Monthly Archives: Sep 2021

ပေါက်မြို့နယ် ဝန်ခြုံးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ မီးဝင်ရှို့

ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကို ယနေ့ စက်တင်ဘာလ ၂ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၅ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ခွေးတပ်များ မီးဝင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

” စစ်ခွေးတွေက လွန်ခဲ့တဲ့၄ရက်လောက်ကတည်းက ဝန်ခြုံးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာပါ။ ရွာသူရွာသားတွေကတော့ အခုချိန်ထိ တောတွေထဲ နေနေရပါတယ်။ ဝန်းခြုံးရွာအရှေ့ဘက်က တောင်တစ်လုံးပဲခြားတာ ပင်တောင်ရွာရှိတယ် အဲ့ရွာက ပျူစောထီးတွေနဲ့ပေါင်းပြီး ဝန်ခြုံးရွာကို စစ်ခွေးတွေက ဝင်လာတာပါ။

ဒီနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၃၅ မိနစ်က ရွာထဲမှာ စစ်ခွေးတွေ မီးရှို့နေတာကို လှမ်းမြင်နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။အဆိုပါ အကြမ်းဖက် လူသတ် စစ်ကောင်စီ စစ်ခွေးတပ်များသည် ပေါက်မြို့နယ် တောင်ဘက်ပိုင်းရှိ ကျေးရွာများက ပြည်သူပိုင် နေအိမ်များကို တံခါးများဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်နေပြီး ၎င်းတို့ တပ်စွဲထားသော ကိုင်းလယ်စခန်းကို လူမှုကူညီရေးကားများဖြင့် ခေါက်တုန့်ခေါက်ပြန် သယ်ဆောင်နေကာ ကျေးရွာများ အတွင်း သေနတ်များ ပစ်ဖောက်ပြီး တောတောင်များအတွင်း ပုန်းရှောင်နေသည့် ဒေသခံ ပြည်သူများကို ခြောက်လှန့်လျက်ရှိကြောင်း သိရသည်။khit thit

မြစ်ကြီးနားမြို့တွင် ဘဏ်စောင့်စစ်သားများ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်က ကိုသန်းစိုးအောင် (၂၅) နှစ်ကို ဩဂုတ် ၃၁ ရက်မနက် ၃ နာရီလောက်မှာ မြဝတီဘဏ်​စောင့်တဲ့ စစ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။  

အမည်မဖော်လိုသူ ဆွေမျိုးတစ်ဦးက “သူက အိမ်နဲ့မနီးမဝေးမှာဘဲ ဆိုင်ကယ်စီးပြီး ငါးအိပ်ချိန်ငါးပိုက်သွားဖြုတ်တာကို ငါးမျှားတဲ့နားမှာ ရဲမှူးအိမ်ဆိုလားရှိတယ်။ ဘဏ်ရဲ့ နောက်ကျောမှာ အဲ့ဒီအိမ်က ဖုန်းဆက်လိုက်တယ်ထင်တယ်။ ညဆိုတော့ တစ်ခုခုလုပ်မှာ ကြောက်လို့ ထင်တယ်။ သုံးချက်ပစ်တာတဲ့ ပထမနှစ်ချက်က မထိဘူး၊ နောက်တစ်ချက်မှာ ဆီးခုံထိသွားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၇ ရက်ည ၇ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းအ နောက်ထောင့်က ကင်းရုံအနီးမှာ ၂၃ နှစ်အရွယ် ဆိုင်ကယ်စီးနှင်းလာတဲ့ အမျိုးသား တစ်ယောက်အား မသင်္ကာလို့ သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းအရ နယ်မြေရဲစခန်းအနီးက သေဆုံးသူရဲ့လက်ထဲမှာ လက်လုပ်မိုင်း တစ်ခုကိုင်ထားပြီး ဆိုင်ကယ်မှာ ဓာတ်ဆီပုံးတစ်ပုံး ချိတ်ကာ ဓားရှည်တစ်ချောင်း ပါတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ကြီးနားမြို့က ရဲစခန်းတွေ ဘဏ်တွေရှေ့မှာ စစ်ကောင်စီတပ်သားတွေက သံဆူးကြိုး အကာအရံ အတားအဆီးတွေနဲ့ လမ်းတွေကို ပိတ်ထားပြီး  ရှိနေတာဖြစ်ပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။DVB

မြန်မာတွင်ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄ သိန်းကျော်ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၃၅၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူပေါင်း  ၄ သိန်းကျော်ရှိပြီလို့  စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၉,၄၆၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၃၅၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအ တွက်ကတော့  ၂,၄၃၉  ယောက်ရှိနေပြီး တရက်တည်း သေဆုံးသူအသစ် ၁၀၁ ယောက် ရှိ တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၄၉၀ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၀၂,၆၄၀ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာ သင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက် အဖြစ် လာမယ့် စက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။DVB

