မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ ပူပေါင်းပါဝင်ကြရန် ဝေါ PDF တိုက်တွန်း

မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ မြို့သိမ်းတိုက်ပွဲ များအတွက် တိုက်ပွဲဝင်မည့် ကိုယ့်မြို့နယ်မှ အချိတ် အဆက်မမိသေးသော လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရန် ဝေါမြို့နယ် PDF က တိုက်တွန်းထား သည်။

လုံခြုံရေးတာဝန်ယူထားသော စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုပါက မိမိတို့(PDF)အဖွဲ့များနှင့် လာရောက်ပူးပေါင်းပေးပါရန် ဖိတ်ခေါ်ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဝေါ PDFအဖွဲ့က စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ပြည်သူများအပေါ် တရားဥပဒေစိုးမိုးရေးအတွက် NUGအစိုးရ၊ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) များ၊ တိုင်း/ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အနီးပတ်ဝန်းကျင်မြို့နယ်များရှိ PDF အဖွဲ့များနှင့်လည်းချိတ်ဆက် ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပါက ပြည်သူများ၏ လုံခြုံရေးကို PDF တပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်၍ အချိန်တိုအတွင်း မြို့သိမ်း တိုက်ပွဲပြီးဆုံးနိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီ၏ လှုပ်ရှားမှု သတင်းများကို PDF တပ်ဖွဲ့များထံသို့ အချိန်မီသတင်းပေးပို့ရန်လည်း မေတ္တာ ရပ်ခံထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s