ဖောင်းကတာတွင် အိမ်စောင့် စစ်ခွေးမောင်းချရေး သံပုံးတီး ညသပိတ်ပြုလုပ်




khit thit
khit thit
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ ၂ ဦးနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီသတင်းဒလန်ဟု စွပ်စွဲခံရသူ ၁ ဦး ယနေ့ အသတ်ခံရကြောင်း သိရှိရသည်။
ခင်ဦးမြို့နယ်၊ လက်ပံကြီးကျေးရွာသား ဖိုးချောသည် ပျူစောထီးအဖြစ်သာမက စစ်ကောင်စီသတင်းပေး ဒလန်အဖြစ် ဆောင်ရွက်နေသဖြင့် တောကြီးမြွေဟောက်အဖွဲ့က ယနေ့ ခင်ဦးရွှေဘို မူးဘောင်တွင် သတ်ဖြတ်လိုက်ကြောင်း၊ အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာသား စစ်ကောင်စီနောက်လိုက် သတင်းပေး ပျူစောထီးအဖြစ် လုပ်ကိုင်နေသော တိုးလှိုင်ကိုလည်း ယနေ့နံနက်ပိုင်းတွင်ပင် တောကြီး မြွေဟောက်- ခင်ဦး သတ်ဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။
“တိုင်းလှိုင်နဲ့ ဖိုးချော အသတ်ခံရတာ ဟုတ်တယ်။ အခု စစ်ကောင်စီတပ်တွေ အင်အားအပြည့်ဝင်လာလို့ ရွာသားတွေ အကုန်ထွက်ပြေးနေကြပြီ။ အရင်ကတည်းက ပြေးနေရတာ အခုကတော့ ရွာလုံးကျွတ် ပြေးနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မန္တလေးတိုင်း မိုးကုတ်မြို့ ၊ အရှေ့ပိုင်း ရွှေဂူ( ၁၉ )ရပ်ကွက်တွင် ဒလံဟု စွပ်စွဲခံရသူ အောင်ကျော်မိုးသည် သူ၏ နေအိမ်၌ပင် ယနေ့ ညနေ ၅ နာရီဝန်းကျင် သေနတ်ဖြင့် ၃် ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါသည်။အောင်ကျော်မိုးသည် အရန်မီးတပ် တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။khit thit
ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအနီးတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့မှ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄ ဦးခန့် ကျဆုံးနိုင်ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၅ ရက်တွင်လည်း ဒီးမော့ဆို၊ ထွီးလွှီးဘီလာကျေးရွာအနီး ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ စံပြ ၆ မိုင်ကျေးရွာမှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအထိ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမတလျှောက် ည ၆ နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုကြရန် KNDF မှ အသိပေးထုတ်ပြန်ထားသည်။khit thit
တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)ကျောင်းသားလူငယ်များ ဦးဆောင်ပြီး စစ်အာ ဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက် နက်ကိုင်တော်လှန်ရန် ကျောင်းသားလက်ရုံးတပ်တော်ကိုဖွဲ့စည်းခဲ့ကြောင်းပြည်သူလူထုသို့အသိပေးထုတ်ပြန်သည်။
ကျောင်းသားလက်ရုံးတပ်တော်သည် လူမျိုးစုလက် နက်ကိုင်အဖွဲ့အစည်းတခုမှ မဟာမိတ်ပြုထောက်ပံ ကူညီပေးခြင်းဖြင့် ၂၀၂၁ခုနှစ် ဧပြီ ၂၇ရက်နေ့မှာ စတင်သန္ဓေတည်ခဲ့သည်ဟုသိရသည်။
