Monthly Archives: Sep 2021

ဖားကန့်မြို့ရှိ စစ်ကာင်စီစခန်းချရာ ဗျူဟာကုန်းပေါ် ရဟတ်ယာဉ် ၃စီးဖြင့် ပစ္စည်းလာချ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ် သုံးစီးဖြင့် ယနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က လက်နက်များဟု ယူဆ၍ရနိုင်သည့် ပစ္စည်းတချို့လာချသွားကြောင်း ဒေသခံများက မဇ္ဈိမသို့ သတင်းပေးပို့ထားသည်။

” စစ်ရဟတ်ယာဉ် စုစုပေါင်း ၃စီး ပျံနေတာ။ တစ်စီးက အပေါ်ကနေ ကင်းစောင့်ပေးနေတာလား မသိဘူး။ တစ်စီးအရင်ဆင်းလာပြီး လက်နက်လာချသွားတယ်။ ပထမတစ်စီးက ပစ္စည်းချတာ ၁၅မိနစ်ကြာတယ်။ နောက်တစ်စီးက ၈ မိနစ်ကြာတယ်။ အရင်ရက်ကလည်း အဲလိုပဲ။ လက်နက်‌ တွေလာချတာထင်တယ်။

ဒီမှာတော့ အင်တာနက်လည်း မရဘူး။ စစ်ရေးတင်းမာလာမှာလားဆိုပြီး အားလုံး စိုးရိမ်နေကြတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။ စက်တင်ဘာ ၉ ရက်ကလည်း ဖားကန့်မြို့ပေါ်တွင် စစ်ရဟတ်ယာဉ်များပျံဝဲခဲ့ပြီး တပ်မ( ၃၃ )စခန်းချရာ ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းပေါ် လေယာဉ်ဆင်းသက်မှု ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့နယ်သည် စစ်ကောင်စီတပ်များနှင့် KIA တို့ မကြာခဏထိတွေ့ တိုက်ပွဲဖြစ်လေ့ရှိသည့် ဒေသဖြစ်ပြီး ဩဂုတ် ၂၀ ရက်ကစ၍ အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည်။mizzima

ယင်းမာပင်မြို့နယ်တွင် တတိယ​မြောက် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ​ရင်​ပေါင်တိုင်​ကျေးရွာ မန်း​ကျောင်းအနီးမှာရှိတဲ့ MYTEL TOWER တိုင်စက်ကို စက်တင်ဘာ ၁၀ ရက် ​ညပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

Mytel တာဝါတိုင်စက် ​ဖောက်ခွဲဖျက်ဆီးရတာ ဟုတ်မှန်​ကြောင်းနဲ့ မနေ့ည ၉ နာရီ​ခွဲလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတာလို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ Mytel တာဝါတိုင်စက် မိုင်းခွဲဖျက်ဆီးခံရတာ စုစု​ပေါင်း ၃ ခုအထိ ရှိလာပြီဖြစ်ပြီး စက်တင်ဘာ ၄ ရက်က ​တာဝါတိုင်  ၂ ခု ဖျက်ဆီးခံခဲ့ရပြီး ​စက်တင်ဘာ ၁၀ ရက် ညက ​နောက်ထပ် ၁ ခု ထပ်မံဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။DVB

ကေအန်ယူ ထားဝယ်မြို့နယ်ဥက္ကဋ္ဌကို စစ်ကောင်စီဖမ်းဆီး

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ မြိတ်ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဆီးကို  စစ်ကောင်စီတပ်က စက်တင်ဘ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ကေအန်ယူ မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။ 

ထားဝယ်ခရိုင်မြိုနယ် ဥက္ကဋ္ဌ ပဒိုစောဆီးဟာ ထားဝယ်ခီးဒေသကနေ သူ့ရဲ့မြို့နယ်ဆအပြန် ပကာရီ ကျေးရွာမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

သူ့ကားမှာ လက်နက် ၃ လှည့်ပါတယ်လို့ဆိုကာ အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ်လက်အောက်ခံ ခမရ ၄၀၂ က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ သူ့ကို ထားဝယ်မှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပြီး သူပြန်လည်လွတ်မြောက်လာဖို့ ကေအန်ယူခေါင်းဆောင်တွေက ဆက်သွယ်ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း ပဒိုစောအယ်နာက ပြောပါတယ်။ DVB

