Monthly Archives: Sep 2021

သန်လျင်မြို့ မြဝတီဘဏ်အနီးရှိ ရဲကင်းတဲတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့ မြဝတီဘဏ်အနီးရှိ ရဲကင်းတဲတွင် ယနေ့ စက်တင်ဘာ ၁၈ရက် ည ၇ နာရီ မိနစ်၅၀ ခန့်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံက သိရသည်။ မြဝတီဘဏ် အနီး၊ ဖို့မြေလမ်းမကြီး နှင့် ကောင်စီလမ်းထိပ် ရှိ ရဲကင်းတဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အသံကတော်တော်ကျယ်တယ်ဗျ။ မြေကြီးပါတုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုအပြီး ထိုနေရာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလျက်ရှိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သန်လျင်မြို့ခံများက ပြောသည်။mizzima

လူငယ်မျိုးဆက်များအတွက်ဂုဏ်ယူကြောင်း NUG ဒုဝန်ကြီး မအိသဉ္စာမောင်ပြော

TIME မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ အတွက် လူငယ်မျိုးဆက်တွေအားလုံးအတွက်ဂုဏ်ယူတဲ့အကြောင်း NUG အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး မအိသဉ္စာမောင်က ဒီဗွီဘီကို ပြောပါတယ်။  

“ကျမတို့မျိုးဆက်တစ်ခုလုံးအတွက် ဂုဏ်ယူတာပေါ့နော်၊ ကျမဆိုတာမျိုးထက် ဒါကျမလူငယ်တွေကျ အရမ်းကြိုးစားရတယ်လေ။ ဘာပဲပြောပြောအမျိုးသမီးလည်းဖြစ်တယ် လူငယ်လည်းဖြစ်တယ်ဆိုရင် ကိုယ်က နှစ်ဆ၊ သုံးဆ ပိုပြီးတော့မှ အလုပ်လုပ်ကြိုးစားရတယ်။ လူငယ်အမျိုးသားတစ်ယောက် အခက်အခဲနဲ့ လူငယ် အမျိုးသမီးတစ်ယောက် အခက်အခဲတောင် မတူဘူး နှစ်ဆ၊ သုံးဆ ပြန်ပြီးကြိုးစားရတယ်။ ဒီလိုကြိုးစားမှုအပိုင်းမှာ တဖက်က အသိအမှတ်ပြုတဲ့ အပေါ်မှာတော့ လူငယ်မျိုးဆက်တွေအားလုံးအတွက် ကျမကတော့ ဂုဏ်ယူပါတယ်။”

ခုလို ရွေးချယ်ခံရတဲ့အတွက် မြန်မာပြည်ရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ  အထောက်အပံ့ကောင်းတစ်ခု ဖြစ်သွားနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းလည်း  မအိသဉ္စာမောင်က ပြောပါတယ်။ 

“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ခေတ် ကျမတို့အခါနဲ့ ကျမတို့ တတ်နိုင်သလောက် လုပ်ခဲ့တာကို ကမ္ဘာက အသိအမှတ်ပြုတဲ့ သဘောပေါ့နော်။ ဆိုတော့ ဒါတင်မဟုတ်ဘူး ဒါ မြန်မာ့အရေးကိုလည်း ကမ္ဘာက စိတ်ဝင်စားတယ်၊ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောလို့ပဲ ကျမကတော့ နားလည်ပါတယ်။ ဘာပဲပြောပြော ကျမတို့ရဲ့ မြန်မာပြည်ရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဒါက အထောက်အပံ့ကောင်းတစ်ခု ဖြစ်သွားနိုင်လိမ့်မယ်လို့ပဲ ကျမကတော့ မျှော်လင့်ပါတယ်။”

