အကြမ်းဖက် လူသတ် စစ်ကောင်စီ တော်လှန်ရေး မန္တလေး လူငယ်များ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ




khit thit
khit thit
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို အကြမ်း ဖက် စစ်ကောင်စီ လက်အောက်ခံ မြောက်ဥက္ကလာပမြို့နယ် စစ် ခုံရုံးက ထောင် ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကသတင်းထုတ်ပြန်သည်။
အမြင်အာရုံအားနည်းသည့် ကိုမင်းသုခကို ဇွန်လ ၅ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသူအဖြစ် စွပ်စွဲကာ ဝါဒဖြန့်ကြေညာခဲ့ကြောင်း၊ ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး (၃) လအကြာ ယနေ့ တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုမင်းသုခသည် ဒဂုံတက္ကသိုလ် သချာ်အထူးပြု တတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်များတွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။khit thit
ထားခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် လာမည့် စက်တင်ဘာလ ၇ ရက်နေ့က စတင်ကာ အကြမ်းဖက် လူသတ် စစ်ကောင်စီ တော်လှန်ရေး အမျိုးသမီးများ ဦးဆောင်သည့် နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် တောင်းဆိုကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
” ကျနော်တို့က ပြောက်ကျားမဟုတ်တော့ဘဲ ကြေညာပြီးလုပ်မှာပါ။ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးမှာ ပြုလုပ်သွားမှာပါ။ အမျိုးသမီးထု တစ်ရပ်လုံးအနေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုတယ်” ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ လှုပ်ရှားမှုသည် ထားဝယ်ခရိုင်တွင် သပိတ်ကော်မတီက ဦးဆောင် ုပြုလုပ်မည်ဖြစ်သော်လည်း အခြားဒေသအသီးသီးရှိ အမျိုးသမီးများအနေဖြင့်လည်း ‘နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပေးကြရန်နှင့် ချီတက်လှုပ်ရှားရာတွင် ပူးပေါင်းပါဝင်နိုင်ခြင်းမရှိသည့် အမျိုးသမီးများအနေဖြင့်လည်း လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ထိုလှုပ်ရှားမှုအား ဝန်းရံပေးကြပါရန် နှိုးဆော်အပ်ပါသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်ထားသည်။
ယင်း လှုပ်ရှားမှုကို ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် အမျိုးသမီးများက ဦးဆောင်ကာ သြဂုတ်လ ၂၈ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။khit thit
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဆိပ်မှာ စစ်ကောင်စီတပ်က ရေကင်းဂိတ်တွေချထားပြီး ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စက်လှေတွေဆီကနေ ငွေကြေး တောင်းခံနေတယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။
အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက “ကျနော်တို့ ကနီမြို့ရေယာဉ်စစ်ဆေးရေး ဂိတ်မှာ လက်မှတ်ထိုးရတယ်။ အရင်က စက်လှေတစ်စီးကို ကျပ် ၃၀၀၀ ပေးရတယ်။ အခုကျတော့ ၅၀၀၀ တိုးကောက်တယ်။ ကနီမြို့နယ်အတွင်းမှာ စစ်ဆေးရေးဂိတ်က ၃ ဂိတ်ရှိတော့ အသွား၊ အပြန်ပေးရတော့ ကျနော်တို့ မော်တော်ပိုင်ရှင်တွေ မသက်သာဘူးဗျာ။ မပေးရင်လည်း အသက်အန္တရာယ်ပေးမှာ ကြောက်တော့ ပေးနေရတယ်” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်း မော်တော်ရေယာဉ်တွေဆီကနေ တောင်းယူလို့ရတဲ့ ငွေကြေးခွဲဝေယူမှု မညီမျှတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေအကြား အချင်းချင်း သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိနေပါတယ်။