မန္တလေးကန်တော်ကြီးပတ်လမ်းအနီး စစ်ကား ဗုံးခွဲခံရ၊ စစ်သား၂ ဦးထိ

မန္တလေး ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်းအရှေ့ဘက်ထိပ်မီးပွိုင့်တွင် အစောင့်ချထားသည့် စစ်ကားတစ်စီး ယနေ့ ညနေ ၅နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခံရသည်။

တိုက်ခိုက်မှုအတွင်း အနည်းဆုံး စစ်သားနှစ်ဦး သေဆုံးဖွယ်ရှိကြောင်း မျက်မြင်တွေ့သူတစ်ဦးက မဇ္ဈိမကိုပြောသည်။ “ကန်တော်ကြီးထိပ် စစ်ကိုင်းမန္တလေးလမ်း မီးပွိုင့်မှာပါ၊ အဲ့နားမှာကင်းချထားတဲ့ စစ်ကားတစ်စီးဒီရက်ပိုင်းသတိထားမိတယ်။

အဲဒီကားကိုဗုံးနဲ့လှမ်းပစ်သွားတာတဲ့၊ ကျွန်တော်တို့အဲဒီဘက်ဖြတ်တော့ ဆေးရုံကားတွေလည်းယောက်ယက်ခတ်နေတယ်။ စစ်သားနှစ်ယောက်သေတယ်၊ ဒဏ်ရာရတာတွေလည်းရှိတယ်လို့ပြောတာပဲ” ဟု မြို့ထဲအလုပ်ဆင်းပြီးအိမ်ပြန်လာသည့် အမရပူရမြို့နယ်ဒေသခံတစ်ဦးကပြောသည်။ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များသည် မီးပွိုင့်အနီးတစ်ဝိုက် အင်အားအများအပြားဖြင့် လမ်းသွားလမ်းလာများကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုည ၈နာရီအထိလည်း အနီးအနားက ရပ်ကွက်များထဲ ဝင်ရောက်စစ်ဆေးလျက်ရှိသည်။mizzima

ခင်ဦးမြို့နယ်တွင် ကိုထွန်းမြင့်နိုင်အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကိုထွန်းမြင့်နိုင်အပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်များက ယနေ့ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ခင်ဦးမြို့နယ် ကံသစ်ရွာမှ အသက် ၃၀ နှစ်ရှိ ကိုထွန်းမြင့်နိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားပြီး လမ်းတွင် နောက်စေ့တစ်ချက်၊ ကျောနှစ်ချက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။”သေဆုံးသူ ကိုထွန်းမြင့်နိုင်မှာ အသက်၅နှစ်အရွယ် ကလေးတစ်ဦးနှင့် ဇနီးဖြစ်သူတို့ကျန်ရစ်ပါတယ်။

သူက ဆိုင်ကယ်ပြင်ဆရာပါ။ မေးမြန်းစရာ ရှိတယ်ဆိုပြီး ခေါ်သွားပြီး ပစ်သတ်တာပါ”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ ယနေ့ နံနက်ပိုင်း ခင်ဦးမြို့နယ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များက ခရီးသွားပြည်သူ ၂ ဦးကို ပစ်သတ်ပြီး အလောင်းလုယူသွားကြောင်း သိရှိရသည်။

“ကင်းလှည့်တယ်ပေါ့ စစ်ကောင်စီတပ်တွေက။ အဲဒါ ခရီးသွားပြည်သူ ၂ ဦး ဆိုင်ကယ်နဲ့သွားနေတာ ပစ်သတ်လိုက်တယ်။ ပြီးတော့ အလောင်းတွေကို ကားပေါ်တင်သွားတယ်။ အဲဒါကို မြင်လိုက်ကြသူတွေရှိပါတယ်။ ပစ်သတ်ခံရသူတွေက ဘယ်သူတွေမှန်း မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခုအခါ ပြည်လူထုကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို အရှိန်အဟုန်မြှင့်လုပ် ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit

မန္တလေးမြို့ စစ်ကိုင်း – မန္တလေး လမ်းပေါ် ကန်တော်ကြီးအနီး ပစ်ခတ်မှုဖြစ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်း – မန္တလေး လမ်းပေါ်၊ ကန်တော်ကြီးအနီးမှာ စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲ အချိန်လောက်က ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

