တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသည့် သတင်းသမား ၄ ဦးရှိလာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသည့် သတင်းသမားလေးဦးရှိလာသည်။ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် တစ်နာရီခွဲက Eleven Media Group ၏ မြိတ်အခြေစိုက်သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။

မြိတ်အခြေစိုက်သတင်းသမားနှစ်ဦးဖြစ်သည့် DVB သတင်းဌာနမှ ကိုအောင်ကျော်နှင့် မဇ္စျိမသတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ဒဏ်နှစ်နှစ်စီအမိန့်ချထားသည်။ ၎င်းအပြင် ထားဝယ်အခြေစိုက် သတင်းဌာနဖြစ်သည့် Dakkhina Insight မှ ကိုနိုင်လင်းထွန်းကိုလည်း ဖမ်းဆီးထားပြီး တစ်စုံတစ်ရာ အမိန့်မချသေးပေ။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s