Monthly Archives: Sep 2021

ရွှေလီအစိုးရလှူသည့် ကိုဗစ်ကာကွယ်ဆေး မူဆယ်ခရိုင်က လူဦးရေ ၅၀၀၀၀ ဝန်းကျင် ထိုးနှံပြီးစီး

တရုတ်နိုင်ငံ ရွှေလီအစိုးရက လှူဒါန်းပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စက်တင်ဘာ ၁၉ ရက်နေ့အထိ မူဆယ်ခရိုင်အတွင်းက လူဦးရေ ၅၀၀၀၀ ဝန်းကျင်ကို ထိုးပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကိုဗစ်ကာကွယ်ဆေးကို ရွှေလီအစိုးရက မူဆယ်ခရိုင်ကို လှူဒါန်းတာ၊ ကိုဗစ်ကာကွယ်ဆေးက နှစ်ပိုင်းရှိတယ်။ အစိုးရက သယ်ပြီး ဒီကိုယူလာပြီးထိုးတဲ့ တရုတ်ဆေးကသပ်သပ်၊ ခုက ရွှေလီအစိုးရက မူဆယ်ခရိုင်ကို လှူတာ၊ တရုတ်ဆေးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေလီအစိုးရက မူဆယ်ခရိုင်ကို ကိုဗစ်ကာကွယ်ဆေး ၂ သိန်းလှူဒါန်းပေးတာဖြစ်ပြီး ရွှေလီနဲ့ ထိစပ်နေတဲ့ နမ့်ခမ်း၊ မူဆယ်၊ မိုင်းယု၊ ကျင်စန်းကျော့၊ ကြူကုတ်၊ ပန်ဆိုင်း စတဲ့ မြို့တွေကို ဦးစားပေးထိုးပေးသွားမှာဖြစ်ကာ စာရင်းအရ လူဦးရေ တစ်သိန်းရှစ်သောင်းရှိတယ်လို့ ဆိုပါတယ်။

“မူဆယ်မြို့ပေါ်မှာ ဆရာဝန်၊ သူနာပြု၊ Volunteer တွေနဲ့ အဖွဲ့ ၆ ဖွဲ့ခွဲပြီးထိုးပေးနေတယ်။ တခြားမြို့တွေမှာလည်း သူတို့အဖွဲ့နဲ့သူတို့ ထိုးပေးနေတယ်။ စာရင်းကောက်ထားတာက မြို့ခံတွေကို ကောက်ထားတာ၊ အဝေးကလာတဲ့ ကားသမားနဲ့ ခရီးသည်တွေကို ထိုးပေးဖို့စီစဥ်နေတယ်” လို့ မြို့ခံက ပြောပါတယ်။

မူဆယ်ခရိုင်အတွက် ရွှေလီအစိုးရက လှူဒါန်းပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဆက်ထိုးပေးသွားမယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့မှာတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျသွားပြီး လော့ဒေါင်းတွေလည်း ဖြေလျှော့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။DVB

ကျိုက်လတ် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက် ဆီးခံရပြီးနောက် ပြည်သူ ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကုန်းကျေးရွာအနီးရှိ Mytel tower တိုင်ကို FTR(FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက ဖောက်ခွဲဖျက်ဆီးရာဖောက်ခွဲရေးပစ္စည်းများယမ်းမအောင်သောကြောင့်တာဝါတိုင်လဲကျပျက်စီးခြင်းမရှိခဲ့သော်လည်းမီးရှိူ့ဖျက်ဆီးခြင်းများကိုFTRကျိုက်လတ်မြို့နယ်အဖွဲ့ခွဲကလုပ်ဆောင်ခဲ့ကြောင်းနှင့်နောက်ထပ်စစ်ကောင်စီပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း ဖောက်ခွဲဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“တာဝါတိုင်မှာ အခု စစ်ခွေးနဲ့ ရဲ ၃၀ လောက်ကင်းစောင့်နေကြတယ်။ကျေးရွာလမ်းကိုလည်းပိတ်ထားကြတယ်။ စစ်သားနဲ့ရဲ တွေ က ရွာခံ ၆ ယောက်ကို ဖမ်းခေါ်သွားကြပြီ။ ရွာခံလူ ၃ ဦးနဲ့ အနီးအနားကျေးရွာ လူ ၃ ဦး စုစု​ပေါင်း ၆ ဦး အဖမ်းခံရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်။khit thit