ကနဦး ဗုံးသံ အရင်ကြားရတာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေက အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ကာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ဗုံးသံက မြေပါတုန်တယ်။ ဗုံးသံကြားပြီး သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ။ ထိခိုက်ဒဏ်ရာတော့ မြေပြင်အခြေအနေမသိရသေးဘူး။ ဘယ်သူမှ မထွက်ရဲဘူး” လို့ ပြောပါတယ်။

စစ်ကိုင်း – မန္တလေး လမ်းပေါ်၊ ကန်တော်ကြီးအနီးမှာ အမြဲလိုလို စစ်ကောင်စီတပ်သားတွေ စောင့်နေတာရှိပြီး “မိုက်တဲ့ကောင် ထွက်ခဲ့” ဆိုတဲ့ အော်သံတွေပါ ကြားရတယ်လို့ ဆိုကြပါတယ်။

ပစ်ခတ်မှုဟာ ဘယ်လိုကနေ စတင်ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။DVB

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့်အပစ်ခံရ

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရကြောင်း မြို့နယ်တွင်နေထိုင်သူများက ပြောသည်။

ညနေ ၆ နာရီခွဲခန့်တွင် (၁) ရပ်ကွက် မြို့သစ် (၄) လမ်းရှိ လဘက်ရည်ဆိုင်တစ်ဆိုင်တွင် (၂)လမ်း ရာအိမ်မှူး စိန်သောင်းဆိုသူမှာ လဘက်ရည်သောက်နေစဥ် သေနတ်ဖြင့်အပစ်ခံရခြင်းဖြစ်သည်။

” အပစ်ခံရတာ စိန်သောင်းတဲ့။ သေမသေတော့ မသိသေးဘူး” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။လက်ရှိတွင် (၄) လမ်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိကာ စစ်ဆေးနေပြီး ဆဲဆိုခြင်းများလည်း ရှိနေသည်ဟု သိရသည်။mizzima

ဖာပွန်ခရိုင်၌ စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်းနင်းမိပြီး ရွာသား ၁ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ စက်တင်ဘာလ ၁၁ ရက်က  စစ်ကောင်စီတပ်မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးကို ရွာသားတစ်ယောက်က နင်းမိဒဏ်ရာရပြီး ခြေတောက်တစ်ဖက် ဆုံးရှုံးသွားရပါတယ်။

ဖာပွန်ခရိုင် အနောက်ဘက်ရှိ မတ်ထောရွာမှာ နေထိုင်တဲ့ရွာသားတွေဟာ  ဒီကနေ့မနက် ၉  နာရီလောက်က  တောင်ယာအလုပ်သွားရင်း စစ်ကောင်စီလက်အောက်ခံ ခလရ ၄၀၇ စစ်တပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို ရွာသား စောကျူးပီးအသက်(၂၆)နှစ်က တက်နင်းမိရာ ဘယ်ခြေထောက်ပြတ်သွားသလို ညာဘက်လက်မှာလည်း အနည်းငယ်ဒဏ်ရာရရှိသွားပါတယ်။  

ပြင်းထန်ဒဏ်ရာရသွားတဲ့ စောကျူးပီးကို  ဖာပွန်ခရိုင်အတွင်းရှိ ကေအန်ယူ ဆေးရုံသို့ ပို့ဆောင် ကုသပေးနေပါတယ်။

သထုံခရိုင်၊ ဖာပွန်ခရိုင်နဲ့ တခြားခရိုင်တွေမှာ စစ်ကောင်စီတပ်တွေက အန်စီအေအပစ်ရပ်သဘောတူစာချုပ်ကို ချိုးဖောက်ပြီး နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် KNU/ KNLA တပ်တွေက ပြန်လည်ခုခံတိုက်ခိုက်နေရပါတယ်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးယူထားတဲ့ ကာလမှာတောင် စစ်ကောင်စီတပ်တွေက ကေအန်ယူနယ်မြေထဲ ဝင်ရောက်အခြေချလာတဲ့အတွက် နယ်မြေလုံခြုံမရှိဖြစ်နေရတယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

ဒါ့အပြင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ရွာသားတွေကို  ဖမ်းဆီးတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေ မလုပ်ကြဖို့ကိုလည်း  ဖာပွန်ခရိုင်မှာနေထိုင်တဲ့ ဒေသခံတွေက တောင်းဆိုပါတယ်။DVB

« Older Entries