ပြည်သူ့ကာကွယ်ရေးတပ် ၁၄ ခုပူးပေါင်းပြီး မဟာမိတ်ဖွဲ့

တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီအသီးက ပြည်သူ့ကာကွယ်ရေးတပ် ၁၄ ခုပူးပေါင်းပြီး စက်တင်ဘာ ၁ ရက်နေ့က Spring Revolution Alliances(SRA) အဖြစ် မဟာမိတ်ဖွဲ့လိုက်ပါတယ်။

မတရားသဖြင့် အာဏာသိမ်းယူထားတဲ့ စစ်တပ်နဲ့ဒလန်တွေကို အမြစ်ဖြတ်ချေမှုန်းရာမှာ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် မဟာမိတ်ဖွဲ့ခဲ့တာဖြစ်ပါတယ်။

Spring Revolution Alliances(SRA) မှာ မဟာမိတ်အဖြစ်ပူးပေါင်းတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ် SPDF၊ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ Mandalay Special Task Force(MSTF)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးတိုင်းတပ်မတော် MDA၊ Yangon Federal Army၊ Special Attacking Force(Upper Burma) SAF၊ ပဲခူးကာကွယ်ရေးတပ် BDF၊ PDF- Myitthar၊ ပြည်သူ့ကာကွယ်ရေးတပ်(မကွေး)၊ ပြည်သူ့ကာကွယ်ရေးတပ်(စဉ့်ကိုင်)၊ တံတားဦးပြည်သူ့ကာကွယ်ရေးတပ်တို့ဖြစ်ပါတယ်DVB

ရန်ကုန်လှိုင်သာယာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင် တင်မောင်ဝင်း ပစ်သတ်ခံရ၊ သေ ဆုံးမှု လာစစ်သည့် စစ်အရာရှိ ဗုံးကွဲ၍ ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တင်မောင်ဝင်းသည် ယနေ့ နံနက် ၈ နာရီခန့်တွင် ပစ်သတ်ခံရလိုက်ရပြီး ယင်းသေဆုံးမှုဖြစ်စဉ်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီအရာရှိတစ်ဦးမှာလည်း ဗုံးကွဲ၍ ဒဏ်ရာရရှိကြောင်း ဒေသရင်းမြစ် HTY Information က သတင်းဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှု့ဇုံရှိ ဗန်မော်အတွင်းဝန်လမ်းပေါ် ယနေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန်ခန့် အမှတ် ၂၀ ရပ်ကွက်၊ အပိုင် ၆၊ မင်းကျော်စွာ ၇ လမ်းနေ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ၁ တင်မောင်ဝင်း ပစ်သတ်ခံရကြောင်း၊ အဆိုပါ ပစ်သတ်ခံရမှုကို လာရောက် စစ်ဆေးစဉ် ဗုံး (၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းHTY Information ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

တင်မောင်ဝင်းသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏သတင်းပေးမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသူများရှိကြောင်း ဒေသခံတစ်ဦး၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။khit thit

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖမ်းဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တိမ်းနေတာဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ နေအိမ်တစ်အိမ်မှာ ဖမ်ဆီးခံခဲ့ရတာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အန်တီဒေါ်ခင်စန်းလှိုင်ကို ပုလဲမြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားတယ်။ ဘာပုဒ်မနဲ့ဆိုတာတော့ မသိရသေးဘူး။ အန်တီ ဒေါ်ခင်စန်းလှိုင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုလဲကို ခေါ်ဆောင်လာခဲ့တယ်။”

ဒေါ်ခင်စန်းလှိုင်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ  ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။ ဒီနောက် လွှတ်တော်ခေါ်ယူရေး၊ စင်ပြိုင်အစိုးရဖွဲ့စည်းမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၂/၁ နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်ခင်စန်းလှိုင်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသီးသီးအနိုင်ရရှိခဲ့ပါတယ်။DVB

မိုးညှင်းမှာ ပျူစောထီးနှင့်စစ်ကောင်စီတပ်တွေပူးပေါင်းပြီး အရပ်သားပြည်သူတွေကို အ ကြောင်းမဲ့ လိုက်ဖမ်းနေ

ကချင်ပြည်နယ်မိုးညှင်းမြို့ပေါ်တွင် စက်တင်ဘာလ ၁ရက်နေ့ညဦးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးသတင်းပေးတွေပူးပေါင်းပြီး မြို့ပေါ်နဲ့အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံတွေကို အကြောင်းမဲ့ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမြို့ မြသိန်းတန်ဘုရားဝင်းဇာတ်ရုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကြံခိုင်ရေးပါတီဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေစုပေါင်းပြီး အစည်း အဝေးလုပ်ခဲ့ကြပြီးနောက် အခုလိုဖမ်းဆီးမှုတွေစတင်ခဲ့တာလို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ဆိုပါတယ်။

