Monthly Archives: Sep 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်အမှု နောက်တိုး သက် သေတင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကနေ စွဲဆိုထားတဲ့ အမှုတွေထဲကနေ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၆၇ နဲ့ စွဲဆိုထားတဲ့အမှုအတွက် ယနေ့ ရုံးချိန်းမှာ တရားလိုတွေဘက်က နောက်တိုး သက်သေထပ်တင်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရုံးထုတ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရှေ့နေဒေါ်မင်းမင်းစိုးက “အမေစုကိုစွဲထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုကို အမှုစစ်ကို စစ်တယ်။ တရားလိုပြသက်သေတွေကတော့ အကုန်လုံးပြီးသွားပြီ။ စစ်ပြီးတဲ့အခါမှာ သူတို့ဘက်က နောက်တိုးသက်သေတင်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ကန့်ကွက်တယ်။ နှစ်ဖက်လျောက်လဲချက်ကို နောက်ရုံးချိန်းမှာ ပေးမယ်ဆိုပြီး ချိန်းတယ် ” လို့ ပြောပါတယ်။

ဒါအပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ အမှုကိုစစ်ဆေးခဲ့ပေမယ့် မပြီးသေးဘဲ သက်သေခံစာရွက်ကို မိတ္တူကူးဖို့ လိုအပ်နေလို့ဆိုပြီး နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေး မယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုမှာလည်း တရားလိုပြသက်သေမလာတဲ့အတွက် မစစ်ဖြစ်ဘဲ နောက်ရုံးချိန်းမှာ ဆက်လက် စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက် စွဲချက်လျောက်လဲချက် နှစ်ဖက်ကြားနာဖို့ကိုလည်း နောက်ရုံးချိန်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမှုတွေအတွက် နောက်ရုံးချိန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။DVB

ထားဝယ်တွင် အမျိုးသမီး ၂ ဦး အပါအဝင်လူ ငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ရက်၊ ညနေ ၃နာရီခွဲခန့်အချိန်တွင် ထားဝယ်တက္ကသိုလ် မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်( အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း)တို့သည် ထားဝယ်မြို့ နေအိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတ ပ်သားများ၏ သေနတ်ပစ်ခတ် ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ထားဝယ်သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မသျှားပြည့်ခင်ကိုလည်း ယနေ့ ညနေပိုင်းတွင်ပင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “ဘာကြောင့်ဖမ်းလဲဆိုတော့ သပိတ်နဲ့ ဆက်စပ်လို့ ဖမ်းတယ်ထင်ပါတယ်” ဟု ထားဝယ် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။khit thit

NUG အစိုးရ၏လုပ်ရပ်များကို မနှစ်သက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိဟု ရှေ့နေပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းမရှိတဲ့အ ကြောင်း  သူ့ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်သက်ကြောင်းနဲ့ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းစာဖြတ်ပိုင်းပုံစံနဲ့ ပျံ့နှံ့နေတာဖြစ်ပါတယ်။  

ဒါ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက  “ လိုင်းပေါ်မှာလေ ဦးထွန်းထွန်းဦး(နေပြည်တော်)ဆိုပြီးတော့မှ ဘာတက် နေလည်းဆို အဲဒါလေးကို အမေကို ပြောဖြစ်တယ်။ အမေက အဲဒါက သူလည်းမပြောခဲ့ဘူးပေါ့၊ ကျမတို့(ရှေ့နေ)ကိုလည်း မပြောခဲ့ဘူးလေ။ ကျမတို့ထဲကလည်း ဘယ်သူမှ ပြောခဲ့တာမရှိဘူး။ CRPH တို့ NUG တို့ကို အမေက လက်မခံပါဘူးဆိုပြီးတော့မှာ တက်နေတာ။ သတင်းအနေနဲ့လည်း မဟုတ်ဘူး။ သတင်းစာဖြတ်ပိုင်းလေးပုံစံနဲ့။ နိုင်ငံခြားကနေတောင် လှမ်းမေးတယ် အဲဥစ္စာကို။ ရှေ့နေတွေကိုလည်း သူ မပြောခဲ့သလို ကျမတို့ရှေ့နေတွေကလည်း ဘယ်မီဒီယာကိုမှ မပြောခဲ့ဘူး။ ” လို့ ပြောပါတယ်။

