မြိုင် အနောက်ပိုင်းဇုန် သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ




khit thit
khit thit
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော မကွေး တိုင်းနှင့်ချင်းပြည်နယ်ရှိ မြို့နယ် ၁၁ ခုတွင် အင်တာနက်လိုင်းများ ယနေ့ ညနေ ၆ နာရီမှစတင်၍ ဖြတ်တောက်ခံလိုက်ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ဒေသခံများထံမှ သိရှိရသည်။
မကွေးတိုင်း ၃ မြို့နယ်ဖြစ်သည့် ဂန့်ဂေါ၊ မြိုင်၊ ထီးလင်း၊ မြို့နယ်တို့တွင်လည်းကောင်း၊ ချင်းပြည်နယ်၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ ပလက်၀ ၊ မင်းတပ်မြို့နယ်တို့လည်းကောင်း အင်တာနက်လိုင်းများ ညနေ ၆ နာရီမှစတင်၍ ပြတ်တောက်သွားကြောင်း သိရှိရသည်။
“ညနေ ၆ နာရီ ၂၀ ဝန်းကျင်ကနေ ယောနယ်အတွင်း က ဂန့်ဂေါ မြို့နယ်နှင့် ထီးလင်း မြို့နယ် အင်တာနက် ဖြတ်တောက် ခံထားရပါပြီ။ ဂန့်ဂေါ မြို့နယ် အချို့နေရာ မှာတော့ 2G/3G ရနေသေးတယ်လို့ သိရပါတယ်။ ထီးလင်းမြို့နယ်အချို့နေရာလည်း ရနေပါသေးတယ်”ဟု ဒေသခံယောကာကွယ်ရေးတပ်ဖွဲ့Yaw Eagle က တရားဝင် အသိပေးထားသည်။
မကွေးတိုင်း၊ မြိုင်ဒေသခံတစ်ဦးကလည်း ” ညနေကမှ အင်တာနက် မရတော့တာ။ ဘာမှ တက်မလာဘူး။ အဲဒါ ဖုန်းများ ကြောင်နေလားဆိုပြီး ပါဝါပိတ်ပြီး ပြန်ဖွင့်တော့လည်း မရဘူး။ သူများတွေကိုပါ လိုက်မေးတော့လည်း အင်တာနက် မရဘူးဆိုတာ သိတော့မှ အင်တာနက် အဖြတ်ခံထားရတာ သိတာ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ချင်းပြည်နယ် မြို့နယ်အများစုတွင် တယ်လီနောနှင့် အော်ရီဒူလိုင်းများ အင်တာနက် ပြတ်တောက်သွားခြင်းဖြစ်ပြီး MPT ကမူ ရတစ်ချက် ၊ မရတစ်ချက် ဖြစ်နေသေးသည်ဟု သိရှိရသည်။
“အခြားအော်ပရေတာတွေတော့ အင်တာနက်ပြတ်သွားပြီ။ MPT က တက်လိုက်ကျလိုက်ပဲ။ ရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်။ လိုင်းကတော့ လုံး၀ မကောင်းတော့ဘူး။ တယ်လီနော်နဲ့ အော်ရီဒူးကတော့ မရတော့ဘူး။ ဖုန်းလိုင်းတွေပါ မကောင်းဘူး။ ခေါ်ရတာ အရမ်းခက်တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောည်။ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ မြို့နယ်တချို့ကိုလည်း မကြာသေးမီက စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ခဲ့သေးသည်။khit thit
သာကေတရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ခုရှေ့တွင် ယနေ့ညက ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း G-20 UBPO က ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၇) အနောက်ရပ်ကွက် မြေနီ (၄) လမ်းထိပ်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ည ၆ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။”ပေါက်ကွဲမှုက အသံတော်တော်ကျယ်တယ်။
အနားကို ဘယ်သူမှကပ်လို့ မရဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ UBPO အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ဆက်စပ်သည့် အုပ်ချုပ်ရေးမှူးရုံးများ၊ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ၊ စစ်ကောင်စီ၏ လက်ပါးစေများကို တိုက်ခိုက် မည်ဖြစ်ကြောင်း အစောပိုင်းက ကြေညာထားသည်။mizzima
ယနေ့ (စက်တင်ဘာ၂၃) တွင် ပဲခူးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးကို နေအိမ်တွင် သွားရောက်ပစ်ခတ်ဖမ်းဆီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုလူငယ်၏ မိခင်ကိုပါ ခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
