Monthly Archives: Oct 2021

ခင်ဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာအနီးမှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြင်းဒေါင်းရွာအနီး‌မှာ ခင်ဦး PDF နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

PDF တာဝန်ခံက “သူတို့ထွက်လာတာက ဆိုင်ကယ် ၄ စီးနဲ့ ကား ၁ စီးပါပဲ။ မိုင်း ၃ လုံးတတွဲ၊ ၁ လုံးတတွဲ  မိုင်း ၄ လုံးခွဲလိုက်တာ၊  ဆိုင်ကယ်ရောကားရောပျက်စီးသွားခဲ့တယ်။ အမြင်အရ ၆ ယောက်အပြင်းအထန် ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရတယ်” လို့ ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ရွာသစ်ကုန်းနဲ့ မကျီးအုပ်ရွာ ဒလန်တွေ စာရင်းပေးထားတဲ့ အင်းပတ်ရွာက နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့ညနေပိုင်းအထိ ရွာတွေမှာ ဝင်ရောက်မွှေနှောက်နေတုန်းလို့ ဆိုပါတယ်။DVB

စစ်တပ်ဖမ်းသွားသည့် ခင်ဦးမြို့နယ်မှလူငယ် သေနတ်ဒဏ်ရာဖြင့် သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီဖမ်းသွားသည့် လူငယ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ယောက်သွားအိုင်ရွာသား ကိုအောင်နိုင်ဦး၏ ရုပ်အလောင်းကို ရွာအပြင် လမ်းဘေးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ အောက်တိုဘာ ၂၉ နံနက်ပိုင်းက ယောက်သွားအိုင်ကျေးရွာကို စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။ 

“အဲဒီတစ်ယောက်က ရွာထဲမှာ ပိတ်မိပြီး ဖမ်းခံရတာ။ ဖမ်းခံရတာကတော့ ရွာထဲတင်ပဲ။ (ရုပ်အလောင်း) တွေ့တာက ရွာအပြင်မှာ တောဘက်ကို သွားတဲ့လမ်းမှာ ပစ်သတ်ထားခဲ့တာ။ ခုမနက်မှတွေ့တာ မနေ့ညက ရွာထဲ မဝင်ရဲလို့ မဝင်ကြဘူး” ဟု ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသည့် ကိုအောင်နိုင်ဦးမှာ ဝဲဘက်ရင်အုံတွင် ရရှိထားသည့် သေနတ်ဒဏ်ရာ နှစ်ချက်တွေ့ရပြီး ရုပ်အလောင်းကို ကျေးရွာသုဿန်၌ ယနေ့ သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု ယောက်သွားအိုင် ကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အသတ်ခံရတဲ့သူက ဒီအတိုင်းအရပ်သားပါပဲ။ ဘာကိစ္စမှ မရှိပါဘူး။ အလကားဖမ်းပြီး PDF ဆိုပြီး စွပ်စွဲပြီးသတ်သွားတာ” ဟုလည်း အထက်ပါရွာသားက ပြောသည်။

ကိုအောင်နိုင်ဦးမှာ မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနေသူဟု ထိုဒေသခံက ပြောသော်လည်း အသေးစိတ် မသိရှိရပေ။ 

အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ယောက်သွားအိုင်ကျေးရွာတွင် လက်နက်နှင့် PDF အဖွဲ့ဝင်များရှိသည်ဟု စွပ်စွဲ၍ စစ်ကောင်စီနှင့် အပေါင်းအပါများက လာရောက်ဒုက္ခပေးခြင်းဖြစ်ကြောင်း ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“မနက်ခင်းဈေးရောင်းတဲ့ ဆိုင်ကယ်တွေကို သူတို့က လမ်းမှာတားပြီး သူတို့က ဈေးသည်ယောင်ဆောင်ပြီး ဝင်တာ ရွာကဒလံက သတင်းပေးပြီးတိုင်လို့ သူက လိုက်ပြတာ”ဟု ၎င်းက ပြောသည်။