“သူတို့အစည်းအဝေးလုပ်ပြီးပြီးချင်းဘဲ ပင်းဟဲ၊ ကုန်းတန်းကြီး ကရွာတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကိုလိုက်ဖမ်းနေတာ၊ဖမ်းခံရတာတွေက NLD ပါတီ ဝင်တွေလည်းမဟုတ်ဘူး၊ ဆန္ဒပြဦးဆောင်သူတွေလည်းမဟုတ်ဘူး၊ သာမာန်အရပ်သားတွေ ဘဲ ဆန္ဒပြတဲ့အထဲတော့ပါကောင်းပါနိုင်တာပေါ့။

ဒါပေမယ့် သူတို့ ပျူစောထီးတွေလက်ညှိုးထိုးတဲ့သူတွေအကုန်လုံးကို မစစ်မဆေးဘဲဖမ်တော့တာ။အခုတင်ဖမ်းခံရသူတွေချည်း အချုပ်ကားတစ်စီးရှိသွားပြီဟု အဆိုပါဒေသခံက ပြောပါတယ်။ညဦးပိုင်းဖမ်းဆီးမှုမှာတင် မိုးညှင်းမြို့ပေါ်ကအဖမ်းခံရသူတော်တော်များနေပြီး အနီးအနားကရွာတွေမှာလည်း လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလိုအကြောင်းမဲ့ဖမ်းဆီးတာတွေကြောင့် ဒေသခံတွေစိုးရိမ်နေကြရပါတယ်။ ဖမ်းဆီးခံရသူဦးရေ ဘယ်လောက်ရှိသလဲဆိုတာတော့ အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။စစ်ကောင်စီတပ်တွေအနေနဲ့ အခုလို လက်နက်မကိုင်ဘဲ ဆန္ဒပြရုံလောက်နဲ့ ဆန့်ကျင်ကြတဲ့သာမာန်ပြည်သူတွေကို ရန်သူလိုပစ်မှတ်ထားလာတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။khit thit

ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်

ထင်ရှားတဲ့ စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူဟာ စက်တင်ဘာ ၁ ရက်ညပိုင်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

မောင်မိုးသူကို မန္တလေးမြို့မှာ ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၄ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မိုးသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာ ဗဟိုကော်မတီဝင်တ ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာလောကသားတွေက မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး စတဲ့ နာမည်တွေနဲ့ လူချစ်လူခင်များသူ ဖြစ်ပါတယ်။

မောင်မိုးသူဟာ ကဗျာ၊ ဆောင်းပါး၊ ပင်ကိုယ်ရေးဝတ္ထုတွေအပြင် ဘာသာပြန်ဝတ္ထု တွေနဲ့လည်း ထင်ရှားပြီး အိပ်မက်ကုန်သည်၊ အိပ်ဇိုးဒပ်၊ ကျားကုတ်ကျားခဲ၊ မာဖီးယားနှင့် ပေါ်ပီပန်း၊ အိပ်ဇိုးဆေး၊ ငြိုးသူ့ရန်ဘက်စတဲ့  စာအုပ်တွေကတော့ ပရိသတ်တွေကြား နာ မည်ကြီးတဲ့ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သုတရသဆောင်းပါးတွေဖြစ်တဲ့ လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည် (မိုး ဝေနှင့် အခြားမဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာမဂ္ဂဇင်းများ)စတဲ့ စာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

မောင်မိုးသူဟာ မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်း ခေတ်သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓနမဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သလို မန်းတက္ကသိုလ် ကလောင်ရှင်အသင်း အမှုဆောင်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်း အမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟို အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရုပ်ရှင်ဘက်မှာတော့ မောင်မိုးသူဟာ ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ မုန်းရစ်လေဦး၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းပါင်းများစွာ ရေးသားခဲ့ပြီး ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ မမလေး ပန်စရာ (ကောလိပ်ဂျင်နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)စတဲ့ ရုပ်ရှင်တွေကတော့ ထင်ရှားပါတယ်။

ဒါ့အပြင် မောင်မိုးသူဟာ နိုင်ငံရေးဘက်မှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာပြည်သူတရပ်လုံးပါဝင်တဲ့ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာတော့ မောင်မိုးသူဟာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်သောကတို့ ဦးဆောင်တဲ့ စာရေးဆရာများသမဂ္ဂများအဖွဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာတော့ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်ကြားရေးတာဝန်ယူခဲ့ကာ ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးချိန်မှာ မောင်မိုးသူလည်း ဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ် ကျခဲ့ပါတယ်။

မောင်မိုးသူဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာတွေကြောင့် ခေတ်အဆက်ဆက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။DVB

« Older Entries