ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲဝန်ထမ်းများ စစ်ကောင်စီအမိန့် မနာခံရန် NUG ထုတ်ပြန်

ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ရည်ညွန်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။
ကြေညာချက်တွင် ပြည်သူ့ တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့များ အနေဖြင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြား ချက်များကို မနာခံကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များကို ဟန့်တားနှောက်ယှက်သည့် လုပ်ရပ်များ မလုပ်ရန် နှင့် ပြည်သူများအား ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများအပြင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီးမှုများ မပြုလုပ်ရန်ဆိုသည့် အချက်သုံးချက်ကို အဓိက တိုက်တွန်းထားသည်။
သည့်အပြင် ပြည်သူ့ရင်ခွင်ကို ခိုလုံပူးပေါင်းမည့် ပြည်သူ့သားကောင်း တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သလို ကူညီမည်ဖြစ်ကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုပေးမည်ဖြစ်ကြောင်း NUG အစိုးရက တိုက်တွန်းထားသည်။ ပြည်သူ့ရင်ခွင်ခိုလှုံမည့် ပြည်သူ့တပ်မတော်သားများ ပြည်သူ့ရဲများအနေဖြင့် အမြန်ဆုံး ဆက်သွယ်ကြရန် တိုက်တွန်းထားသည်။mizzima