Monthly Archives: Sep 2021

သာကေက ရွှေပုဇွန်ရှေ့ ယာဉ်ထိန်းရဲရုံးတွင်ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ဧရာဝဏ်လမ်းပေါ် ရှိ ရွှေပုဇွန်မုန့်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့စက်တင်ဘာ ၂၅ရက် ညနေ ၅နာရီ မိနစ်၂၀ ခန့်က ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။ “ဧရာဝဏ်လမ်းပေါ် ရွှေပုဇွန်မျက်နှာချင်းဆိုင် မှာရှိတဲ့ မော်တော်ပီကယ်ရုံးလွတ်မှာပေါက်တာ အုန်းဆိုအသံကြားပီး မြေကြီးတွေဖွာထွက်သွားတယ်” ဟု ပေါက်ကွဲမှုကို မျက်မြင်တွေ့သူက မဇ္ဇျိမကို​ပြောသည်။

ယနေ့ညနေ ၅နာရီ၅ မိနစ်ခန့်တွင်လည်း ဒေါပုံမြို့နယ် ဇေယျာသီရိလမ်းရှိ မီတာရုံးတွင် ပေါက်ကွဲမှုဖြစ်မှုဖြစ်ခဲ့သေးသည်။ ယင်းပေါက်ကွဲမှုများမှာ G20 UBPO အဖွဲ့မှ ပေါက်ခွဲခဲ့ခြင်းသာဖြစ်တယ်ကြောင်း အဆိုပါအဖွဲ့ မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ဆက်စပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၊၎င်းတို့အားပူးပေါင်းပြီး ပြည်သူအားဒုက္ခရောက်အောင်လုပ်ဆောင်နေသော စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများ ၏နေအိမ်များ စစ်ကောင်စီသို့ပူးပေါင်း၍ မိမိတို့လူငယ်များ ပြည်သူများအား ဒုက္ခအမျိုးမျိုးပေးနေသော သ တင်းပေးဒလန်များ၏ စီးပွားရေးအဆောက်အအုံများအား အလားတူဖျက်စီးပေးသွားမည်ဟု G20 အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် ထိခိုက်မှုမရှိဘူးလို့သိရပြီး ယင်းနေရာများသို့ စစ်ကောင်စီတပ်များ ရောက်လာကာ ပိတ်ဆို့စစ်ဆေးမှုများလုပ်ခဲ့ကြောင်း သိရသည်။mizzima

သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တွင် ဗုံးကွဲ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးနဲ့   သာကေတမြို့နယ် မင်းနန္ဒာလမ်းနဲ့ ဧရာဝဏ်လမ်းဆုံထိပ်ရှိ ရဲကင်းတဲတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  G-20 UBPO အဖွဲ့က အတည်ပြု ကြေညာပါတယ်။ 

စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီလောက်မှာ  ဒေါပုံမြို့နယ် ဇေယျာသီရိလမ်းပေါ်က လျှပ်စစ်မီတာရုံးနဲ့  ၅ နာရီ ၂၅ မိနစ်မှာ  သာကေတမြို့ နယ် မင်းနန္ဒာလမ်းမကြီးနဲ့ ဧရာဝဏ်လမ်းမကြီးဆုံရာ လမ်းဆုံထိပ်မှာရှိတဲ့ ရဲကင်းတဲတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့  စီးပွားရေးလုပ်ငန်း‌တွေနဲ့  ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်နေတဲ့  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး‌တွေရဲ့ နေအိမ်‌တွေ၊ ပြည်သူတွေကို  ဒုက္ခအမျိုးမျိုးပေးနေတဲ့ သတင်းပေးဒလန်တွေရဲ့ စီးပွားရေးအဆောက်အုံတွေကိုလည်း  ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ G-20 UBPO  အဖွဲ့က ကြေညာချက်ထုတ် သတိပေးထားပါတယ်။

ဒေါပုံနဲ့ သာကေတမြို့နယ်မှာ ဒီနေ့ ညနေ ၅ နာရီလောက်မှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့  ဒေသခံတဦးက ပြောပြီး  ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သာကေတအဝိုင်းထိပ်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေ တားဆီး စစ်ဆေးတာပြုလုပ်နေတယ်လို့ မြို့ခံက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးတဝိုက်မှာလည်း  ဒီနေ့မနက်က  ဗုံး ၄ လုံး ပေါက်ကွဲခဲ့သလို စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအနားမှ ဒီမနက် အစောပိုင်း ၂ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

စစ်တပ်ပိုင် ဦးပိုင်လီမိတက်၏ ငွေပင်လယ်စက်မှုဇုန်အတွင်းရှိ စက်ရုံများတွင် CCTV များတပ်ဆင်ရန် စီစဉ်နေ

ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် အတွင်းရှိ စစ်တပ်ပိုင် ဦးပိုင်လီမိတက်၏ စက်ရုံအများစုတည်ရှိရာ ငွေပင်လယ်စက်မှုဇုန်အတွင်း စက်ရုံများတွင် CCTV များတပ်ဆင်ရန် စက်တင်ဘာလ ၂၃ ရက် ရက်စွဲဖြင့် စီစဉ်ညွှန်ကြားသည့် စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့‌နေ သည်။

အဆိုပါညွှန်ကြား‌စာတွင် ငွေပင်လယ်ရေလုပ်ငန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ စက်ရုံရှေ့ရှိ မြက်များ၊အမှိုက်များအား သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများမှ ရှင်းလင်းဆောင်ရွက်စေရန်၊ စက်ရုံများတွင် လုံ ခြုံ ရေးအတွက် စီစီတီဗွီ တပ်ဆင်ထားရှိစေရန်၊ စီစီတီဗွီများအား စက်ရုံ တစ်ရုံနှင့်တစ်ရုံ လက်ယှက်ထိုးမြင်နိုင်‌အောင် တပ်ဆင်ထားရန်၊ စီစီတီဗွီများ တပ်ဆင်ပြီးပါက လိုက်လံစစ်ဆေးသွားရန် ဆိုသည့် အချက် လေးချက် ပါရှိသည်။

ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ပြီးစီးမှုအခြေအနေကို အောက်တိုဘာလ ၇ ရက်တွင် စီမံခန့်ခွဲရေးကော်မတီရုံးသို့ တင်ပြသွားရန် အကြောင်းကြားထားသည်။

” ငွေပင်လယ် စက်မှုဇုန်မှာက သူတို့ ပိုင်တဲ့ စက်ရုံတွေရှိတယ်။ တရုတ် စက်ရုံတွေ ရှိတယ်။ ပြီးတော့ Mytel တာဝါတိုင်တစ်ခုလည်းရှိတယ်။ အခုလည်း စစ်ကောင်စီတပ်တွေ စက်မှုဇုန်ထဲက သုံးနေရာလောက်မှာ တပ်စွဲထားတယ်။ သူတို့ဟာတွေ ထိမှာစိုးလို့ ကြပ်ကြပ်မတ်မတ်တော့ လုပ်နေတယ်။ စက်ရုံတွေကို ဇုန်ရုံးက ညွှန်ကြားပါတယ်။

ဇုန်ရုံးကိုတော့ မအလ အဖွဲ့က ညွှန်ကြားပါတယ်။ သူတို့ပိုင် စက်မှုဇုန်ဖြစ်နေလို့ပါ။ ဇုန်လူကြီး ဥက္ကဌ‌တေံကဗိုလ်မှူးချုပ်ဟောင်းတွေပါ” ဟု သ တင်းအရင်းအမြစ်တစ်ဦးက မဇ္စျိမကို ပြောသည်။ ဗုံးခွဲတိုက်ခိုက်ခြင်းများ ခံရမည်ကို စိုးရိမ်သဖြင့် ခြုံများကို ရှင်းခိုင်းခြင်းဖြစ်ပြီး စက်မှုဇုန်ရုံး ၏ ပတ်ပတ်လည် လမ်းထောင့်ချိုးများအထိ CCTV များ တပ်ဆင်ထားကြောင်း သိရသည်။

ငွေပင်လယ် စက်မှုဇုန်သည် ရွှေပြည်သာ တံတားအဆင်း လှိုင်သာယာဘက်ခြမ်း လှိုင်မြစ်ကမ်းနံဘေးတွင် တည်ရှိသည်။ အဆိုပါစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ ၊ ဖိနပ်စက်ရုံ၊ Plastic Tissue စက်ရုံ၊ Cartoon box စက်ရုံ၊ Concrete စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ Gas စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ ငါးပေါင်းမုန့်စက်ရုံ၊ ငါးပုဇွန်လုပ်ငန်း နှင့် ဂိုထောင်များရှိသည်။mizzima

မြဝတီမြို့ နယ်မြေခံတပ်ကို လက်နက်ကိုင်တစ် စုက ထပ်မံလာရောက် ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့အထွက် အာရှလမ်းမဘေး အနီးက  စစ်ကောင်စီရဲ့ ခလရ (၂၇၅) တပ်ကို စက်တင်ဘာ ၂၄ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်တစ်စုက ဒုတိယအကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ပစ်ခတ်မှု​အတွင်း စစ်ကောင်စီလက်အောက်ခံ  ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တစ်ဦး  ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားရာအနီး နေထိုင်သူ တစ်ဦးက”ညက ပစ်ခတ်မှုက ဘုးရာကုန်းအနီးကနေစ ကြားတာ။ သိပ်မကြာဘူး။ စကစဘက်က လက် နက်ကြီးတွေပါ ပစ်ခတ်သံကြားရတယ်။ ပြီးတော့ BGF တပ်ဖွဲ့ဝင်တစ်ဦး ထိတယ် ကြားတယ်”လို့ ဆိုပါတယ်။ 

မြဝတီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက” ဖြစ်ဖြစ်ချင်းတော့ ကြောက်တာပေါ့။ ဟိုပြေးရမလို ဒီပြေးရမလိုနဲ့။ စစ်တပ်က ရမ်းပြီး တပ်ထဲကနေ ပစ်နေတာ။ တဘက်က လာပစ်တဲ့သူ ထိလား မထိလား မသိဘူး။ ပစ်ခတ်သံတွေ ကြားရတယ်”လို့ ဆိုပါတယ်။ 

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့တွင်း ဝင်ထွက်သွားလာသူတွေကို စစ်ဆေးမှုတွေပြုလုပ်နေသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

အဆိုပါတပ်ရင်းကို စက်တင်ဘာ ၂၁ ရက် ည ၈ နာရီလောက်ကလည်း လက်နက်ကိုင်တစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိနစ်အနည်းငယ်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ထိခိုက် သေဆုံးသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။DVB

ယမန်နေ့တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်များ ပင်လယ်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာသို့ လေကြောင်းမှတဆင့် ပစ် ခတ်တိုက်ခိုက်

စက်တင်ဘာလ ၂၄ ရက်တွင်ဖြစ်ပွားခဲ့သော ဒေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲတွင် အကျအဆုံးများပြီး အထိနာသော အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ညနေ ၅ နာရီခွဲဝန်းကျင်တွင် ပင်လယ်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဝမ်းဘဲအင်းကို ဒီညနေ ၅ နာရီခွဲလောက်မှာ ရဟတ်ယာဉ်တွေ ပျံဝဲနေပြီးတော့ ၅ နာရီခွဲလောက်မှာ ဒုံးကျည်နဲ့ ပစ်တယ်၊ ရွာသားတွေကလည်း တိမ်းရှောင်နေကြရတယ်၊ ထိခိုက်မှုအခြေအနေတော့ မသိရသေးပါ” ဟု ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာနှင့် ဆားတောင်ပုံကျေးရွာကြားတွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ပင်လယ်ဘူး PDF တို့ ယနေ့ စက်တင်ဘာလ ၂၄ ရက် ၁၁ နာရီ ၅၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၅ ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာရှိကြောင်း၊ ပင်လယ်ဘူး PDF ဘက်မှ စစ်သည် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရကြောင်း အမျိုး သား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ပင်လယ်ဘူးမြို့နယ်၊ နောင်မှူးကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြားရှိ မူးမြစ်တံတားပေါ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး PDF တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး ပေါင်ကျိုးသွားကြောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း NUG က ယနေ့ထုတ်ပြန်ထားသည်။

“စက်တင်ဘာလ ၂၂ ရက်နေ့ မူးမြစ်တံတားပေါ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာက ပစ္စည်းတော်တော်များများသိမ်းမိလိုက်တယ်၊ သေနတ်ကတော့ ၂ လက်ပဲရလိုက်တယ်၊ စစ်ခွေးတွေက ပြေးတော့ သေနတ်တွေကို မူးမြစ်ထဲကို ပစ်ချပြီး ပြေးသွားတာ” ဟု ကောလင်း PDF မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူများခဲ့ပြီး ကျန်ရစ်ခဲ့သော လက်နက်ကြီး၊ လက်နက်ငယ်၊ အမြှောက်ဆံအများအပြားအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်။khit thit

လှည်းကူး အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းတွင် ယနေ့ စက်တင်ဘာ ၂၅ရက် မနက် ၁၁နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ပြည်တော်သာရပ်ကွက်ရုံးတွင် ရာအိမ်မှူး ရှိနေစဥ်ဗုံးပေါက်ကွဲခဲ့ခြင်းဟု မြို့ခံအချို့ကပြော သည်။ စစ်ကောင်စီတပ်က ဗုံးပစ်သွားသူနှစ်ဦးကိုလည်း လိုက်လံပစ်ခတ်ခဲ့သေးသည်ဟု အနီးနားရှိသူများက ဆိုသည်။ အဆိုပါ‌ဖြစ်စဉ်တွင် နှစ်ဘက်စလုံးမှ ထိခိုက်ဒဏ်ရာရရသူမရှိကြောင်းသိရသည်။