ဝါးခယ်မတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေ အိမ် ၈ လုံး အရေးပေါ်ရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့တာကြောင့် နေအိမ် ၈ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာနဲ့ ပေကုန်း ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၈ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်တိုင်းလိုလို ဒီဒေသတွေက ပြိုနေတာပါ၊ ဒီနှစ်တော့ စက်တင်ဘာလဆန်းပိုင်းက စပြိုတာပေါ့။ ခုလိုမျိုး ပြိုရင်တော့ ရွာထဲက ဘုန်းကြီး ကျောင်းမှာ ခဏထားပြီးရင် နေရာပြန်ပေးရတာပေါ့” လို့ ဒေသခံရွာအိမ်မှူးတဦးက ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပေမယ့် မြစ်ကမ်းပါးပြိုကျတဲ့အနားက အမျိုးသား ၁၉ ဦး၊ အမျိုးသမီးအယောက် ၂၀ နေထိုင်တဲ့ နေအိမ် ၈ လုံးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်အတွင်းက ကမ်းပြိုရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။DVB

လှိုင်မြို့နယ်တွင် ဒလန်မောင်ဝင်းဆိုသူ သေ နတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံအနီးတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ မနက်ပိုင်းက ဦးမောင်ဝင်းဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံများက ပြောသည်။

လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၆ လမ်းနေ ဦးခင်မောင်ဝင်း (ခေါ်) မောင်ဝင်းသည် ယနေ့ မနက် ၇ နာရီခွဲဝန်းကျင်က အုတ်ကျင်းဘူတာ ရုံလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေချိန် လူတစ်ဦးက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးမောင်ဝင်းသည် စစ်ကောင်စီတပ်ကို သတင်းပေးနေသူဖြစ်ကာ သူ့ကြောင့် မြို့နေလူငယ်အချို့ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြော သည်။mizzima

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ် ခတ်မှုကြောင့် ၁ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းရွာမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ‌စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူငယ်  ၁ ဦး ဒဏ်ရာရပြီး ၁ ဦး ဖမ်းဆီးခံရ ပါတယ်။

ဆိုင်ကယ်နဲ့ သွားနေတဲ့ လူငယ်နှစ်ယောက်ကို စစ်ဆေးဖို့တားဆီးရာမှာ စစ်ဆေးမခံဘဲ မောင်းပြေးခဲ့လို့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ကမြောကင်းရွာသား မောင်မျိုးဟိန်းကို (ခေါ်) ပိုင်ပိုင်မှာ ရင်ဘတ်နဲ့ ခြေထောက်မှာ တစ်ချက်စီထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကာ စစ်တပ်ဆေးရုံ ပို့ဆောင်ထားပြီး ဆိုင်ကယ်မောင်းနှင်တဲ့ သူ့သူငယ်ချင်းကတော့ သေနတ်မထိမှန်ပေမယ့် ဆိုင်ကယ်လဲကျ ဒဏ်ရာနဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “မွန်းလွဲ ၁ နာရီခွဲလောက်မှာ သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့လာတာကို စစ်ကောင်စီတပ်တွေက တားစစ်တာ။ အဲဒါကို သူတို့ကမောင်း‌ပြေးလို့လိုက်ပစ်တာ။ ‌လမ်းဘေးဓာတ်မီးတိုင်တွေရော နေအိမ်တွေရော ကျည်ဆန်ထိမှန်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၇ ရက် ကတည်းက အောက်ရေဖြူကျေးရွာအုပ်မှာ တပ်စွဲထားပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ အိမ်ထောင်စုစာရင်း လိုက်စစ်နေသလို လမ်းသွားလမ်းတွေကိုလည်း စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်‌ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၁၅ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဥ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်က အင်းဇောက်ကျေးရွာ သပိတ်စထွက်မယ့်နေရာမှာ ပစ်ခတ်ဖြိုခွင်းခံရတယ်လို့ သိရပါတယ်။

ဖြိုခွင်းခံရမှုမှာ ကျည်ထိမှန်သူ၊ အဖမ်းခံရသူမရှိပေမယ့် သပိတ်လိုက်ပါတဲ့ ရဲဘော်တွေရဲ့ ဆိုင်ကယ် ၁၇ စီး (ကာလတန်ဖိုး သိန်း ၃၀၀ကျော်) ဆုံးရှုံးခဲ့ရတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။DVB