TIME မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ခဲ့တဲ့ စာရင်းမှာ ကချင်တိုင်းရင်းသူ မအက်စတာဇေနော၊ ရှမ်းနီတိုင်းရင်းသူ မအိသဉ္စာမောင်နဲ့  အမေရိကန်နိုင်ငံသူ မြန်မာအမျိုးသမီး အာကာသိပ္ပံပညာရှင် ဒေါ်မီမီအောင်တို့ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ မအက်စတာဇေနောကလည်း  လက်ရှိအချိန်ဟာ စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်ရေးအတွက် အကောင်းဆုံးအခြေအနေ တစ်ခု ဖြစ်နေပြီး ပြည်သူတွေက ယုံယုံကြည်ကြည် ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့  တိုက်တွန်းလိုက်ပါတယ်။

မအက်စတာဇေနောနဲ့  မအိသဉ္စာမောင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်   ဖေဖော်ဝါရီ ၆ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်သပိတ်ကို စတင်ဦးဆောင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။DVB

မန္တလေး ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မန္တလေးတွင် စက်တင်ဘာလ ၁၈ ယနေ့ ညနေပိုင်းတွင် ဖက်ဆစ် စစ်တပ်ဖြုတ်ချရေး ချီတက်ဆန္ဒပြသည့် ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းအား ၅၂ လမ်းနှင့် ၃၂ လမ်းထောင့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်ဖြိုခွင်းခဲ့ကြောင်း သတင်းရရှိသည်။” ၅၂ နဲ့ ၃၂ ထောင့်မှာ အိမ်စီးကားတွေနဲ့ ဝင်ဖမ်းတာ၊ ဆိုင်ကယ်ပေါ်က ဆင်းတဲ့အချိန် လိုက်ဖမ်းတာ၊ ပလက်ဖောင်းပေါ် ပြေးတဲ့သူတွေကိုပါ လိုက်ဖမ်းတာ၊ ဆိုင်ကယ်တွေကျန်ခဲ့တယ်၊ လူတွေ လွတ်မယ်လို့တော့ ထင်တယ်” ဟု သပိတ်စစ်ကြောင်း ပါဝင်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။khit thit

ပြည်သူ့ကျန်းမာရေးအတွက် Yangon Heroes က စေတနာ့ဝန်ထမ်း ဆရာဝန်များခေါ်ယူ

အွန်လိုင်းစာမျက်နှာကတဆင့် အများပြည်သူတွေအတွက် ကျန်းမာရေးကူညီစောင့်ရှောက်နိုင်ဖို့ Yangon Heroes အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဖိတ်ခေါ်နေပါတယ်။ 

Yangon Heroes  အဖွဲ့ကိုတော့ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု၊ စေတနာ့ဝန်ထမ်းတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ အများပြည်သူကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖွဲ့စည်းထူထောင်ခဲ့တာပါ။

အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ သိသင့်သိထိုက်တဲ့ ကုသမှုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေကို အချိန်နဲ့ တပြေးညီ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ လွဲမှားတဲ့ စနစ်တွေကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နေပြီး စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေမှာ ကူညီနေကြတဲ့ ဆရာဝန်တွေကို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းမှာတော့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

Yangon Heroes အဖွဲ့မှာ အများပြည်သူကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်းဆောင်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ ဖော်ပြပါ Google Doc Link ဖောင်ကို ဖြည့်စွက်ပေးပို့ကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။DVB

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ပူတာအိုသွားမည်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင် ပြည်နယ် ပူတာအိုဒေသသို့ မနက်ဖြန်သွားမည်ဟု စစ်ဘက်သတင်း အရင်း အမြစ်များအရသိရသည်။

စစ်ခေါင်းဆောင်သည် တပ်မတော်အထူးလေယာဉ်ဖြင့် သွားရောက်မှာဖြစ်ပြီး ပူတာအိုဒေသမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီမံကိန်း တစ်ခုဖြစ်သည့် ခေါင်လန်ဖူး – မဂွေဇလမ်းပိုင်းကို သွားရောက်မည့် အပြင် စစ်အုပ်စုထပ်သီးပိုင်း အစဉ်အလာမပြတ်ဖူးလေ့ရှိသည့် ကောင်းမှုလုံ ဘု ရားကို လည်း သွားရောက်ရန်ရှိသည်ဟု ခိုင်လုံသောသတင်း ရပ်ကွက်များကပြော သည်။

