ဖောင်းကားတွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြ




khit thit
khit thit
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမဘေး ဝဲ၊ ယာမှာ လမ်းဘေးစျေးသည်တွေ စျေးရောင်းချခြင်း မပြုဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၁၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်က လိုက်လံ ဆော်ဩနေပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ဗဟိုလမ်းမကြီးကို တောင်မှမြောက်၊ ဗားကရာလမ်းမကြီးကို ဗားကရာလမ်းကနေ ဟံသာဝတီလမ်းဘက်တောင်မှ မြောက်၊ ဟံသာဝတီအဝိုင်းမှ ဗားကရာအထိ ကျွန်းတောလမ်းမကြီးကို မြောက်မှ တောင် တစ်လမ်းသွား အဖြစ် သတ်မှတ်လိုက်တယ်လို့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ပေါက်ကွဲမှုအပြီး စမ်းချောင်းမြို့နယ်ထဲ လုံခြုံရေးတင်းကျပ်ထားသလို စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း ဂွစျေးကို ပိတ်ခိုင်းထားပြီး လမ်းတစ်ချို့ကို ပိတ်ဆို့ထားပါတယ်။DVB
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းအမျိုးသားတပ်မတော် (CNA ) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CDF )ထန်တလန်တို့ပူးပေါင်းပြီး စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ဝင်တိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယနေ့နံနက်ပိုင်းက စတင်သည့် ထိုတိုက်ပွဲသည် လက်ရှိသတင်းရေးသားနေချိန်( ညနေ ၅နာရီ မိနစ် ၃၀ ဝန်းကျင်) အထိ တိုက်ပွဲမပြီးသေး ကြောင်း ၎င်းပြောသည်။
ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲလ်အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်နေ ကြောင်း သိရပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ခြောက်ကြိမ်တိုင်တိုင် ဗုံးလာကြဲကြောင်း CNF တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က အကျအဆုံး များနေပြီး နှစ်ဘက် ထိခိုက်မှုကို အတိအကျကို မသိရှိရသေးသော်လည်း အရပ်သား ခုနှစ်ဦးမှာ ဗုံးဒဏ်ကြောင့် ဒဏ်ရာခဲ့သည့်အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ်အချို့လည်း ဗုံးထိကာ ပျက်စီးသွားကြောင်း သိရသည်။mizzima
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက် ၁၃ လမ်း၊ ၈၃ လမ်းနဲ့ ၈၆ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီ လောက်က လက်လုပ်ဗုံးကွဲပြီး စစ်ကောင်စီတပ်သား ၁ ဦး ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။
ရပ်ကွက်ရုံး အနောက်ဘက်ရှိ လူမှုဖူလုံရေးဝန်ထမ်းအိမ်ရာအတွင်း ကနေ လက်လုပ်မိုင်းနဲ့ ပစ်တာဖြစ်ပြီး ရုံးအနောက်ဘက်ခြံစည်းရိုးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြချက်အရ သိရပါတယ်။
အဆိုပါလက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ ဒုအရာခံဗိုလ် သိန်းတန်ရဲ့ ညာခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ လက်နက်ကိုင်စစ်တပ်က ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။DVB
မကွေးမြို့၊ မြသလွန်စေတီတော်တောင်ခြေတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော တပ်စခန်းဂိတ်တွင် ယနေ့ ညနေ ၄ နာရီခွဲက ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အထိအခိုက်တော့ သေချာမသိရသေးပါဘူးဗျ။ အသံကတော့ တော်တော်ကျယ်ပါတယ်။ မကွေးမြသလွန်စေတီတော်တောင်ခြေရှိ စစ်ကောင်စီတပ်စခန်းဗုံးခွဲခံရပါတယ်။ အသံကလည်းကျယ်ပါတယ်။ ပေါက်ကွဲသံထွက်ပြီးနောက် အဲဒီဘက်ကို ရဲကားတွေ အရေးပေါ်အသံဖွင့်ပြီးမောင်းသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် မကွေးမြို့၊မြို့သစ်တွင် ယနေ့ နံနက်ပိုင်း ပြည်သူ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မြို့သစ်က ပုတီကုန်းရွာနားမှာ ဒီနေ့ နံနက် ၁၁နာရီ ၄၅ လောက်က သေနတ် ၃ချက် ပစ်တာသေချာပါတယ်။ ဘာကြောင့်ပစ်တာလဲတော့မသိဘူး။ ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက်ကိုပစ်တာလို့ပြောတယ်။
သေနတ်ထိမှန်တယ်လို့သိရပါတယ်”ဟု ဒေသခံတစ်ဦးကေ ပြာဆိုသည်။ မြို့သစ်မြို့နယ်နှင့် ကပ်နေသည့် တောင်တွင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း ပစ်ခတ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။khit thit
khit thit
မကွေးတိုင်း၊ ရေနံချောင်းမြို့ ယာပြင်-အင်တောလမ်းပေါ်ရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၀ ရက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်
ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၇ ရက် မနက်က စစ်ကောင်စီလက်အောက်ခံ ရက်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သတိပေးတဲ့အနေနဲ့ ရေနံချောင်းမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲကာ သတိပေးခဲ့ပါတယ်။
ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချေမှုန်းရေးနဲ့ စစ်ကောင်စီ ယန္တရားရပ်တန့်ရေး လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီယန္တရားနဲဒ့ လုံးဝမပက်သက်ဘဲ တော်လှန်ရေးမှာ အတူပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။DVB
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ် သော်လဲထစခန်း တဖက်ကမ်းရှိ မဲ့ဆမ်လဲ့ကျေးရွာတွင် ဗုံးခိုကျင်းများတူးထားကြရန် ထိုင်းဒေသအာဏာပိုင်များမှ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်း သတိပေးနှိုးဆော်နေကြောင်း ဒေသသတင်းရင်းမြစ် Salween Press တွင် ဖော်ပြသည်။
“သံလွင်မြစ်ကမ်းနဲ့အနေနီးတဲ့လူတွေကို ဗုံးခိုကျင်းတူးဖို့မနေ့က နှိုးဆော်တာ။ ၁၃ ရက်နေ့၊ ၁၄ ရက်နေ့မှာ သတိထားနေထိုင်ဖို့ပါ။ ဘာကြောင့်လဲဆိုတာတော့ တိတိကျကျမပြောဘူး” လို့ မြစ်နဲ့အနေနီးတဲ့ သောလယ်ထရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ မဲ့ဆမ်လဲ့ ကျေးရွာသည် နယ်စပ်ရွာဖြစ်သည့်အလျှောက် ထိုင်းလူမျိုးများနှင့် ကရင်လူမျိုးများ ရောနှောနေထိုင်ကြသည်။
မြန်မာနိုင်ငံဘက်ခြမ်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဒေသဖြစ်ပြီး KNLA မှ ပြန်လည် တိုက်ခိုက်သိမ်း ပိုက်ထားသော သော်လဲထစခန်း တည်ရှိသည်။သော်လဲထစခန်းအား ဧပြီလ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် KNLA တပ်သား ၃ ဦး ကျဆုံးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စခန်းများ လက်လွတ်ဆုံးရှုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံး ပြုကာ KNU ထိန်းချုပ်ရာ ကျေးရွာများအတွင်း လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ကျည်ဆံအချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။khit thit
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေအနီး ယနေ့ (စက်တင်ဘာ ၁၀) ညနေ၌ စစ်သားများရှိနေသော စစ်ဆေးရေးဂိတ်ကို မြင်၍ ဆိုင်ကယ်ပြန်ကွေ့စဉ် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြင်တွေ့ခဲ့သူများအဆိုအရ သိရသည်။
ယနေ့ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားများက ကိုဗစ်နိုင်တင်းအကြောင်းပြကာ လမ်းပေါ် သွားလာသူများကို တားဆီးစစ်ဆေးနေခြင်းဖြစ်သည်။
“အဲ့ဒီဆိုင်ကယ်က ဆီဖြည့်ပြီး ထွက်လာတာ။ ဆီဆိုင်ကနေ ထွက်ပြီး လမ်းကွေ့ကွေ့ချင်းပဲ စစ်သားတွေ စစ်နေတဲ့ဂိတ်ကို မြင်လို့ထင်တယ်။ နောက်ပြန်ကွေ့တာမှာ သေနတ်နဲ့လှမ်းပစ်တာ၊ မှန်သွားတာပဲ သိရတယ်။ ဒဏ်ရာ ဘယ်လိုရသွားလဲတော့ကျွန်တော်တို့လည်း မမြင်ရဘူး”ဟု အဆိုပါနေရာအနီးတွင် ရှိနေခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးမြို့၏ မြောက်ဘက်ဝင်ထွက်ပေါက်ဖြစ်သည့် မတ္တရာလမ်းပေါ်တွင် စစ်တပ်က ရွှေကျင်တိုးဂိတ်အနီးနှင့် မန်းလေးတောင်ခြေအနီးတို့ စစ်ဆေးရေးဂိတ် နှစ်ခုထားရှိကာ စစ်ဆေးနေခြင်းဖြစ်သည်။
မန္တလေးမြို့တွင်းတွင် ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ရန်ဟု အကြောင်းပြကာ ဩဂုတ်လဆန်းမှ စတင်ကာ စစ်ဆေးရေးဂိတ်များချပြီး စစ်သားနှင့် ရဲများက ဖုန်းနှင့် ဆိုင်ကယ်များ စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ၊ ငွေညှစ်တောင်းခံမှုများ မကြာခဏ လုပ်ဆောင်နေသည်။
ထို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းသည့် မန္တလေးမြို့တွင် နေထိုင်သူများက ၎င်းတို့ကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားလာနေကြရသည်။
မန္တလေးတွင်လည်း စစ်ကောင်စီတပ်သားများ၊ အုပ်ချုပ်ရေးရုံးများ၊ စစ်ကောင်စီလက်ပါးစေများ တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ဩဂုတ် ၃ တွင် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဩဂုတ် ၉ တွင် အမှတ် (၁) ရဲစခန်း၊ ဩဂုတ် ၁၁ တွင် ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဩဂုတ် ၁၈ တွင် ချမ်းအေးသာစံမြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဩဂုတ် ၁၉ တွင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဧည့်စာရင်းဓမ္မာရုံ၊ ဩဂုတ် ၂၉ တွင် စစ်ယာဉ်တန်း၊ ၃၀ ရက်တွင် ဦးပွားဂုံးကျော်တံတားအနီး စစ်ကောင်စီစခန်း၊ စက်တင်ဘာ ၇ တွင် မန္တလေးတောင်ခြေမှ တပ်ရင်းတစ်ခုနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းတစ်ခု၊ ၈ ရက်တွင် မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့ တိုက်ခိုက်ခံထားရသည်။ myanmar mow