ကျောင်းသားလက်ရုံးတပ်တော်သည် တော်လှန်ရေးအင်အားစုများ နှင့် မဟာမိတ်ပြုလက်တွဲ၍ နိုင်ငံတော်သစ်ထူထောင်ရေးအတွက် အသက်နှင့်ခန္ဓာကို ရင်းကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကျောင်းသားပြည်သူတစ်ရပ်လုံးအား တိုင်တည်သစ္စာပြုကြောင်း ကျောင်းသား လက်ရုံးတပ်တော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။khit thit
khit thit
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ ‘မြန်မာအတွက် ကမ္ဘာလုံးဆိုင်ရာ စာနာကူညီမှု အလှူငွေ ဓမ္မတေးဂီတပွဲ’ ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ရက် က အိန္ဒိယနိုင်ငံ ဒေသစံတော်ချိန် ၈နာရီအချိန်တွင် အိုက်ဇောမြို့အခြေစိုက် Glory Mizo Channel ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။ ပွဲတွင် အစီအစဉ်မှူးများအဖြစ် အဆိုတော် Vanlalsailova နှင့် Esther Zongte တို့က ဆောင်ရွက်ခဲ့ကြပြီး Vanlalsailova , Hlimhlimi , Duhsaki Khingte, Lalrindiki Khiangte , Zorema Khingte , Maruati -နှင့် မြန်မာနိုင်ငံမှ Myanmar Idol အဆိုတော် Benjamin Sum တို့က ပါဝင်ဖျော်ဖြေခဲ့ကြသည်။
ဂီတပွဲတော်တွင် မီဇိုရမ်ဒေသတွင်းပြည်သူများသာမက အင်္ဂလန် ၊ အမေရိကန် ၊ သြစတေးလျ နှင့် ကမ္ဘာတဝန်းလုံးရှိ ဇို (ချင်း) လူမျိုးများက ပါဝင်ထည့်လှူခဲ့ကြသည်။ ဂီတပွဲတော် ဖွင့်ပွဲတွင် ပွဲဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးဖြစ်သည့် Dr. Dennis Ramdinmawia က မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်သားများ ကြုံတွေ့နေသည့်အခက်အခဲများနှင့် မြန်မာ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ဗွီဒီယိုများနှင့်တကွ ရှင်းပြပြီး ဒုက္ခအတိရောက်နေကြသည့် မြန်မာပြည်မှ သွေးချင်းညီအကို ဇို (ချင်း) များအတွက် တတ်နိုင်သလောက် ကူညီကြရန် လိုအပ်ကြောင်း ရှင်းလင်းတင်ပြသွားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံမှ သွေးထွက်သံယိုဖြစ်ပွားမှုများနှင့် အခက်အခဲဒုက္ခများသည် ရပ်တန့်သွားမည့် အရိပ်အခြည် မတွေ့ရဘဲ ဆက်လက်ဆိုးရွားလာဦးမည့် အခြေအနေများကိုမြင်တွေ့ နေရသည့်အတွက် ဂီတပွဲတော်များနှင့် အလှူငွေကောက်ခံခြင်းများကို စက်တင်ဘာ တစ်လလုံး ဆက်လက်ပြုလုပ်သွားရန် ရည်ရွယ်ထားသည့်အတွက် အတတ်နိုင်ဆုံးကူညီပေးကြရန် ၎င်းက တိုက်တွန်းနှိုးဆော်သည်။
အဆိုပါဂီတပွဲအပြီးတွင် လက်ခံရရှိထားသည့် အလှူငွေ ရူပီး ၂၄သိန်း ကျော် (မြန်မာငွေ ကျပ် ၅၇၆ သိန်းကျော် )ကို မြန်မာနိုင်ငံမှ တိုက်ပွဲရှောင်များအတွက်လိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ အပါအဝင် တိုက်ပွဲရှောင်ဦးရေ တစ်သောင်းကျော်ခိုလှုံလျက်ရှိနေသည်။mizzima