နှစ်ရက်တာခရီးစဉ်နှင့် မြစ်ကြီးနားမြို့ကိုရောက်ရှိနေသော စစ်ခေါင်းဆောင် သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နယ်ခြားစောင့်တပ် (BGF) က တာဝန် ရှိသူများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များများနှင့် ပါတွေ့ဆုံခဲ့သည်ဟု တိုင်းစစ်ဌာန ချုပ်နှင့်နီးစပ်သောသတင်းရင်းမြစ်များက ပြောသည်။ မြစ်ကြီးနားမြို့တွင်းမှာတော့ ယနေ့တွင် လုံခြုံရေးအထူးတပ်ဖြန့်ချထားသည် ဟု ဒေသခံများက ပြောသည်။mizzima

တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်က ဖမ်း ဆီးအကြမ်းဖက်ရိုက်နှက်သဖြင့် အမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အကြမ်းဖက်ရိုက်နှက်လို့ အုန်းတော ၁ ရပ်ကွက်၊ ၅၅၀ ကွက်သစ်မှာနေထိုင်တဲ့   အသက် ၅၀ ဝန်းကျင် အမျိုးသား  ၁ ဦး  စက်တင်ဘာလ ၁၈ ရက် ဒီနေ့မနက်က   သေဆုံးသွားတယ်လို့ မိသားစုအသိုက်အဝန်းကနေ သိရပါတယ်။

ဦးကျော်ကျော်ကို စစ်ကောင်စီတပ်သားတွေက အုန်းတော ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းခေါ်လာပြီးနောက် ဦးကျော်ကျော်က အကျိုးအကြောင်း ရှင်းပြတာကိုလက်မခံဘဲ တညလုံးရိုက်နှက်ကန်ကျောက်ခဲ့တယ်လို့  မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

မနက် ၆ နာရီမှာတော့ ဦးကျော်ကျော်ရဲ့ မိသားစုကိုဆက်သွယ်လာလို့ မိသားစုကသွားခေါ်တဲ့အခါ အသက်ရှိသေးပေမဲ့ လုံးဝမလှုပ်နိုင်တော့တဲ့အတွက် သုံးဘီးယာဉ်နဲ့အိမ်ပြန်ခေါ်လာကာ မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့  မကွေးဆေးရုံမှာတင် ဒီမနက် ၁၁ နာရီလောက်က သေဆုံးသွားခဲ့တာလို့ လည်းပြောပါတယ်။

‘မနေ့ (စက်တင်ဘာ ၁၇) က ည ၁၀ နာရီ ခွဲလောက်က သူ့အမျိုးနေမကောင်းတာခေါ်လို့သွားတာ။ ညမထွက်ရ အမိန့်ရှိတယ်ဆိုတာသူသိတယ်။ သူ့အမျိုးအိမ်က အုန်းတော ၁ ထဲမှာပဲမို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဝင်ပြောပြီးမှသွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ သိပ်မကြာဘူး သေနတ်ဖောက်သံကြားရတာပဲ။ ဖုန်းကလည်း ပါသွားဘူး။ သူ့ခန္ဓာကိုယ်မှာတော့ သေနတ်ကျည်ဆန်ရာ မတွေ့ဘူး။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကတော့ တကိုယ်လုံးပဲ ညိုမဲလို့။ ဒီလောက်အထိလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ပြည်သူအပေါ်မှာ ရက်စက်လိုက်ကြတာ” လို့ ဦးကျော်ကျော်ရဲ့ မိတ်ဆွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့ပေါ်မှာ ၁၀ ရပ်ကွက်ရှိတဲ့အနက် အုန်းတော ၁ ရပ်ကွက်နဲ့ အုန်းတော ၂ ရပ်ကွက်ဟာ နယ်မြေချင်းထိစပ်နေတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ဦးကျော်ကျော်မှာ ဇနီးနဲ့ အရွယ်ရောက်ပြီး သား ၁ ယောက်၊ သမီး ၁ ယောက်ကျန်ခဲ့ပြီး ကောင်းရောင်းကောင်းဝယ်အလုပ်နဲ့ ရိုးသားစွာဘဝရပ်တည်နေသူဖြစ်ကြောင်း သိရပါတယ်။