” ရပ်ကွက်ရုံးမှာ ရာအိမ်မှူး ပဲရှိတယ်တဲ့၊။ ဗုံးပစ်သွားပြီးတော့ သူကလည်း ရုံးထဲကပြေးထွက်လာတယ်ပြောတယ်။ ဗုံးသံအရင်ကြားတယ်။ လက်လုပ်ဗုံးနဲ့ပစ်သွားတာ၊ ပြီးတော့ သေနတ်သံ သုံးချက်ကြားတယ်။ ပစ်သွားတဲ့ လူနှစ်ယောက်ကို စစ်တပ်က လိုက်ပစ်တာ သုံးချက် ။ အခုအဲဒီရုံး‌အနီးမှာ သေနတ်အရှည် တွေကိုင်ထားတဲ့ အရပ်၀တ်နဲ့လူတွေက မေးမြန်းစစ်‌ေဆးနေကြတယ် ” ဟု မြို့ခံများကပြောသည်။

ယခုလက် ရှိတွင်မူ ပြည်တော်သာရပ်ကွက်ရုံးဝန်းကျင်အနီးတွင် အရပ်ဝတ် စစ်ကောင်စီအဖွဲ့ဝင်များက အနီးနားရှိပြည်သူများ၊ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။mizzima

ချောင်းဦးမြို့ PDF တပ်ဖွဲ့မှ သတိပေးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးနုတ်ထွက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) မှ ရပ်ကွက်၊ ကျေးရွာအုပ်စုအပါအ၀င် အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ကြရန် သတိပေးပြီးနောက် စစ်‌ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက်ကြောင်း CHU PDF ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်း ဖြစ်ပြီးယနေ့စက်တင်ဘာ ၂၅ ရက်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့ဒေသခံများက ပြောသည်။ “မနေ့က ချောင်းဦး-PDF ကထုတ်ပြန်ပြီး ဒီနေ့မှာ ထွက်တာပါ။ ‌ချောင်းဦးမှာက စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး ငါး ယောက်လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကင်းမွန်တောကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဘိုးအေးမှာလည်း ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း CHU PDF ကထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရေး လက်အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအ ပါအ၀င် အုပ်ချုပ်ရေးမှူးများအားလုံး ယခုလ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHPDF)မှ ယမန့်နေ့ စက်တင်ဘာ ၂၄ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါသတိပေးချက်အား မလိုက်နာဘဲ မည်သည့်အ ကြောင်းပြချက်ဖြင့် ပျက်ကွက်သည်ဖြစ်စေ စစ်ကောင်စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ CHU PDF တပ်ဖွဲ့မှ ချေမှုန်းသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။mizzima

ဘုတလင်မြို့နယ်၊ ကုန်းသာအုပ်စုက ရပ်ကျေးစာရေး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကုန်းသာရွာနဲ့ ကံသာရွာကြားကချောင်းအတွင်းမှာ ကုန်းသာအုပ်စု ရပ်ကျေးစာရေး ၁ ဦး ဒီနေ့ နေ့လယ် ၁ နာရီကျော်က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အသတ်ခံရတဲ့သူက ကိုဝင်းကျော်သူ (ခ) ငဖဲဗျ။ အသက်က ၃၀ ဝန်းကျင်လောက် ရှိမယ်။ သူက ကုန်းသာ ၆ ရွာအုပ်စု ရပ်ကျေးစာရေးတစ်ဦးဗျ။ CDM မလုပ်ထားဘူးလို့ သိရတယ်။ နောက်ပြီး ရွာဘက်လာတဲ့ စစ်သားတွေကို လမ်းပြလိုက်ပို့ပို့နေတာလို့ သတင်းတွေ ထွက်နေတာပဲဗျ။ ဘာကြောင့် သတ်ကြတာလဲ၊ ဘယ်အဖွဲ့အစည်းက သတ်တာလဲတော့ မသိရဘူးဗျ။ အသတ်ခံရတာကတော့ ခေါင်းတခြား၊ ကိုယ်လုံးတခြားပဲ။ ဓားနဲ့ လည်ပင်းပိုင်းသွားကြတာ” လို့ ကုန်းသာဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီအားပေး CDM မလုပ်တဲ့ ရပ်ကျေးစာရေး အသတ်ခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စစ်ကောင်စီ ထောက်ခံအားပေး CDM မလုပ်တဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ အသက်လုံခြုံမှုကို အာမမခံနိုင်ဘူးလို့ ဒေသခံမြေ အောက်အဖွဲ့အစည်းတစ်ခုရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ၁၀ ရက်ကျော် ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။DVB

« Older Entries