ယောက်သွားအိုင်ကျေးရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် နေအိမ်လေးလုံး ဖျက်ဆီးခံခဲ့ရသည်ဟု သိရသော်လည်း ထိခိုက်ပျက်စီးမှုနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို မသိရပေ။ ထို့ပြင် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ယမန်နေ့ (အောက်တိုဘာ ၃၀) ကလည်း ခင်ဦးမြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့်ရှိ မကျီးအုပ်ကျေးရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က နေအိမ် ၅၀ ကျော်ကို မွှေနှောက်ရှာဖွေဖျက်ဆီးကာ ရွှေနှင့် စားသောက်ဖွယ်ရာများ ယူဆောင်သွားကြောင်း၊ ယနေ့နံနက်ပိုင်းတွင် အင်းပက်ကျေးရွာကို စစ်တပ်က ဝင်စီးကာ နေအိမ်နှစ်လုံးကို မီးရှို့ပြီး မွန်းလွဲပိုင်းအချိန်အထိ တပ်စွဲထားကြောင်း၊ ရွာအတွင်း မွှေနှောက်ရှာဖွေလျက်ရှိကြောင်း ခင်ဦး PDF ပြောခွင့်ရသူက ဆိုသည်။

ခင်ဦးမြို့နယ်အတွင်း ထိုသို့ ကျေးရွာဝင်ရောက်စီးနင်းခံရခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း တို့နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ခင်ဦး PDF ၏အဆိုအရ စစ်ကောင်စီတပ်သည် အောက်တိုဘာလမှစ၍ ပျဉ်ထောင်၊ မကျည်းတုံ၊ မဒေါင်းလှ၊ ရွာသစ် စသည့် ကျေးရွာများတွင် တပ်စွဲလျက် အနီးဝန်းကျင်ရှိ ရွာများသို့ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းနေသည်ဟု သိရသည်။

ပျဉ်ထောင်ကျေးရွာကို ဝင်စီးသည့် အောက်တိုဘာ ၁ တွင် စစ်တပ်၏ လက်ချက်ကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် ယခု အောက်တိုဘာလအတွင်း တစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ myanmar now

ဘုတလင် လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ဘုတလင်မြို့နယ်၊ လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက် မနက် ၂ နာရီခွဲလောက် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လွဲတဲကျေးရွာအနီး တောကျောင်းဘုန်ကြီးတစ်ပါး ပျံလွန်တော်မူတာကို ဝေယျာဝစ္စ ဆောင်‌ရွက်ပေးတဲ့ လူငယ်သုံးဦးအား ဒလန်သတင်းပေးဆိုပြီး စစ်ကောင်စီက လာဖမ်းသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်သံတွေကတော့ ည ၂ နာရီခွဲကြီးဆိုတော့ ဆူညံနေတာပဲဗျ။ ဘယ်ထိလို့ ဘယ်မှန်မယ်ဆိုတာကိုတော့ အတိကျမသျရဘူး။ မနက်ခင်း သတင်းကြားတာကတော့ တစ်ယောက်ကျည်ထိတယ်လို့တော့ သတင်းကြားတယ်။ အတိကျတော့မသိရဘူး။”

ကျေးရွာတွေအတွင်း ပုဂ္ဂိုလ်ရေးရမုန်းတီးမှုကြောင့် တိုင်တာ၊ PDF ကို စစ်ကောင်စီသတင်းပေးဆိုပြီး တိုင်တာတွေ လုပ်နေကြပြီး အခုပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးဟာလည်း ပရဟိတလုပ်နေသူတွေ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“ရွာရေးရပ်ရေး လုပ်ပေးနေကြတဲ့ ပရဟိတအမှန်အကန်ကလေးတွေပါဗျာ။ စစ်တပ်ဘက်ရော၊ PDF ဘက်ရော သေချာစိစစ်ပြီးမှ လုပ်ကြပါလို့။ ဘာလိုလဲဆိုတော့ဗျာ ဒလန်လို့ အတိုင်ခံရမှာ ကြောက်ရတာတစ်မျိုး၊ လက်နက်ကိုင် PDF လို့ အတိုင်ခံရမှာတစ်မျိုးဆိုတော့ လူကြီးအချင်ချင်းမပြောနဲ့ ၃ နှစ်သားကလေးလောက်ဆုံရင်ကို ကြောက်နေရတဲ့‌ ခေတ်ဖြစ်နေလိုပါ။”  