ဦးကျော်ကျော် သေဆုံးမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီးရဲစခန်းကို ဆက်သွယ်တဲ့အခါ သေမှုသေခင်းနဲ့အမှုဖွင့်ဖို့များပြီး အထက်အမိန့်ကိုစောင့်ဆိုင်းနေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဖြေကြားပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ရိုက်နှက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူ ဒေသခံပြည်သူ ၇ ဦးအထိရှိသွားပြီဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။DVB

ထန်တလန်မြို့တွင်းပစ်ခတ်မှုသင်းအုပ်ဆရာ တော်သေဆုံး

ချင်းပြည်နယ် ထန်တလန်မြိုပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF/CNA အဖွဲ့ တို့ကြားယနေ့ ညနေ ၄နာရီဝန်းကျင်ကနှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး Sianginn Sang ရပ်ကွက်မှနေအိမ်၁၀လုံးခန့်လက်နက်ကြီးကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး၊ TCBC အသင်းတော် သင်းအုပ်ဆရာ (Pastor) Biak Kolh သေနတ်ကျည်ထိမှန်သေဆုံးခဲ့ကြာင်းသိရသည်။

သင်းအုပ်ဆရာတော် Pastor Biak Kolh သည် ဆိုင်ကယ်မောင်းနေစဉ် စစ် ကောင်စီတပ်မှပစ်ခတ်ခြင်း‌ကြောင့် ကျောင်းလမ်းရပ်ကွက်လမ်းဘေး ပလက် ဖောင်းပေါ်တွင်ပွဲချင်းပြီး သေဆုံးသွားပြီး မည်သူမျှ အပြင်မထွက်ရဲတာကြောင့် ဆရာတော်၏အလောင်းကိုမယူရဲကြဘဲဖြစ်နေသည်။

ယမန်နေ့ညဦးပိုင်းကတည်းကနေ စစ်ကောင်စီဘက်ကနေ သေနတ် ၊များဗုံးများ ပစ်ဖောက်လျှက်ရှိတာကြောင့်မြို့ပေါ်လူဦးရေးထက်ဝက်ခန့်စစ်ဘေးရှောင်နေကြကြောင်းသိရသည်။mizzima

အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှု အောင် မြင်၊ ထီပေါက်စဉ် မကြာမီထုတ်ပြန်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စမ်းသပ်ရောင်းချခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ Pilot project ဟာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ထီပေါက်စဉ်ကို မကြာခင်မှာ ထုတ်ပြန် ပေးသွားမယ်လို့ ဆိုပါတယ်။

ခုလိုရောင်းချနိုင်မှုဟာ မိဘပြည်သူတွေရဲ့ တက်ကြွစွာပူးပေါင်းပါဝင် အားပေးမှုတွေကြောင့်ဖြစ်ပြီး ထီအဝယ်အမှာတွေ  ငွေပေးချေမှုလုပ်ငန်းတွေအားလုံး ပြီးဆုံးတာနဲ့ မကြာခင်မှာပဲ Pilot project ထီဖွင့်ရက်ကို ကြေညာပေးသွားမှာဖြစ်ပြီး ထီပေါက်စဉ်ကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ထီကံထူးသူ မိဘပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကံထူးရှင်တွေကို အေးဂျင့်တွေက တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Pilot project အပြီး ပုံစံအသစ်နဲ့ပြန်လည်စတင်မယ့် Commercial Launch မှာလည်း မိဘပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ နွေဦးထီမိသားစုက တိုက်တွန်းထားပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့် လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပါတယ်။DVB

« Older Entries