စစ်ကောင်စီကို လက်နက်ဖြင့် အပြည့်အစုံဖြင့် စွန့်ခွာလာသော တပ်မတော်သားများကို ဆုငွေ သိန်း ၅၀ နှင့် ခိုလှုံခွင့်ပေးမည်

ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီကို လက်နက်ဖြင့် အပြည့်အစုံဖြင့် စွန့်ခွာလာသော တပ်မတော်သားများကို ဆုငွေ သိန်း ၅၀ နှင့် ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က သတင်းထုတ်ပြန်သည်။
“အာဏာလုအကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ရုန်းထွက်၍ပြည်သူအားကိုးထိုက်သောတပ်မတော်သားဖြစ်လိုပါက ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) အနေနဲ့အစစအရာရာတာဝန်ယူပြီး Full Equipment (လက်နက်အပြည့်အစုံ) နှင့် ပြည်သူနှင့်အတူရပ်တည်ကာ CDM ဝင်ရောက်လာပါက ကျွန်တော်တို့ PRA မှ ဆုငွေ(သိန်း ၅၀ ကျပ်တိတိ) နှင့် ခိုလှုံခွင့်ပေးသွားမည်ဖြစ်ပါသည်” ဟု PRA၏ ကြေညာချက်တွင် ဖော်ပြထားသည်။
PRA၏ ဖုန်းနံပါတ်အနေဖြင့် 09-755147317 / 09-455909826 တို့ကိုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။khit thit