Monthly Archives: Sep 2021

ဧရာဝတီတိုင်းရှိ မြို့ဝင်ပေါက်များကို စစ်ကောင်စီကလုံခြုံရေး အထူးကြပ်မတ်နေ

ဧရာဝတီတိုင်းသို့ အခြားတိုင်းနှင့်ပြည်နယ်များမှကုန်းလမ်းခရီးဖြင့် ဝင်ရောက်လာနိုင်သည့်ဝင်ပေါက် ခြောက်နေရာအနက် သုံးနေရာကို စစ်ကောင်စီက အထူးကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရန်ကုန်တိုင်းမှ ဧရာဝ တီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် တပ်စွဲထားပြီး ဖြတ်သန်းသွားလာသည့် ပြည်သူများကို တစ်ယောက်ချင်း ကျန်းမာရေးစစ်ဆေးသည်ဟုအကြောင်းပြကာ မှတ်ပုံတင်နှင့် လူပုံကို တိုက်ဆိုင်စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မအူပင် မလက်တိုဂိတ်နှင့် ဒေးဒရဲဂိတ်တွင်လည်း တစ်ဦးချင်း မှတ်ပုံတင်နှင့် လူပုံကို တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ဆောင်နေပြီး COVID-19 ကို အကြောင်းပြကာ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ တင်းကျပ်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ထားသော ဝင်ပေါက် သုံးခုဖြစ်သည့် ကျောက်ချွန်ဂိတ်၊ သီတာကုန်းပြင်ဂိတ်နှင့် ဘက်ရဲဂိတ်များတွင် ပုံမှန်စစ် ဆေးမှုများသာ လုပ်ဆောင်နေပြီး အဓိက ရန်ကုန်တိုင်းနှင့် ထိစပ်နေသည့် ဝင်ပေါက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်နေခြင်း ဖြစ်သည်။စစ်သင်တန်းတက်ရောက်ပြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဧရာဝတီတိုင်းသို့ ပြန်လည်ဝင်ရောက်လာနေသည်ဟု သတင်းရရှိထား၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြို့နယ်တိုင်းတွင် ညစဉ် လူငယ်များကို ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး စက်တင်ဘာလအတွင်း ကန်ကြီးထောင့်မြို့နယ်တွင် PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သူ လေးဦး၊ ပုသိမ်မြို့တွင် ၁၀ဦးကျော်၊ လပွတ္တာမြို့တွင် ခြောက်ဦးနှင့် ဝါးခယ်မမြို့တွင် လေးဦးအပြင် အခြား အ တည် ပြုသတင်းအချက်အလက် မရရှိသေးသည့် ဖမ်းဆီးခံထားရသော လူငယ်များ ရှိနေသေးသည်။

စစ်ကောင်စီက တိုင်းရင်းသားဒေသများတွင် စစ်ရေးတိုးချဲ့ရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ လူအင်အားတိုးချဲ့ပို့ဆောင်ထားခြင်းကြောင့် တိုင်းအတွင်း စစ်သည်အင်အားနည်းပါးနေပြီး ယခုကဲ့သို့ တင်းကျပ်မှုများလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။mizzima

အကြမ်းဖက် စစ်ကောင်စီကို အသိအမှတ်ပြုနေသည့် အာဆီယံအား ကန့်ကွက်ရှုတ်ချကြောင်း ဖောင်ကားကျေးရွာ လူထု သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

အ‌မေရိကန်နိုင်ငံရှိ မြန်မာကောင်စစ်၀န်ရုံးကို Red Blood Campaign ပြုလုပ်ဆန္ဒပြ

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာကောင်စစ်ဝန်ရုံးကိုအမေရိကန်ရောက် မြန်မာနိုင်ငံသားများကစက်တင်ဘာ ၃ရက် ညနက်ပိုင်းတွင် Red Blood Campaign ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြသည်။

“မြန်မာပြည်အတွင်းရှိ အပြစ်မဲ့ပြည်သူများကို နေ့စဥ်နှင့်အမျှ မတရား ရိုက်နှက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျက်ရှိသော စစ်ကောင်စီနှင့်အပေါင်းအပါအားလုံးတို့အား အမိမြန်မာပြည်သူပြည်သားများနှင့်အတူ အဆုံးတိုင် ဆန့်ကျင်ကြောင်းပြတာပါ” ဟု ကမ်ပိန်းတွင် ပါဝင်သူများက ဆိုသည်။

မြန်မာကောင်စစ်ဝန်ရုံး၏ ရှေ့မျက်နှာစာ တံခါးနှင့် အဝင်လှေကားတို့တွင် ဆေးအနီများဖြင့် ပက်ဖျန်းပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်းအဆိုပါ ကမ်ပိန်းဖြင့် ပြသခဲ့သည်။mizzima