သတင်းစာဖြတ်ပိုင်းထဲမှာ စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထွန်းထွန်းဦး၊ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG၊ CRPH နဲ့ PDF တို့ရဲ့ လက်နက်ကိုင်လမ်းစဉ်တွေကို သူမ မသိရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာနဲ့ နိုင်ငံပိုင်အဆောက်အဦးတွေ၊ လမ်းတံတားတွေကို မိုင်းထောင်ဖျက်ဆီးတာတွေဟာ ဖြေရှင်းပုံနည်းလမ်း မမှန်ကန် ကြောင်း၊ သူမ မသိပဲ အခုလို လက်နက်ကိုင်လမ်းစဉ် လုပ် ဆောင်တဲ့အပေါ်များစွာအံ့သြဝမ်းနည်းရပြီး ငြိမ်းချမ်း စွာဖြေရှင်းလိုတဲ့ သူမကို စော်ကားတာဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ အကြမ်းဖက်မှုတွေကို အားမပေးဖို့ ပြောလိုကြောင်း သူမရဲ့ ရှေ့နေတွေကတဆင့် ပြည်သူလူထုကို အမှာစကားပါးဆိုပြီး ရေးသားထားပါတယ်။DVB

လားရှိုးမြို့၌ ရေကြီးပြီး ရေစီးနှင့်အတူ လူသေအလောင်းမျောပါလာ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၆ ရက်ကွက်မှာ  စက်တင်ဘာ ၂၀ ရက် ဒီနေ့ညနေပိုင်းက ရေစီးနဲ့အတူ  အမျိုးသားအလောင်းတစ်လောင်း မျောပါလာခဲ့တယ်လို့  လူမှုကူညီရေး အသင်းတစ်ခုဆီကသိရပါတယ်။ 

“ရေစီးနဲ့ အလောင်းမျောပါလာတယ်ပဲ သတင်းရတာ။ ဘယ်လိုကြောင့်သေတယ် ဆိုတာတော့ ရဲအရေးဖြစ်သွားလို့ ကျနော်တို့မသိရဘူး “လို့  ကူညီကယ်ဆယ်ရေး တစ်ယောက်က ပြောပါတယ်။ 

စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီဝန်းကျင်က လားရှိုးမှာမိုးစရွာပြီး ၅နာရီလောက်မှ ရေစကြီးတယ်လို့သိရပြီး သေဆုံးတဲ့အမျိုးသားနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ၊ ဘာကြောင့်သေတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ 

ခုရက်ပိုင်း လားရှိုးမြို့မှာ မိုးသည်းထွန်စွာရွာသွန်းတာကြောင့် ရေဝင်ပြီး ရေကြီးတာဖြစ်တယ်လို့လည်း သိရပါတယ်။DVB

လှိုင်မြို့နယ်တွင် ဗုံး ပေါက်ကွဲများကြားရ

ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်တွင် စက်တင်ဘာ ၂၀ရက် ည ၈နာရီ ၅မိနစ်က ပေါက်ကွဲသံတကြိမ်ကြားရပြီး ၈နာရီ ၈မိနစ်တွင် ပေါက်ကွဲသံ တကြိမ် ဆက်တိုက် ကြားခဲ့ရသည်ဟု သိရသည်။” ပေါက်ကွဲသံကတော့ မိနစ်လေးပဲခြားတယ်။ နှစ်ကြိမ်လောက် ကြားရတာ။

ညဘက်ဆိုတော့ ဘယ်သူ့မှ အပြင်မှာ မရှိကြတော့ ဘယ်နေရာ ဘယ်လို ဖြစ်လဲဆိုတာတော့ သေချာ မသိရဘူးဗျ ”ဟု ဒေသခံတစ်ဦးက ပြောသည်။mizzima

KNDO တပ်ရင်း ၁ နယ်မြေတွင် ရက် ၂၀ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွား

ကရင်အမျိုးသားအစည်း (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၁ နယ်မြေအတွင်းမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ  အာဏာသိမ်းစစ်ကောင်စီနဲ့ KNDO တပ်တွေအကြား တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၄၅ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက် ၃၅ ဦးသေဆုံးကာ ၅၁ ဒဏ်ရာရရှိခဲ့ကြောင်း ကေအန်ယူ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျရှုံးသွားတဲ့ တပ်စခန်းကို စစ်ကောင်စီဘက် ပြန်လည်တိုက်ယူဖို့ စစ်ရေးလှုပ်ရှားမှုတွေ ပြုနေတယ်လို့ ဆိုပါတယ်။ 

KNDO တပ်ရင်း ၁ ဟာ ဖာပွန်ခရိုင်ဒေသမှာ ဖြစ်ပါတယ်။DVB

အကြမ်းဖက်စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ထန်တလန်တမြို့လုံးနီးပါး နေရပ်စွန့်ခွာ