နံနက် ၁၀ နာရီခန့် ဟင်္သာကုန်း ၁၉ ရပ်ကွက်၊ ဇေယျာအောင်မြေလမ်းတွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ် ကိုစည်သူကောင်းမြတ်ကို ဖမ်းဆီးရန် ရဲများက အရပ်သုံးကား ၂ စင်းဖြင့် ရောက်လာခဲ့ကြသည်။ ကိုစည်သူကောင်းမြတ်က ထွက်ပြေးရန် ပြင်ဆင်စဉ် ရဲများက ပစ်ခတ်ခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
“သူ့အမေရှေ့တင် ကောင်လေးကို သေနတ်နဲ့ သုံးချက်ပစ်လိုက်တာ။ ကောင်လေးက ထွက်ပြေးဖို့ အလုပ်မှာ။ ကျွန်တော် တိတိကျကျသိတာ ရင်အုံကို မှန်ထားတယ်” ဟု ထိုအမျိုးသားက ပြောသည်။
မိခင်ဖြစ်သူက အိမ်အောက်ထပ်တွင်ရှိနေပြီး လူငယ်က နေအိမ်အပေါ်ထပ်၌ ရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။
ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် မိခင်ဖြစ်သူကို လက်ထိတ်ခတ်နေချိန်တွင် နေအိမ်အတွင်း ရှာဖွေကြကြောင်း ၎င်းက ဆိုသည်။
“ပစ်ခတ်ပြီးတဲ့အချိန်မှာ သူ့အမေကိုလည်း လက်ထိတ်ခတ်ပြီး ကားပေါ်ဆွဲတင်လိုက်တယ်။ ကောင်လေးကို မသယ်သေးဘူး။ အိမ်ပေါ်မှာ ပစ္စည်းတွေဘာတွေလိုက်ရှာ မွှေနှောက်ရှာဖွေပြီး လိုတဲ့ပစ္စည်းတွေယူ၊ ဆိုင်ကယ်တွေဘာတွေပါ ယူပြီး ကောင်လေးကို ကားပေါ်ဆွဲတင်တယ်” ဟု သူက ပြောသည်။
ဒဏ်ရာရထားသော ထိုလူငယ်ကို ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု သိရှိရပြီး ၎င်းမိခင်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရှိရကြောင်း ဒေသခံများက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် ပဲခူးမြို့ရဲစခန်းများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၂၂ အထိ အချက်အလက်များအရ အရပ်သားပြည်သူ ၁၁၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၆၉၈ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးနေဆဲဖြစ်သည်။ myanmar now
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းမြို့ဟောင်းအနီးရှိ ကမ်းနီကျေးရွာတံတားတွင် စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီယာဉ် ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်ပါ စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
” စစ်ကောင်စီကားက လမ်းဘေးထိုးကျသွားတယ်၊ ၂၅ ဦးသေတယ်၊ ၅ ဦး ဒဏ်ရာရတယ်။ မိုင်းခွဲတိုက်ခိုက်ပြီးတော့ အရပ်သားကား ၁ စီးကို စစ်ကောင်စီတွေက ပစ်ခတ်လို့ ကားပေါ်က ၃ ဦး ဒဏ်ရာရတယ်” ဟု KNU စစ်ဖက်ဆိုင်ရာ ဗိုလ်မှူးကြီးတစ်ဦးက ပြောဆိုကြောင်း Salween Press သတင်းတွင် ဖော်ပြသည်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဝေးပြေးကားလမ်းမ ကမ်းနီတံတားပေါ်က ဖြစ်စဉ်အပြီးတွင် စစ်ကူလာတဲ့အဖွဲ့နှင့် စစ်ကောင်စီတို့ အချင်းချင်းမှားပြီးပစ်ခတ်ခဲ့ကြပြီး အဆိုပါ ပစ်ခတ်မှုတွင် ဆိုင်ကယ်စီးလာသူ မဲယွန်းကြီး ရွာသား ၂ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ပြီး ကမ်းနီကျေးရွာရှိ နေအိမ်အတွင်း လက်နက်ကြီးကျကာ အဖွားအို ၁ ဦး ဒဏ်ရာရပြီး ဦးခေါင်းတွင် ၇ ချက်ခန့် ချုပ်ရသည်ဟု ဒေသခံများထံမှ သိရသည်။khit thit
khit thit
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပုသိမ်လမ်းမပေါ်ရှိ အောက်ထိပ်မှတ်တိုင်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF) မှ အဝေးထိန်း ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း CGF၏ ပြောခွင့်ရသူက ပြောသည်။