အခုလို ရေယာဉ်တွေဆီကနေ မတရားဂိတ်ကြေး တောင်းယူနေတာကို တတ်နိုင်တဲ့ အဖွဲ့အစည်း တခုခုအနေနဲ့ ဖြေရှင်းပေးဖို့ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေက အကူအညီ တောင်းခံခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ရေယာဉ်မှန်သမျှကို ပန်းဆက်ကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က နေ့စဉ် ဆက်ကြေး တောင်းခံနေတယ်လို့ မော်တော်သမားတွေထံကနေ သိရပါတယ်။DVB
စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတစ်ခုမှာ စက်တင်ဘာ ၅ ရက်နေ့က အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ဆေးတပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား စစ်သည်တော်တွေက အာဏာရှင်စနစ်ကျရှုံးအောင် တိုက်ခိုက်/တော်လှန်ရေးနည်းလမ်းအမျိုးမျိုးနဲ့ တိုင်း/ခရိုင်/မြို့နယ် အသီးသီးမှာ ပြောက်ကျား တိုက်ခိုက်ရေးနည်းလမ်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေချိန် ရဲဘော်တွေ ထိခိုက်ဒဏ်ရာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ အတွက်စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သင်တန်းပေးတာလို့ သိရပါတယ်။
“သင်တန်းမှာ အခြေခံ ရှေးဦးသူနာပြုနည်းတွေ သင်ပေးတယ်။ ဒါ့အပြင် အရေးပေါ် ဖြစ်လာရင် ဘယ်လို နေရာမှာ ဘယ်ဆေးထိုးရမယ်ဆိုတာကို ကျွမ်းကျင် ဆရာဝန်တွေနဲ့ လက်တွေ့သင်ကြားတာတွေ လုပ်ပေးတယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုသင်တန်းဟာ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ပေးတဲ့ ပထမဆုံး ဆေးတပ်သင်တန်းဖြစ်ပြီး နောက်လည်း သင် တန်းဆက်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။DVB
khit thit
စစ်ကိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဘုတလင်မြို့နဲ့ ကံသာကျေးရွာကြားမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူကာကွယ်ရေး ပြောက်ကျားအဖွဲ့တို့ နှစ်ဖက်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
“တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်ဗျ။ မနေ့ စက်တင်ဘာ ၅ ရက်နေ့က ကံသာကျေးရွာက လူငယ် ၃ ဦးကို ကံသာကျေးရွာ ဓားလှန်က စစ်ကောင်စီဘက်ကိုတိုင်ပြီး အဖမ်းခိုင်းတာ။ အဲတာစစ်ကောင်စီက လာဖမ်းသွားတယ်။ ကျနော်တို့ စစ်ကောင်စီကို တိုင်တဲ့ ဓားလှန်အိမ်ကို သွားရောက်ရှင်းလင်းတဲ့အခါ စစ်ကောင်စီကို ဖုန်းဆက်ပြီးခေါ်တာကြောင့် ကျနော်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေပြီး တိုက်ပွဲဖြစ်ပွားခဲတယ်။ အကျဆုံးကတော့ ညအချိန်ဖြစ်တာကြောင့် မသိရဘူး။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး။ အရပ်သားတစ်ယောက်တော့ စစ်ကောင်စီကပစ်လို့ အပြင်းထန်ဒဏ်ရာရတာတော့ ရှိတယ်။ ဝမ်းဗိုက်တချက်၊ ပေါင်တစ်ချက် ဒဏ်ရာရထားတယ်။ အဲဒဏ်ရာရတဲ့သူကိုတော့ ကျနော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့တယ်။ အရက်သောက်ပြီးရွာအပြန် နှစ်ဖက်တိုက်ပွဲထဲ ရောက်သွားတာထင်တယ်။ လူကမူးနေတာ” လို့ ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က DVB ကို အတည်ပြုပြောဆိုပါတယ်။