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နေ ပြည်သူလူထုကို  စက်တင်ဘာ ၂၁ ရက် မနက်ဖန် နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာကြဖို့ ခြိမ်းခြောက်တာကြောင့် မြို့ခံပြည်သူတွေအားလုံးနီးပါး နေရပ်စွန့်ခွာနေရကြရပြီး တချို့ကတော့  အိန္ဒိယနယ်စပ်ကို ထွက် ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ထန်တလန်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက  လက်နက်ကြီးတွေနဲ့ အပြင်းအထန် ဆက်တိုက်ပစ်ခတ်၊ မီးရှို့၊ လူတွေကို ပစ်သတ်ခဲ့ပြီး  မြို့ခံပြည်သူတွေကို စက်တင်ဘာ ၂၁ ရက်နေ့နောက်ဆုံးထားပြီး မြို့ကနေထွက်ခွာဖို့ ခြိမ်းခြောက်ခဲ့တာလို့  ချင်းပြည်နယ်ကာ ကွယ်ရေးတပ် CDF ဗဟို တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ဖို့ အင်အားသုံး ကြိုးစားနေပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေလည်း  ဖြတ်တောက်ထားပါတယ်။

ထန်တလန်မြို့ပေါ်မှာ နေထိုင်တဲ့ပြည်သူတစ်သောင်းကျော်အထဲမှာ ထောင်နဲ့ချီတဲ့ ပြည်သူ အများစုက ထန်တလန်ဝန်းကျင်ရှိ ကျေးရွာတွေဘက် ရွှေ့ပြောင်းသွားနေကြပြီး တချို့ကတော့  အိန္ဒိယနယ်စပ် မီဇိုရမ်ဘက် ထွက်ပြေးတိမ်းရှောင်နေရကာ စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ 

စက်တင်ဘာ ၁၈ နေ့က ထန်တလန် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ထန်တလန် CDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်တပ်တွေက မြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ထန်တလန်မြို့က နေအိမ် ၁၀ လုံးကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်အိမ်တွေကို အကူအညီပေးဖို့သွားရောက်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ကိုလည်း စစ်တပ်ကပစ်သတ်ခဲ့ပြီး ရွှေလက်စွပ်ကို လက်ဖြတ်ပြီး ဖြုတ်ယူသွားပါတယ်။ 

ဟားခါးမြို့ကိုလည်း စစ်ကောင်စီတပ်တွေက  အကြမ်းဖက်ထိန်းချုပ်ဖို့ကြိုးစားနေပြီး မင်းတပ် CDF နဲ့လည်း ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေတွေအရ  စစ်ကောင်စီနဲ့ညှိနှိုင်းစရာအကြောင်းမရှိတော့ဘဲ ရင်ဆိုင်တုံ့ပြန်သွားမယ်လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

စက်တင်ဘာလဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့က နယ်မြေအရအရေးပါတဲ့ လုံလဲရ် စစ်ကောင်စီတပ်စခန်းကို ထန်တလန် CDF က သိမ်းယူခဲ့ပါတယ်။

ထန်တလန်မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတစ်သောင်းကျော်ရှိပြီး အနီးအနားကျေးရွာတွေမှာ နေထိုင်တဲ့ပြည်သူက လေးသောင်းနီးပါးရှိနေပါတယ်။

ချင်းခရစ်ယာန်ဘုရားကျောင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ၊ သောက်စားမူးယစ်နေတာ၊ သင်းအုပ်ဆရာကို ပစ်သတ်တာ၊ ဒေသ ခံပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုံ့ချပြီး အဆိုပါလုပ်ရပ်တွေ ရပ်တန့်ဖို့ စက်တင်ဘာ ၁၉ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။ DVB

လားရိူး-သိန္နီကြား ပြည်ထောင်စုလမ်းမကြီးပေါ်တိုက်ပွဲဖြစိပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့မှသိန္နီမြို့သို့အထွက် ၁၆မိုင်ကုန်းဆင်းတွင် ယနေ့ စက်တင်ဘာလ ၂၀ရက်နေ့ညနေ ၄နာရီပတ်ဝန်းကျင်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကြောင့် လားရိူးမြို့မှအထွက်တွင် ယာဉ်များပိတ်မိနေပြီး မည်သည့်အဖွဲ့များတိုက်ပွဲဖြစ်နေသည်ကိုမူ ဒေသခံများကအတည်ပြု မပြောနိုင်သေးချေ။လားရိူးမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ မြောက်ပိုင်းမ ဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် (TNLA,AA,MNDAA) တို့လှုပ်ရှားနေကြပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလဲရှိသည်။စက်တင်ဘာလ၆ရက်နေ့တွင် သိန္နီမြို့၌စစ်ယာဉ်တန်းများဖြတ်သန်းအပြီး မိုင်းပေါက်ကွဲမှုတစ်ခုလည်းဖြစ်ပွားခဲ့သေးသည်။mizzima

« Older Entries