အဆိုပါ လွဲတဲကျေးရွာက တောကျောင်းဘုန်းကြီး ဈာပနမှာ စစ်တပ်က ဖမ်းဆီးသွားသူတွေကတော့ ဇင်မျိုးလှိုင်၊ တင့်နိုင်ဝင်းနဲ့ ထွန်းလွင်းတို့ဖြစ်ပြီး အသက်က ၂၅ နဲ့ ၃၀ ကြား အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။DVB

မန္တလေးတွင် စစ်ကျွန် ပညာရေးကျောင်းများ မတက်ရောက်ရေးနှင့် ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး သပိတ်စစ်ကြောင်း ၂ခု ချီတက် ဆန္ဒပြ

khit thit

သုံးပတ်အတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ သန်း ၃၈၀ ဝန်းကျင် လျော့ကျနေ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၂ ရက်နေ့အထိ သီတင်းပတ် သုံးပတ်အတွင်း  မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးဟာ  ပြီးခဲ့တဲ့နှစ် ကာလတူ ကုန်သွယ်မှုနဲ့ ယှဉ်ရင် အမေရိကန်ဒေါ်လာသန်း ၃၈၀ ၀န်းကျင် လျော့ကျနေပါတယ်။

စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာ လတူမှာ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၁၃ သန်းကျော်ရှိခဲ့ပေမဲ့ အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၃၄ သန်းဝန်းကျင် တန်ဖိုးသာ ရှိခဲ့ပါတယ်။ 

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက အခုဘဏ္ဍာနှစ် သုံးပတ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၇ သန်းကျော်သာ ကုန်သွယ်မှုရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၄၀၈ သန်းကျော် လျော့ကျခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုကလည်း ၁ ဒသမ ၄ သန်းကျော်သာရှိပြီး အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့တာ တွေ့ရပါတယ်။

စီးပွားကူးသန်းဌာနရဲ့ စာရင်းအရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုကတော့ ပြီးခဲ့တဲ့နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်မြင့်တက်ခဲ့ပြီး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကလည်း အမေရိကန်ဒေါ် လာ ဝ ဒသမ ၅၇၆ သန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ သစ်တောထွက်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စက်မှုကုန်ချောပစ္စည်းတွေကို  အဓိက တင်ပို့နေပြီး၊ အိမ်နီးချင်းနိုင်ငံတွေကနေ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ လယ်ယာသုံးပစ္စည်းတွေ အပြင်လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေကိုပါ တင်သွင်းနေတာပါ။

တရုတ်နိုင်ငံက နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့  ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ကြံ၊ ရာဘာ၊ လျှော်ဖြူ၊ ဝါဂွမ်း စတဲ့ ကုန်ပစ္စည်း ၄ မျိုးကို တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝင်ထွက်ပေါက် နောက်တစ်ခုဖြစ်တဲ့ ဝမ်တိန်ဂိတ်ကိုလည်း ပြန်ဖွင့်လှစ်ဖို့ တရုတ်နိုင်ငံဘက်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တချို့ဆီက သိရပါတယ်။DVB

စစ်ကောင်စီက စာသင်ကျောင်းများ ပြန်ဖွင့်ပြီး လူသားတံတိုင်းလုပ်၍ မိုင်းခွဲဖျက်ဆီးနိုင်ကြောင်း ပညာရေးအဖွဲ့များ သတိပေး