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ ကနီဒေသမှ PDF ခေါ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရဲစခန်းငယ်တစ်ခုကို သိမ်းပိုက်ရန် ကြိုးစားသော်လည်း ရာသီဥတုဆိုးရွားခြင်း၊ စစ်ကောင်စီတပ်၏ စစ်ကူများ လေကြောင်း၊ ရေကြောင်းမှ ရောက်လာခြင်းတို့ကြောင့် တပ်ဖျောက်ခဲ့ရသည်ဟု သိရသည်။
စက်တင်ဘာ ၁၁၊ ည ၈ နာရီခန့်တွင် ကနီမြို့နယ်၊ အင်းပေါင်းဒေသ၊ ဝင်းမနားကျေးရွာအုပ်စု၊ ဝင်းမနားရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ဒေသခံ PDF အဖွဲ့ဝင်များက ဝိုင်းလိုက်ကြပြီး ရဲများ လက်နက်ချရန် စည်းရုံးခဲ့သည်ဟု ထိုတိုက်ပွဲကို ဦးဆောင်ခဲ့သည့် အနောက်မြောက်လွင်ပြင်ဒေသ၌ အခြေစိုက် တိုက်ပွဲဝင်နေသော မြန်မာ့ကာကွယ်ရေးတပ်ဖွဲ့ (MDF) ၏ တိုက်ခိုက်ရေးမှူး ကိုဂျိမ်းက ပြောသည်။
“သူတို့အနေနဲ့ လက်နက်ချပြီးတော့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ CDM လုပ်ပေးဖို့ပေါ့။ အဲ့ဒီလို လုပ်ဆောင်တဲ့ အခါမှာလည်း သူတို့အတွက် နစ်နာမှုမရှိအောင် ပြည်သူတွေဘက်ကနေပြီးတော့ ကာကွယ်ပေးမယ်။ ထောက်ပံ့ကူညီမှုတွေပေးမယ်ဆိုပြီးတော့ စည်းရုံးခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်နက်မချသဖြင့် ည ၁၀ နာရီတွင် စတင်တိုက်ခိုက်ခဲ့ကြရာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။
“ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် မိုးအရမ်းရွာပြီးတော့ ကျွန်တော်တို့ဆီမှာပါလာတဲ့ တူမီးတွေက ပစ်ခတ်လို့ မရဘူးပေါ့။ ၂ နာရီနီးပါးလောက်တော့ တိုက်ပွဲဖြစ်လိုက်တယ်။ ကျွန်တော်တို့ဆီမှာပါလာတဲ့ အော်တိုဂန်းအနည်းငယ်နဲ့ ပစ်ခတ်မှုတွေဖြစ်တယ်”ဟု ၎င်းက ပြောသည်။
နောက်တစ်နေ့ မနက် ၈ နာရီခန့်တွင် ထပ်မံညှိနှိုင်းသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ရာသီဥတုအခြေအနေ ကောင်းမွန်လာ၍ အင်အားသုံးသိမ်းပိုက်ရန် ကြိုးစားခဲ့သည့် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်၏ လေကြောင်းစစ်ကူရောက်လာကြောင်း ကိုဂျိမ်းက ဆက်ပြောသည်။
“ပထမတစ်ခါ လာချတဲ့အခါမှာ လေကြောင်းစစ်ကူနဲ့ တရစပ်ပစ်တယ်။ ပစ်တဲ့အခါမှာ ကျွန်တော်တို့ အဖွဲ့တွေ ကစဉ့်ကလျားဖြစ်သွားတာပေါ့။ သူတို့ လူအင်အား ထပ်ချပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒုတိယတစ်ခေါက် လူလာချတဲ့အခါမှာလည်း လက်နက်ကြီးနဲ့ ထုတယ်။ လုံးဝ အရေးမသာတော့တာနဲ့ နောက်ဆုတ်ပြီးတော့ တပ်ဖျောက်ထားလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ချင်းတွင်းမြစ်ကို အဓိကထား အသုံးပြု
အဆိုပါ ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ကူ ၁၂၀ ခန့်ကို ရဟတ်ယာဉ်ဖြင့် ၆ ကြိမ် ပို့ဆောင်ခဲ့သလို ချင်းတွင်းမြစ်ကြောင်းမှ အင်အားဖြည့်တင်းခြင်းဖြင့်လည်း ကနီဒေသကို စိုမိုးနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။
