Monthly Archives: Oct 2021

လှိုင်သာယာဗုံးကွဲမှု စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ခဲ့ကြောင်း CGF-HTY ပြော

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားအိမ်ယာအနီး ဘုရားလမ်းထိပ်မှတ်တိုင်တွင်ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုနှင့် အပြန် အလှန်ပစ်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းထိခိုက်သွားကြောင်း CGF-HTY ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။ လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF-HTY) မှ ဗုံးဖောက်ခွဲမည့်တပ်ဖွဲ့နှင့် ပစ်ခတ်မည့်တပ်ဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲပြီး အောက်တိုဘာ ၁ ရက် နေ့ လယ် ၁၂ နာရီခန့်တွင် လုံခြုံရေးရယူနေသည့် စစ်ကောင်စီတပ်သားတချို့အား စစ်ဆင်ရေးပြုလုပ်ရန်စီစဉ်ခဲ့သည်။

သို့သော် CGF-HTY တပ်ဖွဲ့ဝင်များလာနေကြောင်းကို စစ်အုပ်စုဘက်မှသတင်းရရှိခဲ့၍ ပိတ်ဆို့စစ်ဆေးစဉ် နှစ်ဘက်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အချက်ရေ ၃၀ ကျော်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

“ မူလအစီအစဉ်အတိုင်း မဖြစ်တော့ဘူးပေါ့ဗျာ။ သူတို့ဘက်က ပိုက်စိပ်တိုက်စစ်တော့ ကျွန်တာ်တို့ဘက်က ဗုံးခွဲတဲ့သူနဲ့၊ ပစ်တဲ့သူနဲ့ရောပြီး ပြေးလိုက်ရတယ်။ ပြေးတဲ့အချိန်မှာပဲ ဒီကောင်တွေ နောက်ကလိုက်ပစ်တဲ့အချိန်မှာ ဗုံးတစ်လုံးကွဲသွားတယ်။ ဒီကောင်တွေလာတဲ့လမ်းကို ဗုံးခွဲလိုက်တာပေါ့။ အဲဒီမှာတင် ဗုံးစမှန်ပြီး သုံးယောက်လောက်လဲသွားတာရှိတယ်။

ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီတပ်သား လက်မောင်းကျည်ထိသွားတယ် ” ဟု CGF-HTY ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။ အဆိုပါ ပစ်ခတ်မှုအပြီး လှိုင်သာယာ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (CGF-HTY) ဘက်မှ တိမ်းရှောင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူမရှိခဲ့ဟု ၎င်းကဆိုသည်။ စစ်ဆင်ရေးအပြီးတွင် ဘုရင့်နောင်တံတားမှ စစ်ကားအများအပြား လှိုင်သာယာမြို့နယ်အတွင်း ရောက်ရှိလာခဲ့ကြောင်းလည်းသိရသည်။mizzima

ဖက်ဆစ် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း အကြမ်း ဖက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး မြိုင်သပိတ် စစ်ကြောင်း အင်အားပြည့် ချီတက် ဆန္ဒပြ

khit thit

စစ်ကောင်စီ၏ စီမံကိန်းများနှင့် ပတ်သက်၍ CDF ထပ်မံသတိပေး

တင်ဒါလုပ်ငန်းများအပါအဝင် စစ်ကောင်စီ၏ စီမံကိန်းများ လုပ်ဆောင်နေမှုကို အောက်တိုဘာလ ၁ရက်မှစ၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း CDF ဟာခါးမှ စက်တင်ဘာ ၃၀ရက် နေ့စွဲဖြင့် ထပ်မံ ထုတ်ပြန်ကြေညာသည်။ လိုက်နာခြင်းမရှိသည့် စစ်ကောင်စီ၊ ကုမ္ပ ဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို အရေးယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလ ၅ရက် ကလည်း ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ပြီး မလိုက်နာပါက တာဝန်ရှိသူများနှင့် ၎င်းတို့၏ပိုင်ဆိုင်သောပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်း ဆည်း ခြင်းနှင့် စစ်ရေးအရတိုက်ခိုက် အရေးယူခြင်းပြုလုပ်မည် ဖြစ်သည်ဟုပါရှိသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံဖြိုးရေးစသော အတုအယောင် ခေါင်းစဉ်များတပ်ကာ နိုင်ငံရေးကစားကွက်နှင့် စည်းရုံးရေးမက်လုံးများပေးသော စီမံကိန်းအမျိုးမျိုးအား မတရား ဖော်ဆောင်‌ အကောင်အထည်ဖော်နေသည်ကို တွေ့နေရသည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။

အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကိုအကြောင်းပြပြီး နယ်မြေစိုးမိုးရေးနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားများအ‌ပေါ် စုံ စမ်း ထောက်လှမ်းမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ RE ဘတ်ဂျက်ဖြင့် သော်လည်း ကောင်း၊ ဘတ်ဂျက်အသစ်ဖြင့်သော်လည်းကောင်း၊ တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ စီမံကိန်းမှန်သမျှအားလုံးကို တရားဝင် ပြည်သူ့ အစိုး ရတစ်ရပ်ပေါ် ပေါက်သည်အထိ လုပ်ကိုင် အကောင်အထည် ဖော်ခွင့်အားလုံးကို လုံးဝပိတ်ပင် တားမြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ၊ ရိုးကြီးကျေးရွာ ပစ် ခတ်မှု ဒုရဲအုပ်သက်လင်းအောင်သေဆုံးပြီး ရဲတပ်သား စိုင်းအောင် အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင် ယနေ့ည ၇ နာရီခန့်က ဒုရဲအုပ်သက်လင်းအောင် နှင့် ရဲတပ်သားစိုင်းအောင် တို့နှစ်ဦးဆိုင်ကယ်ဖြင့် လာစဉ် ပစ်ခတ်ခံရသဖြင့် ဒုရဲအုပ်သက်လင်းအောင် သေဆုံးပြီး ရဲတပ်သား စိုင်းအောင် အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသရင်းမြစ် Khayan Channel က သတင်းဖော်ပြသည်။

`ရိုးကြီးနဲ့ခင်တန်းကြားမှာ ဖြစ်တာပါ၊ ရဲနှစ်ဦးဆိုင်ကယ်နဲ့ပြန်လာတာကို ပစ်တာပါ။ ဘယ်သူတွေပစ်သွားလဲဆိုတာကိုတော့မသိရပါဘူး၊ ဒုရဲအုပ်သက်လင်းအောင်က နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်၊ ရဲတပ်သားစိုင်းအောင်ကတော့ ဆေးရုံမှာ စိုးရိမ်ရတယ်ပြောတယ်။ အခုရိုးကြီးမှာ စစ်တပ်တွေရောက်လာပြီလို့ကြားတယ်´ ဟုပြည်သူတစ်ဦးက ပြောဆိုကြောင်း သိရှိရသည်။khit thit

အခက်အခဲတွေကြားမှ စိတ်ဓာတ်တွေ ခိုင်မာနေဆဲဖြစ်တဲ့ အနန္တဂိုဏ်းဝင်များ

ကိုယ်ဝန်ဆောင် မခင်မေ (အမည်လွှဲ)သည် ထိုနေ့ညက တစ်ညလုံး အိပ်၍ မပျော်ခဲ့ပေ။ လွယ်ထားရသည့် ကိုယ်ဝန်ကြောင့် မအီမသာဖြစ်ကာ အိပ်ရေးပျက်ခြင်းမဟုတ်ဘဲ သူနေထိုင်ရာအိမ်နှင့် နှစ်လမ်းကျော်မှ လူတချို့အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံလိုက်ရ၍ ဖြစ်သည်။ မခင်မေသည် တက္ကသိုလ်နည်းပြဆရာမတစ်ဦးဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်သည့် CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ထားသူဖြစ်သည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မတို့အိမ်နဲ့ နှစ်လမ်းလောက်ပဲခြားတယ်။ စစ်ကောင်စီရဲ့ အဖမ်းခံလိုက်ရတာ။ အဲနေ့ညက ကြောက်လိုက်တာ ပြောမနေနဲ့ ။ အိပ်လို့တောင် မပျော်တော့ဘူး။ မဟုတ်တာ လုပ်ထားတာလည်း မဟုတ်ဘဲ ကျီးလန့်စာစားပြီး နေနေရတယ်။ စိုးရိမ်နေရတယ်။ ဘယ်တော့များ ငါ့ကို ဒလန်က ချွန်ပြီးတော့ သတင်းပေးမလဲ။ လာဖမ်းမလဲဆိုပြီး အမြဲတမ်း တွေးပူနေရတယ်”ဟု သူက ပြောသည်။