စစ်ကောင်စီက စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး စာသင်ကျောင်းများ၌ တပ်စခန်းချကာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆ ရာမများကို လူသားတံတိုင်းလုပ်ပြီး မိုင်းခွဲဖျက်ဆီးခြင်းများပြုလုပ်လာနိုင်သည်ဟု ပညာရေးအတွက်ဦးဆောင်တိုက်ပွဲဝင်နေသူများက သတိ ပေးလိုက်သည်။စစ်ကောင်စီက လူသားတံတိုင်းလုပ်၍ မိုင်းခွဲဖျက်ဆီးကာ PDFများလုပ်ဆောင်သည့်ပုံစံမျိုးဖြင့် ဝါဒဖြန့်ချီခြင်းများလုပ်ဆောင်လာနိုင်သည်ဟု BEWU-SCနှင့် BEGSC တို့က သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယနေ့ အောက်တိုဘာ ၃၁ရက်နေ့တွင် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEWU-SC) နဲ့ အခြေခံပညာ ပ ညာရေးဝန်ထမ်းများ အ‌ထွေထွေသပိတ်ကော်မတီ(BEGSC) တို့က သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ယခုကဲ့သို့ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီက ၎င်းတို့၏ ကျဆင်းနေသည့်နိုင်ငံရေးသိက္ခာကို ဆယ်ယူရန် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆို သည်။

ကျောင်းသား၊ ကျောင်းသူများ၏ ပညာ‌ရေးဆက်လက်သင်ကြားခွင့်ကို ဖန်တီးပေးခြင်းထက် စစ်ကောင်စီ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက်ကြောင့် မိဘများအနေနှင့် မပူးပေါင်းကြရန်ထည့်သွင်း တိုက်တွန်းထားပါသည်။”ဒီလောက် တစ်နိုင်ငံလုံးကို ယုတ်မာနေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ကလေးတွေပညာရေးထက် သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်ကိုပဲ ကြည့်ပြီးလုပ်တာပါ၊ ကျွန်တော်တို့ တိုက် တွန်း သတိပေးထားသလိုပဲ စာသင်ကျောင်းတွေကို ခံတပ်လုပ်ပြီး သူတို့ဘာသာ ဖောက်ခွဲလိုက် PDFတွေလုပ်သလို ပုံဖော်လိုက် လုပ်ချင်နေတယ်၊ PDFတွေကတော့ ဒီလိုလုပ်ရပ်တွေ မလုပ်တာသေချာပေမဲ့ သူတို့က လုပ်မှာပဲ၊ ပြီးရင် သူတို့လုပ်တာကို ဖုံးကွယ်ပြီး နိုင်ငံရေးအမြတ်အတွက် ကလေးတွေအသက်ကို လဲမှာပဲ၊ ဖက်ဆစ်စစ်တပ်နဲ့ မပူးပေါင်းပါနဲ့လို့ တိုက်တွန်းချင်ပါတယ်”ဟု BEWU-SC၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ် ပညာရေးတက်ကြွလှုပ်ရှားသူ ဦးဖြိုးဝေအောင်ကပြောသည်။

လက်ရှိအချိန်တွင် စာသင်နှစ် နှစ်ဝက်ကျော်ခဲ့သည့်အချိန်ဖြစ်၍ သင်ခန်းစာသင်ရိုးများ ပြီးပြတ်သည်အထိသင်ယူနိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း၊ ‌စစ်ကောင်စီက ကျောင်းများပြန်လည်ဖွင့်လှစ်သည်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခြင်း မဟုတ်သည့်အတွက် တန်းတူညီတူပညာရေး မဟုတ်ကြောင်းကို ၎င်းကထပ်ဆင့်ပြောသည်။နိုဝင်ဘာလ ၁ရက်နေ့တွင် ပုဂ္ဂလိက‌ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဟု စစ်ကောင်စီက အောက်တိုဘာ ၂၈ရက်နေ့‌တွင် အခြေခံပညာစာသင် ကျောင်း များကို ပြန်လည်ဖွင့်လှစ်ရန်အတွက်ထုတ်ပြန်ကြေညာထားသည်။mizzima

