVB

« Older Entries