ကံသာကျေးရွာဟာ ဘုတင်မြို့ရဲ့ အရှေ့တောင်ဘက် ၃ မိုင်ကွာဝေးပြီး အိမ်ခြေ ၂၅၀ ရှိတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။ လက်ရှိ အဖမ်းခံထားရတဲ့ ကလေးသုံးဦးကတော့ မောင်ဇော်ဦး၊ မောင်ဇော်ဇော်၊ မောင်မင်းထက် တို့ ဖြစ်ပါတယ်။
သူတို့ ၃ ဦးကို ဘုတလင်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။DVB
မိုးကုတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် လင်မယား ၂ ဦး၊ ဒီပဲယင်းတွင် ရဲတစ်ဦး၏ မိဘ ၂ ဦး ၊ မုံရွာတွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ ၁ ဦး စုစုပေါင်း ၅ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် စျေးကြီးဒေါင့်တွင် စက်တင် ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် မိုးကုတ်မြို့ အရှေ့ပိုင်း ၊ စျေးကြီးတိုက်တန်းဒေါင့်တွင် ကြက်ဥအရောင်းဆိုင် ဖွင့်ထားသော ကြံ့ခိုင်ရေးပါတီဝင် လင်မယား ၂ ဦးကို သေနတ်သမားက စျေးဝယ်ဟန်ဆောင်၍ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
မိုးကုတ်မြို့မှ ပစ်သတ်ခံရသူ လင်မယား ၂ ဦးသည် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြပြီး အသက် ၆၀ ဝန်း ကျင်ရှိနေကြကာ စစ်ကောင်စီသတင်း ပေးဟု ရပ်ကွက်တွင် နာမည်ထွက်နေသူများဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာတွင် ရဲအရာရှိတစ်ဦး၏ မိဘ ၂ ဦးဖြစ်သည့် ဦးမောင်အေးနှင့် သူ၏ဇနီးကို စက်တင် ဘာလ ၅ ရက်နေ့တွင် အမည်မသိ သေနတ်သမားများက နေအိမ်အတွင်းသို့ ဝင်ရောက် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။ “ဦးမောင်အေးမှာ ရဲအရာရှိသား တစ်ဦးရှိတယ်။ သူ့မိန်းမကတော့ ရဲရဲ့ မိထွေးပေါ့။
သေနတ်နဲ့ ပစ်သတ်ခံရတာ ပွဲချင်းပြီးပဲ ဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ စစ် ကိုင်းတိုင်း၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရပြီး နာမည်ကျော်ကြားသူ ချမ်းသာမိုးသည် ယမန်နေ့ညနေ အပြင်ထွက်စဉ် ဓားဖြင့် ထိုးခံရပြီး ဆေးရုံရောက်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit
ဖျာပုံမြို့ အမှတ်( ၄ )ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုပု ဆိုသူကို အမည်မသိ သေနတ်သမားတစ်ဦးက စက်တင်ဘာ ၅ ရက် ညနေ ၆နာရီခန့်တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ခြင်းခတ်ပြီး ပြန်လာသည့် ဦးချိုပုကို အမည်မသိသေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးချိုပု၏ ပေါင်တွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဦးချိုပုကို ဆိုင်ကယ်နဲ့လိုက်ပြီးပစ်တာ ပထမ တစ်ချက်ကလွဲပြီး နောက်တစ်ချက်မှာပေါင်ကိုထိသွားတယ်လို့ပြောတယ်ဗျ။ ဖြစ်သွားတဲ့နေရာကို ဒလန်တွေနဲ့ ရဲတွေပဲ သေသေချာချာသွားကြည့်ရဲတာ ကျန်တဲ့သူက သေသေချာချာသွားမကြည့်ရဲဘူး။ တရားခံလို့စွပ်စွဲပြီးဖမ်းမှာ ကြောက်လို့ပါ”လို့ဒေသခံတစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်အပြီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့်ရဲများက ပိတ်ဆို့ရှာဖွေမှုများနှင့် မတရားဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို ပြည်သူလူထုက စိုးရိမ်နေကြသည်။mizzima
khit thit