မရမ်းကုန်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ကြောင့် ၂ ဦးသေဆုံးပြီး ပျူစောထီး လက်ချက်ဟု ဒေ သခံများပြော၊ ရန်ကုန်တွင် ဆက်တိုက် ဗုံးများကွဲနေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓီလမ်းရှိ ကွန်ဒိုအိမ်ရာတစ်ခုတွင် ယနေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး အိမ်ရာလုံခြုံရေး အစောင့် ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဘောဂသိဒ္ဓိကွန်ဒို၏ ကားပါကင်တွင် ယနေ့ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ကွန်ဒို၏ နေ့လုံခြုံရေး ကျော်ဝင်း၊ နှင့် အမည်မသိအမျိုးသားတစ် ဦး( ယာခြေတစ်ဖက်ပြတ်ထွက်၊ အူပွင့်ဒဏ်ရာ) တို့သေဆုံးသွားကြောင်းသိရှိရသည်။

“အခုက ပျူစောထီးတွေ လက်ချက်လို့ သုံးသပ်လို့ရပါတယ်။ ဒီကွန်ဒိုကို ရည်ရွယ်ပြီး ဗုံးခွဲတာ ဘာကြောင့်လဲဆိုတာလဲ နားမလည်ဘူး။ ဒီအထဲကို သိပ်မကြာသေးခင်က ပျူစောထီးနဲ့ ရပ်ကွက် အုပ်ချုပ်ရေး လာသွားတာရှိတယ်” ဟု ဒေသခံတစ်ဦးက​ပြောသည်။

အဆိုပါကွန်ဒိုနှင့်ဘောဂသိဒ္ဒီလမ်းသည် စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြပွဲကာလတွင် ဆန္ဒပြလူငယ်များကို ကူညီစောင့်ရှောက်မှုများ လုပ် ဆောင်ကြသဖြင့် ပျူစောထီးများ၏ ရန်ငြိုးထားမှု ကို ခံရသည့်နေရာတစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

နေ့လယ် ၂ နာရီဝန်းကျင်ကလည်း သမိုင်းကုန်းတံတားအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ အလား ယနေ့ ည နေ၅ နာရီ ၄၆ မိနစ်တွင် တောင်ဒဂုံ မြို့နယ်တွင် အသေးစား ပေါက်ကွဲမူ တခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။khit thit

စစ်ကောင်စီကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို တာ၀န်ခံမှုရှိစေရန် နိုင်ငံတကာက ထိရောက်စွာဆောင်ရွက်ပေးရန် NUG တောင်းဆို

စစ်အာဏာသိမ်းမှုအဆုံးသတ်ကာ ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက် တာဝန်ခံလာမှုရှိစေရန် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့်ထိရောက်စွာဆောင်ရွက်ပေးပါရန် NUG အစိုးရက တောင်းဆိုလိုက်သည်။

အကြမ်းဖက် လုပ်ရပ်များကိုအထောက်အကူပြုစေသည့်စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေ‌သော အစိုးရ၊ အဖွဲ့အစည်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက်လုပ်နေသည်ဟု နှုတ်နှင့်သာအာမခံနေပြီး မြေပြင်တွင် တိုင်းရင်းသားဒေသများ၌ သာလွန်အင်အားများအသုံးပြု၍ ထိုးစစ်ဆင်နေသည်ဟု ဆိုထားသည်။

မြေပြင်ထိုးစစ်သာမက ဝေဟင်ထိုးစစ်များပါပြုလုပ်‌ နေခြင်းကြောင့် အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘာသာရေးအဆောက်အအုံ၊ဆေးရုံ၊ စာသင်ကျောင်းများ၌ ပါတပ်စွဲပြီး အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း NUG ကထုတ်ပြန်ထားသည်။

ကုလအစီရင်ခံစာများအရ ထိုးစစ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းကျော်ရှိလာ‌ေနပြီဖြစ်ကြောင်း သိရသည်။ စစ်အုပ်စု၏ ထိုးစစ်များကြောင့် ကြီးမားသည့်လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကိုဖြစ်ပေါ်စေပြီး လူသန်းနဲ့ချီ ထွက်ပြေးရမည့်အခြေအနေကို ကြုံနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဖြစ်ရပ်များကြောင့် COVID-19ရောဂါအပြင် အိမ်နီး ချင်းနိုင်ငံများ၏ ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း ဆိုသည်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်များအမြန်ဆုံး ရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူများအား ဖိနှိပ် ညှင်းပန်းနေမှုများ အ ဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်စွာဆောင်ရွက်ပေးပါရန်တောင်းဆိုရခြင်းဖြစ်ကြောင်း ဆိုထားသည်။mizzima

စစ်ကောင်စီ အတုအယောင်စီမံကိန်းများကို တိုက်ခိုက်အရေးယူမည်ဟု CDF ကြေညာ

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေးစသော အတု အယောင် စီမံကိန်းများဖြင့် ဒေသတွင်း နယ်မြေစိုးမိုးရေးနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများအပေါ်စုံစမ်းထောက်လှမ်းနေကြောင်းနှင့် ယင်းစီမံကိန်းအကောင်အထည်ဖော်ခွင့်များအား ပိတ်ပင်တားမြစ်ကြောင်း Chin land Defense Force က ယနေ့ ထုတ်ပြန်လိုက်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တည်ဆဲဘတ်ဂျက်၏ တင်ဒါလုပ်ငန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိသာ လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ပြီး တရားဝင်အစိုးရတစ်ရပ်ပေါ်ပေါက်လာသည်အထိ အတုအယောင်စီမံကိန်းများအား လုပ်ကိုင်အကောင်အထည်ဖော်ခွင့် ပိတ်ပင်ထားမည်ဟု ဆိုသည်။

မတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရန်၊ မိမိဒေသကာကွယ်ရန်နှင့် ဒီမိုကရေစီအခြေခံဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်သူ့အစိုးရပေါ်ပေါက်လာသည်အထိ အာ ဏာသိမ်းစစ်အုပ်စု၏ မည်သို့သော လုပ်ငန်းနှင့် စီမံကိန်းမျိုးမဆို ဆန့်ကျင်တိုက်ခိုက်ရန် ပြည်သူများအနေဖြင့် တာဝန်ရှိသည်ဟု ခံယူကြောင်း ထုတ်ပြန်ထားသည်။

ယခု ထုတ်ပြန်ချက်ကို လိုက်နာခြင်းမပြုသော ကုမ္ပဏီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းသူများအဖြစ်သတ်မှတ်မည်ဖြစ်ပြီး ပိုင်ဆိုင်သောပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း သို့မဟုတ် တိုက်ခိုက်အရေးယူခံရမည်ဖြစ်ကြောင်း CDF မှ သတိပေးထုတ်ပြန်ထားသည်။khit thit

မြန်မာနိုင်ငံအတွင်း လိုအပ်သည့်နေရာများတွင် လှူဒါန်းသွားရန် တိုကျိုမြို့တွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအလှူခံ

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက စက်တင်ဘာ ၅ ရက် ညနေပိုင်းအချိန်တွင် မြန်မာနိုင်ငံအတွက် လိုအပ်သည့်နေရာများကို လှူဒါန်းနိုင်ရန်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာကိုနို ဘူတာ တွင် အလှူငွေကောက်ခံခဲ့ကြသည်။

“ကောက်ခံရရှိသော အလှူငွေများကိုလည်း မြန်မာပြည်တွင်းမှ လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် CRPHနှင့် NUGအသိအမှတ်ပြုထားသော မှန်ကန်သည့်အဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ် “ ဟု ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် Myanmar Global Support Foundation (Rally for Rights Japan) နှင့် KɴᴏᴡᴜsᴍᴏʀᴇMʏᴀɴᴍᴀʀ အဖွဲ့တို့က ဆိုသည်။

အပတ်စဉ် ရုံးပိတ်ရက်များတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက မြန်မာအရေးအတွက် အဖွဲ့အစည်းအသီးသီးဖြင့် တတ်နိုင်သည့်ဘက်က အလှူခံထွက်လေ့ ရှိသည်။mizzima

ချောင်းဦးအမြင့်မြို့ဟောင်းတွင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပြီး ဒေသခံ ရွာသား ၈ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နန်းဦးစာသင်ကျောင်းအတွင်း တွေ့ရှိသည့် လက်လုပ်သေနတ်များနှင့် သက်ဆိုင်သည်ဟုဆိုကာ ဒေသခံရွာသား ၈ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများမှ ပြောသည်။

ဒလန်သတင်းပေးမှုကြောင့် အမြင့်မြို့ဟောင်း နန်းဦးစာသင်ကျောင်းအတွင်း လက်လုပ်သေနတ် ၇၀ ဝန်းကျင်ကို စစ်ကောင်စီမှ စက်တင်ဘာလ ၅ ရက် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိသွားပြီး ယင်းဖြစ်စဉ်နှင့် သက်ဆိုင်သည်ဟုဆိုကာ ရွာသား ၈ ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်။

“အရင်ဆုံး ၃ ယောက်ကိုဖမ်းတယ်၊ နောက်ထပ် ၅ ယောက်ထပ်ဖမ်းတယ်၊ ပေါင်း ၈ ယောက်ဖမ်းခံထားရတယ်၊ သူတို့ကရွာသားတွေ၊ သေနတ်ကလည်း အလက် ၇၀ လို့ကြားတယ်။

အခုတော့ ခေါ်သွားပြီ၊ ချောင်းဦးရဲစခန်းကို ခေါ်သွားတာထင်တယ်” ဟု မျက်မြင်ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။ယင်းဖြစ် စဉ်နှင့်ပတ်သက်ပြီး ချောင်းဦး PDF အဖွဲ့အား ဆက်သွယ်မေးမြန်းရာ ချောင်းဦး PDF အဖွဲ့ဝင်များအနေဖြင့် ခြေရာဖျောက်ထားတာ ကြာပြီဖြစ် ကြောင်းနှင့် ယခုဖမ်းဆီးခံရသူများမှာ သာမန်ပြည်သူများဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ပြန်လည်ဖြေကြားသည်။khit thit

« Older Entries