စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၈ ဦးသေဆုံး၊ PDF ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ လယ်ခြားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ကလေးမြို့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ နံနက်တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး ယမန်နေ့မှ စ၍ ယနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ကလေး PDF ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ်တောင်ပိုင်း၊ မကွေးတိုင်းနှင့် ထိစပ်နေသော အင်းကျွန်း၊ ရေရှင် ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လယ်ခြားကျေးရွာဘက်သို့ ဦးတည်လာစဉ် ကလေး PDF မှ တိုက်ခိုက်ခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ စစ်ကြောင်းသည် ဖြတ်သန်းသွားရာ မြစ်သာမြစ်တလျှောက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီး မီးရှို့နေပြီး လက်ရှိအချိန်တွင် လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်မွှေနှောက်နေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်များဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကာကွယ်စောင့်ရှောက်နေကြောင်း ကလေး PDF မှ သတင်းထုတ်ပြန်ထားသည်။khit thit