စစ်ပွဲကြီးများကို ရှောင်လွဲပြီး နိုင်ငံရေး ပြဿနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန်မျှော်လင့်ဟု KIO ထုတ်ပြန်

စစ်ပွဲများကို ရှောင်ရှားပြီး နိုင်ငံရေး ပြဿနာကို မှန်ကန်သည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရန် မျှော်လင့်ကြောင်း အချက်(၅)ချက်ပါ ကြေညာ ချက်တစ်စောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ယနေ့ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး ယနေ့အထိ ဘက်ပေါင်းစုံက ပိုမိုခက်ခဲလာသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများအတွက် ရှေ့ဆက်လုပ်ဆောင်ရန် နိုင်ငံရေး အခွင့်အလမ်းများ ပိတ်ဆို့သွားမည်ကို မြင်တွေ့နေရကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းအပြင် Covid-19 ကပ်ရောဂါလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာနေပြီး ပြည်သူတွေအနေ ဖြင့် စိတ်သောကရောက်နေရသလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် အသက်ဆုံးရှုံးသွားသည့် ပြည်သူများအတွက် ကေအိုင်အိုက စိတ်မကောင်းဖြစ်မိသည်ဟု KIO ထုတ်ပြန်ချက်က ဆိုသည်။
Covid-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကူညီပံ့ပိုးနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကျေးဇူးတင်မိကြောင်းနှင့် အသိအမှတ်ပြုကြောင်း ၊ ခက်ခဲနေသည့်ချိန် တိုက်ပွဲဖြစ်ပွားခဲ့လျှင် ကောင်းကျိုးမရှိ၍ သက်ဆိုင်သူများနှင့် အတတ်နိုင်ဆုံးညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ထားသည်။khit thit