ထားဝယ်တွင် အမျိုးသမီး ၂ ဦး အပါအဝင်လူ ငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး



တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂၀ရက်၊ ညနေ ၃နာရီခွဲခန့်အချိန်တွင် ထားဝယ်တက္ကသိုလ် မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်( အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း)တို့သည် ထားဝယ်မြို့ နေအိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတ ပ်သားများ၏ သေနတ်ပစ်ခတ် ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ထားဝယ်သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မသျှားပြည့်ခင်ကိုလည်း ယနေ့ ညနေပိုင်းတွင်ပင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ “ဘာကြောင့်ဖမ်းလဲဆိုတော့ သပိတ်နဲ့ ဆက်စပ်လို့ ဖမ်းတယ်ထင်ပါတယ်” ဟု ထားဝယ် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။khit thit