ရထားတွဲ တိုက်ခိုက်မှု ၎င်းတို့ လက်ချက်ဟု ကျောက်ဆည် ကာကွယ်ရေးတပ်ထုတ်ပြန်

မန္တလေးမှ ရန်ကုန်ဘက်သို့ထွက်ခွါလာသောရထားကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က လက်နက်များရထားဖြင့်သယ်ပို့နေ သည်ဟု ကျောက်ဆည်ကာကွယ်ရေးတပ်က ထုတ်ပြန်လိုက်သည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပတ္တာရွာအနီးတွင် ထောင်ထားသောမိုင်းကြောင့် ယနေ့ နံနက် ၇ ခန့်က ရထားခေါင်းတွဲနှင့် ကပ်လျှက်တွဲ တစ်တွဲ ပျက်စီးသွားခဲ့သည်။ စစ်ကောင်စီမှ လူ၊လက်နက်၊ရိက္ခာများကိုရထားဖြင့် သယ်ပို့နေကြောင်းမြန်မာနိုင်ငံအရပ်အရပ်မှမဟာမိတ် PDF များ သတိပြုကြရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်ဆည်မြို့ရှိ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေအိမ်ဝင်းအတွင်း ဗုံးပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သေးသည်။mizzima

မုံရွာစီးပွားရေးဘဏ်မှ လုံခြုံရေးအစာင့် ရဲ သားတစ်ဦး သေနတ် နှစ်လက် သယ်ဆောင်၍ ပြည်သူ့ဘက်သို့ ခိုလှုံ၊ ဟားခါး CDF ထံသို့ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာ မြန်မာ့စီးပွားရေးဘဏ်မှ လုံခြုံရေးအစောင့် စစ်သား ၁ ဦးသည် သေနတ် နှစ်လက် သယ်ဆောင်၍ ပြည်သူ့ဘက်သို့တရား ဝင် ခိုလှုံလိုက်ပြီး ယနေ့ ဟားခါး CDF ထံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကြောင်း မုံရွာ PDF သံမဏိ တပ်ဖွဲ့က ပြောသည်။ မုံရွာစီးပွား ရေးဘဏ် အစောင့်ကျသည့် အဓမ္မဘက်မှဓမ္မဘက်သို့ကူးပြောင်းလာသော CDM သူရဲကောင်း ရဲတပ်သားကို သေနတ်နှစ်လက်ဖြင့် ဟားခါး CDF ထံ အနှောင့်အယှက် ကင်းစွာဖြင့် သံမဏိတပ်ဖွဲ့က ယနေ့အပြီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သံမဏိတပ်ဖွဲ့က ပြောဆိုထားသည်။khit thit

မန္တလေး စုပေါင်းသပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနဲ့ ၁၀၇ လမ်း ဝန်းကျင်မှာ စက်တင်ဘာလ ၁၉ ရက် ဒီနေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ မန္တလေး စုပေါင်းသပိတ်စစ်ကြောင်း ကို  စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

မန္တလာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ ဘုရားကြီး သပိတ်စစ်ကြောင်း၊ စက်မှုသပိတ်စစ်ကြောင်း တို့ပါဝင်တဲ့ စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြအပြီးမှာ စစ်တပ်က အိမ်စီးကားနဲ့ ဝင်လာပြီး သေနတ်နဲ့ ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ ဆန္ဒပြစစ်ကြောင်း၏အပြီးမှာ အိမ်စီးကားနဲ့ ဝင်လာပြီး ပစ်ခတ်ဖြိုခွင်းတာ။ ပြေးကြတော့လည်း အနောက်ကနေ လိုက်ပစ်တယ်။ လိုက်ထရပ်ကားတွေနဲ့ လိုက်တာ” လို့ စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တစ်ဦး က ပြောပါတယ်။

ဒီလို သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရတဲ့ အတွက် ထိခိုက်ဒဏ်ရာအခြေအနေနဲ့ ဖမ်းဆီးခံရသူ ရှိမရှိ မသိရသေးပါဘူး။DVB

« Older Entries