လေးကေကော် စစ်​ဘေးရှောင်နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေး

ကရင်​ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် ​(ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ) မှာရှိတဲ့ ကရင်စစ်ဘေးရှောင်တွေရဲ့ နေ အိမ်တွေကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေလျင်တပ်ရင်း ရှေ့တန်း စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ထင်လင်းဇော် ဦးစီးတဲ့ တပ်ဖွဲ့ဝင် အင် အား ၄၀ လောက်ဟာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်ပြီး စစ်ဆေးမေးမြန်း ရှာဖွေတာတွေ ပြုလုပ်ခဲ့တာပါ။

​လေးကေကော်မြို့သစ် စစ်ဘေးရှောင်တစ်ဦးက “လက်နက်ကိုင်ပြီး ဝင်လာတော့ လန့်သွားတာပေါ့။ အိမ်တွေမှာ လူပိုရှိ၊ မရှိ မေးမြန်းပြီး အိမ်ထဲအထိ ဝင်ရှာတယ်။ အဓိက က သူတို့သိချင်တာ  PDF တွေကို လက်ခံထားလား မထားလား သိချင်လို့ဖြစ်မယ်။ ကျနော်တို့ နေရာက စစ်ဘေးရှောင်သက်သက်ပဲနေတာ။ နောက်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေလေ” လို့ ပြောပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီရဲ့  စစ်ကြောင်းဟာ စစ်​ဘေးရှောင်အိမ်ရာ စခန်းကနေ မေတ္တာလင်းမြိုင်ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ဘက် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို  စိုးရိမ်တယ်လို့ ​ ​ဒေသခံတွေက ဆိုပါတယ်။DVB

မြိုင်မြို့နယ် Mytel တာဝါတိုင်နှင့် ညောင်ဦး လျှပ်စစ်ရုံးဝန်ထမ်းအိမ်ရာ ဗုံးခွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး Myaing Villages Revolution Front (MVRF) က ဒီနေ့မနက်အစောပိုင်း ၁ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

MVRF တာဝန်ခံက ”ဟုတ်ပါတယ်ဗျ။ ကျနော်တို့ရဲဘော်တွေ လုပ်လိုက်ကြတာပါ။ စစ်ကောင်စီရဲ့ဝင်ငွေကိုလျော့ချလိုက်တာပါ။ နောက်လည်း အခွင့်သင့်သလို စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားကြမှာပါ” လို့ အတည်ပြုပြောပြပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းကလည်း မြိုင်မြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံနဲ့အဝှမ်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီကသိရပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၁ နယ်မြေမှာရှိတဲ့ ညောင်ဦးမြို့၊ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်း အိမ်ရာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၅ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“CDM မဝင်ဘဲ စစ်ကောင်စီဩဇာခံပြီး ပြည်သူတွေဆီက မီတာခတွေ လိုက်ကောက်နေတဲ့ ညောင်ဦးမြို့ လျှပ်စစ်ဝန်ထမ်း Non CDM တွေကို သတိပေးတဲ့အနေနဲ့ ပထမအကြိမ် ပြုလုပ်ခဲ့တာပါ။” 

ဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး ညောင်ဦးလျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိတဲ့အတွက် ထိခိုက်ပျက်စီးမှု အ ခြေ အနေကို ဆက်လက်စုံစမ်းနေပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့ ညောင်ဦးမြို့နယ်အတွင်းမှာ မီတာခဆက်လက်ကောက်ခံမှုတွေ ဆက်လက်ဆောင်ရွက်နေပါက   အသက်ကို နုတ် ယူသွားမယ်လို့ အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။DVB

« Older Entries