ထို့နောက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကနီမြို့အနီးတွင် စစ်သင်္ဘော ၆ စင်း၊ တင့်ကား ၆ စင်း ရောက်လာကြောင်း ကိုဂျိမ်းက ပြောသည်။
ထိုစစ်ရေယာဉ် ၆ စင်း အနက် ၁ စင်းမှာ ယမန်နေ့ (စက်တင်ဘာ ၁၅) မနက်ပိုင်းတွင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ မင်းကင်း၊ ပန်းဆက်ရွာသို့ စစ်ကူသွားရောက် ပို့ဆောင်ခဲ့ပြီး၊ တင့်ကားများကို ဂန့်ဂေါ နှင့် ကလေးတွင် ဖြစ်ပွားသည့်တိုက်ပွဲများတွင် အသုံးပြုမည်ဟု ယူဆရကြောင်း ကိုဂျိမ်းက ဆက်ပြောသည်။
“ခုချိန်က ရေတက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် လက်နက်ခဲယမ်းအထောက်အကူတွေကို ပို့ဆောင်နေတယ်လို့ ကျွန်တော်ယူဆတယ်။ တင့်ကားတွေကတော့ ကျွန်တော်တို့ထင်တာကတော့ ဂန့်ဂေါနဲ့ ကလေးဘက်ကို အသုံးပြုဖို့အတွက် သူတို့လမ်းကြောင်းကို ရွေးတယ်လို့ထင်တယ်။ ကားလမ်းက တိုက်ခိုက်မှုတွေ၊ မိုင်းခွဲမှုတွေ တောက်လျှောက်ဖြစ်နေတာကြောင့် ရေကြောင်းလမ်းကို အသုံးပြုတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
ကနီဒေသတွင် သောင်းကျန်းနေသည့် စစ်ကောင်စီတပ်
စက်တင်ဘာ ၁၁ ဝင်းမနားရဲစခန်းတိုက်ပွဲအပြီး နောက်တစ်နေ့ (စက်တင်ဘာ ၁၂) ကနီ PDF များ အားကောင်းသည်ဟု ယူဆသည့် ကနီတောင်ပိုင်း၊ အင်းပေါင်းဒေသရှိ ကျေးရွာအုပ်စု ၄ စုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်စုံဆိုင် ၃ ဆိုင်ရှိ ပစ္စည်းများကို သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ကနီတောင်ပိုင်း၊ အင်းပေါင်းဒေသရှိ ဝင်းမနားကျေးရွာအုပ်စု၊ ထနောင်းပကားကျေးရွာအုပ်စု၊ ဘုတ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းပင်အိုင်ကျေးရွာအုပ်စုများတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး စစ်ကောင်စီ၏ အကြမ်းဖက်စီးနင်းမှုကြောင့် ဒေသခံ တစ်သောင်းကျော်ခန့်မှာ ၎င်းတို့ပိုင်ဆိုင်သည့် ယာခင်းများတွင် တိမ်းရှောင်နေကြရသည်ဟု ကနီ PDF ခေါင်းဆောင် ကိုဂျီက ပြောသည်။
“အင်းပေါင်း ၂၄ ရွာက ရွာတွေအားလုံးကို သူတို့က ပတ်ပြီးတော့ မွှေတယ်ဗျ။ သူတို့လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကိုလည်း ယူတယ်။ ရွာက ခေါင်းဆောင်တချို့ကိုလည်း ဖမ်းထားတယ်။ ခုလက်ရှိက သူတို့က ဝင်းမနားရွာထဲမှာပဲ။ အဲဒီရွာထဲက ကုန်စုံဆိုင် ၃ ဆိုင်ကို ဖောက်ထားတယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ကား ၂ စင်းနဲ့ ယူနေကြတယ်” ဟု ၎င်းက ပြောသည်။
ယခုကာလမှာ ကနီဒေသခံ မြေပဲစိုက်တောင်သူများ မြေပဲရိတ်သိမ်းရမည့် ရာသီချိန်ဖြစ်ပြီး တစ်ပတ်အတွင်း မရိတ်သိမ်းနိုင်ပါက ဆုံးရှုံးမှုများစွာကြုံတွေရမည်ဖြစ်သည်ဟု ကိုဂျီက ဆက်ပြောသည်။
