လားရှိုးမြို့၌ ရေကြီးပြီး ရေစီးနှင့်အတူ လူသေအလောင်းမျောပါလာ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၆ ရက်ကွက်မှာ စက်တင်ဘာ ၂၀ ရက် ဒီနေ့ညနေပိုင်းက ရေစီးနဲ့အတူ အမျိုးသားအလောင်းတစ်လောင်း မျောပါလာခဲ့တယ်လို့ လူမှုကူညီရေး အသင်းတစ်ခုဆီကသိရပါတယ်။
“ရေစီးနဲ့ အလောင်းမျောပါလာတယ်ပဲ သတင်းရတာ။ ဘယ်လိုကြောင့်သေတယ် ဆိုတာတော့ ရဲအရေးဖြစ်သွားလို့ ကျနော်တို့မသိရဘူး “လို့ ကူညီကယ်ဆယ်ရေး တစ်ယောက်က ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီဝန်းကျင်က လားရှိုးမှာမိုးစရွာပြီး ၅နာရီလောက်မှ ရေစကြီးတယ်လို့သိရပြီး သေဆုံးတဲ့အမျိုးသားနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ၊ ဘာကြောင့်သေတယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ခုရက်ပိုင်း လားရှိုးမြို့မှာ မိုးသည်းထွန်စွာရွာသွန်းတာကြောင့် ရေဝင်ပြီး ရေကြီးတာဖြစ်တယ်လို့လည်း သိရပါတယ်။DVB