Double Cab ယာဉ်သုံးစီးနှင့် စစ်ကောင်စီတပ်သားတင်ယာဉ်ကြီး တစ်စီး စုစုပေါင်း ယာဉ် လေးစီးပါ စစ်ကြောင်းအား စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် CGFက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။“သတင်းရတာ အရမ်းကပ်သွားတော့ လက်ကျန် သုံးလုံးနဲ့ ပုသိမ်လမ်းမှာပဲ စောင့်ပြီး ဒက်ဗယ်ကပ်ယာဉ်တန်းကို ဖောက်ခွဲတာပေါ့။
ဒီနေ့က မိုးအရမ်းရွာတော့ သုံးလုံးမှာ နှစ်လုံးပဲကွဲသွားတယ်။ ယာဉ်တစ်စီးတော့ထိသွားတယ်” ဟု CGF ပြောခွင့်ရသူ ဆိုသည်။ဗုံးနှစ်လုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီက လမ်းနှစ်ဘက်ပိတ်ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လာသည့်အတွက် အမြန်ဆုတ်ခွာခဲ့ရပြီး ထိခိုက်မှုအခြေအနေကို မသိရကြောင်း ၎င်းကဆိုသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့များ အလုပ်ပိုတွင်ကျယ်လာစေရန် ပြည်သူများအနေနှင့် မှိုင်း ဟုယူဆရသည့် ပစ္စည်းများ၊ ပေါက်ကွဲသံများ၊ သေနတ်သံများကြားရပါက လုံခြုံသည့် နေရာတွင်သာနေပေးကြရန် နှင့် ဝိုင်းပြီးမစပ်စုကြရန်အတွက် မေတ္တာရပ်ခံကြောင်းလည်း CGF ကထုတ်ပြန်ထားသည်။mizzima
မွန်ပြည်နယ် ကျိုက္ကော်အထက်ပိုင်းရှိ ထုံးဘိုကြီး ထုံးဘိုလေး ရွာလမ်းဝတွင် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် KNU တပ်မဟာ ၁ လက်အောက်ခံ အဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူပိုင် အ ဆောက်အအုံကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။
” ဒီနေ့ နံနက်ပိုင်းက KNU တပ် မဟာ၁ လက်အောက်ခံ အဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲငယ်ပုံစံမျိုး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့လည် ၂နာရီလောက်မှာ ထုံးဘိုကြီး ထုံးဘိုလေး ရွာလမ်းဝတွင် ဒေသခံတစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်လို့ ပြည်သူတစ်ဦး သေနတ်ထိမှန်ဒါဏ်ရာရတယ်။
ပြီးတော့ ရွာလမ်းဝမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကို သေနတ်နဲ့ ပစ်ခတ်တယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ် ဖျက်ဆီးခဲ့တယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။khit thit
မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ကျောက္ကာလမ်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel ရုံးရှေ့မှာ အစောင့်ကျနေတဲ့ ရဲတပ်သားတစ်ဦးကို စက်တင်ဘာ ၂၃ ရက် ဒီညနေ ၄ နာရီဝန်းကျင်က ပစ်သတ်ခဲ့ပြီး အဆိုပါရဲတပ်သားကိုင်ဆောင်တဲ့ သေနတ်တစ်လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သံမဏိနှင့်အဖွဲ့သားများ (MPDF) အဖွဲ့ထံက သိရပါတယ်။
ဒေသခံတဦးက ”အပစ်ခံရတဲ့ရဲသားကတော့ အဲ့နေရာမှာပဲဆုံးသွားတယ်။ အခုတော့ စစ်ကားတွေနဲ့ စစ်သားတွေခြေရှုပ်နေတာပေါ့။ ရပ်ကွက်ရုံးရှေ့မှာတော့ စစ်ကားတွေနဲ့စစ်သားတွေအများကြီးပဲ”လို့ ပြောပါတယ်။
မုံရွာမြို့က Mytel ရုံးတည်ရှိတဲ့နေရာဟာ မြဝတီရဲစခန်း အနီးမှာဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်ကလည်း အဆိုပါ MyTel ရုံး ဗုံးပစ်ခံရလို့ ရုံးရှေ့ဘက်ခြမ်းပျက်စီးသွားပါတယ်။
ရဲတပ်သား ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ မုံရွာမြို့၊ မြဝတီရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖုန်းလက်ခံပြောဆိုခြင်းမရှိပါဘူး။DVB
khit thit