“ ခုက ဘာမှ မလုပ်နိုင်ဘူး။ အကုန်လုံးကို ပစ်ထားပြီးတော့ ထွက်ပြေးကြရတာ။ ဒါတွေက ဒီတစ်ပတ်အတွင်းမှာ အပြီးလုပ်ရမည့် အလုပ်တွေဗျ။ ဆုံးရှုံးမှုကတော့ တော်တော်ကို များမှာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များသည့် ၎င်းတို့နှင့် တိုက်ပွဲပြင်းထန်ခဲ့သည့် ဝင်းမနားကျေးရွာအုပ်စုရှိ ဘီယာဆိုင်၊ အဝတ်အစားရောင်းချသည့်ဆိုင်၊ စားသောက်ကုန်ပစ္စည်းရောင်းချသည့်ဆိုင်များမှ ပစ္စည်းများကို စက်တင်ဘာ ၁၅ မနက်ပိုင်း၌ ကား ၂ စင်းဖြင့် တင်ဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းသို့ ဝင်လာစဉ်ကပင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းပိုင်ဆိုင်သည့်ကုန်စုံဆိုင်မှာ ကျပ်ငွေ သိန်း ၅၀ ဖိုးခန့်ပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု ဝင်းမနားကျေးရွာအုပ်စု၊ မကျည်းပင်အုပ်ကျေးရွာမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“သူတို့က ရွာကိုဝင်လာကတည်းက လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ပြီးတော့ ဝင်တာ။ ကုန်စုံဆိုင်တွေကို ဖောက်တုန်းကလည်း ဖောက်တဲ့သူက ဖောက်နေတာ၊ ပစ်တဲ့သူကလည်း ပစ်နေတာ။ သူတို့အနား မကပ်နိုင်အောင်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
အိမ်မီးရှို့ကာ ကုန်စုံဆိုင်များမှ ပစ္စည်းများလုယူသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်မှုရရေးအတွက် စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကနီမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဒေသခံ PDF များ အားကောင်းသည့် ဒီပဲယင်း၊ ဘုတလင်၊ ယင်းမာပင်မြို့နယ်များနှင့် ဆက်စပ်နေပြီး စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းခြင်းကို အများဆုံးခံနေရသည့် နယ်မြေတစ်ခုဖြစ်သည်။
ကနီမြို့နယ်၊ တောင်ပေါက်ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည်ကို ဇူလိုင် ၃၀ တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုသို့ ကလေးငယ်များအပါအဝင် အရပ်သားများကို စစ်ကောင်စီလက်နက်ကိုင်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကနီမြို့နယ်အတွင်း ၃ ကြိမ်တိုင်အောင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်း ၄၀ အထိ ဒေသခံများက ရှာဖွေတွေ့ရှိမှတ်တမ်းတင်ထားနိုင်ခဲ့သည်။
ကနီဒေသတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သတ်ပြီး မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီ ဂူတာရက်စ်ထံ ဩဂုတ် ၃ တွင် စာရေးသားတိုင်ကြားခဲ့သည်။myanmar now
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ ညနေပိုင်း စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ စိုးမြင့်ဝင်း သေနတ်ပစ်ခတ်ခံရပြီးနောက် ဗုံးပေါက်ကွဲမှု ပါ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ ၅/၇ ရပ်ကွက်၊ ချယ်ရီလမ်းတွင် ယနေ့ ညနေ ၃း၃၀ နာရီအချိန် စစ် ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူ စိုးမြင့်ဝင်းသည် နေအိမ်တွင်ရှိနေစဉ် အိမ်ရှေ့မှနေ၍ လူတစ်ဦးကသေနတ်ဖြင့်ပစ်ခတ်ကြောင်း၊ စိုးမြင့်ဝင်း၏ လည်ပင်းတွင်ကျည်ထိမှန်ကြောင်း သိရှိရသည်။ “သေဖို့များမယ်ထင်တယ်။ ဆေးရုံတော့ပို့လိုက်ပြီ။
