ရှမ်း-ကယားနယ်စပ် ဒေါတဟေးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ့်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ရှမ်း-ကယားနယ်စပ်၊ လွိုင်လင်လေးမြို့အရှေ့ဘက်၊ ဒေါတဟေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လ ၃၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။
အင်အားသာလွန်သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်သဖြင့် ၁ နာရီခန့်ကြအောင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်မှုရှိနိုင်သလို ကရင်နီတပ်ဖွဲ့များဘက်မှလည်း အသေးစားဒဏ်ရာများ ရခဲ့ကြောင်း သတင်းရရှိသည်။khit thit