မင်းတပ်မြို့၊ ချပ်ရွာရှိ နေအိမ်များအား အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်ဖျက်ဆီး၊ ဘုရားကျောင်းအတွင်း အရက်သေစာများ သောက်စားသွား


ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်မြောက်ဖက်ရှိ ချပ်ရွာအတွင်းသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကာ၊ ချပ်ရွာ နှစ်ခြင်းဘုရားကျောင်းအတွင်း အရက်သေစာများ သောက်စားသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားများ ရွာထဲမဝင်ခင် လက်နက်ကြီးများဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ CDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ် ကြောင်း၊ တိုက်ပွဲကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို မိုးကာဖြင့်လိပ်ကာ အိမ်သာကျင်းထဲ ပစ်ချသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ လူမှုကွန်ရက်တွင် ရေးသားထားသည်။အဆိုပါ ချပ်ရွာတွင် ဖြစ်ပွားသော တိုက်ပွဲနှင့် ထိခိုက်ကျဆုံးစာရင်း အသေးစိတ်ကို လတ် တလော အတည်မပြုနိုင်သေးပေ။khit thit