သွေးတော့ အရမ်းထွက်တယ်။ ရွှဲနစ်နေတာပဲ။ သတင်းပေးလို့ ဒီဘက်မှာ သူ့ကို ပြောကြတာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စိုးမြင့်ဝင်းသည် စစ်ကောင်စီသတင်းပေးဟု အများက ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ယင်းနောက် ရွှေပြည်သာ လှော်ကားဘူတာ ရထားသံလမ်းအနီးတွင် ယနေ့ ညနေ ၄ နာရီခွဲကျော် ဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ လှော်ကားတာဆုံမှ လှော်ကားအောက်ဂိတ်အထိ အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ ရှာဖွေမှုများဆောင်ရွက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ အလားတူ ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ သံလျက်မော်အနောက် ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit
khit thit
ရန်ကုန်တိုင်း၊ မှော်ဘီမြို့ မီးသတ်ရုံးနှင့် စက်ပလိုင်းကားမှတ်တိုင်အနီးရှိ ခရစ်ယာန်ဘုရားကျောင်းသို့ စက်တင်ဘာ ၁၄ရက်က စစ်ကောင်စီတပ်သားများရောက်လာပြီး ဖာသာစတီးနူးနှင့် ကိုရင်အား ရိုက်နှက်သွားကြောင်း ဒေသခံများအပြောအရသိရသည်။
စစ်ကောင်စီတပ်သားနှင့် ရဲများက ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းတွင်ပြည်သူ့ကာကွယ်ရေးတပ် (PDF) များရှိသည် ဟု စွပ်စွဲကာ ဝင်ရောက်ရှာဖွေပြီး ဘုန်းတော်ကြီးနှင့်ကိုရင်အားရိုက်နှက်ကာ ကိုရင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ည ၉ နာရီလောက်မှာ သူတို့က(စစ်သားနှင့်ရဲ) ကျောင်းရဲ့ဂိတ်ကို ကျော်ပြီးဝင်လာကြတာ၊ အကြောင်းပြချက်ကတော့ ကျောင်းထဲမှာ PDF ၁၃ ဦးရှိတယ်လို့ ဒလန်ကသတင်းပေးလို့နေမှာပေါ့။ လာရှာကြတာ၊ ရှာမတွေ့လို့ ဘုန်းတော်ကြီးကို ရိုက်တယ်။ ကိုရင်လေးကဝင်ဆွဲတယ် ရိုက်တဲ့စစ်သားကို ။ အဲဒီမှာ သူလည်း အရိုက်ခံရတယ်။
ဘာPDF မှတွေ့မသွားဘူး” ဟုမျက်မြင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထို့နောက် ကိုရင်လေး၏ ဖုန်းအားစစ်ဆေးပြီး အမျုးိသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်သက်ဆိုင်သည့် ဓာတ်ပုံများတွေ့သည်ဟုဆိုကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မနက်ပိုင်းတွင်တော့ ကိုရင်လေးသည် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ “အခုဆိုရင် ဘုရားကျောင်းထဲမှာ ရှိတဲ့သူတွေက ဧည့်စာရင်းပုံစံမျိုး နေ့တိုင်း လက်မှတ်ထိုးနေရတယ်။ ဘုရားကျောင်းထဲမှာ ဒီလူပဲရှိတယ်ဆိုတာကို ရပ်ကွက်ရုံးမှာ လက်မှတ်ထိုးပြီး နေနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်သားများရိုက်နှက်သည့်ဒဏ်ရာဖြင့် ဖာသာစတီးနူးမှာဖျားနာနေကြောင်းသိရသည်။mizzima