သူ၏ ကိုယ်ဝန်ဆောင်ကာလကို အကျဉ်းထောင်တွင် ဖြတ်သန်းရမည့် အဖြစ်နှင့် သန္ဓေသားလောင်း အတွက် လိုအပ်သည့် အစာအာဟာရများ ပြည့်ဝစွာ မစားရမည့် အဖြစ်ကို သူ စိတ်နှင့်ပင်မတွေးရဲ။ အကျဉ်းထောင်၌မီးဖွားရာတွင် ကြုံတွေ့လာရမည့် စိတ်အားငယ်မှုကို စိတ်ပင်မကူးရဲဟု ဆိုသည်။ ကိုယ်ဝန်ဆောင်ကာလကြုံတွေ့ရသည့် စိတ်ဖိစီးမှုများအပြင် နိုင်ငံရေးအခြေအနေများ၊ စားဝတ်နေရေးအခက်အခဲများကြောင့်လည်း သူက ပိုမိုစိတ်ဖိစီးကာ စိတ်ဓာတ်ခဏခဏကျနေသည်ဟုလည်း မခင်မေကပြောသည်။

“မိသားစုဆက်ဆံရေးတွေလည်း အဆင်မပြေတော့ဘူး။ ကိုယ်ရဲ့တက်လမ်းတွေကိုပိတ်အောင် လုပ်တယ်ဆိုပြီး အမြဲအပြောခံရတယ်။ ရာထူး တိုးက ဖြေထားပြီးသား ပုံမှန်ဆိုရင် မတ်လ ၁၀ရက် ဆိုရင် နည်းပြကနေ လက်ထောက်ကထိက ရာထူးကတိုးတယ်။ အဲဒီတော့ မိဘကနှမြောတာပေါ့။ ကိုယ်ရဲ့တက်လမ်းတွေကိုပိတ်အောင် လုပ်တယ်ဆိုပြီး အမြဲအပြောခံရတယ်”ဟု သူကဆိုသည်။

သူသည် ဖေဖော်ဝါရီလကတည်းက CDMတွင် ပါဝင်ခဲ့ပြီး အမျိုးသားမှာလည်း သွားဆရာဝန် ဖြစ်သည့်အတွက် Covid -19 ကပ်ရောဂါကာလတွင် အလုပ်မရှိသည်နှင့် မခြားဖြစ်နေသည်။ ထို့ကြောင့် စားဝတ်နေရေးအတွက် နှာခေါင်းစည်းများအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မခင်မေ ရောင်းချနေရသည်။ “ဈေးရောင်းတဲ့အခါကျတော့လည်း မိဘကရှက်တယ်။ ကိုယ့်ကို နှမြောတာလည်းပါတာပေါ့။ နင်ဘဝပျက်ပြီမလား။ တက္ကသိုလ်ဆရာမကနေ ဈေးရောင်းနေရပြီမလားလို့ မိဘတွေက ပြောတယ်။ ကိုယ်တိုင်လည်း ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး”ဟု သူကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်း အများစု ရပ်ဆိုင်းသွားခဲ့ရသည့် အပြင် Covid -19 ကပ်ရောဂါအခြေအနေသည်လည်း စီးပွားရေးလုပ်ငန်းများ ပိုမိုဆိုးရွားသည့် အခြေအနေရောက်အောင် တွန်းပို့ပေးနေသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့ဦးရေများပြားလာပြီး စားဝတ်နေရေး ကြပ်တည်းလာကြသည်။

ထိုအထဲတွင် CDMဝန်ထမ်းများလည်း အပါအဝင်ဖြစ်သည်။ “အခုအာဏာသိမ်းတာ ခုနှစ်လကျော်နေပြီဆိုတော့ CDM တွေလည်း တော်တော်လေးခက်ခဲကြပ်တည်းနေကြပြီ” ဟု အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ (BEWU) ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်ကဆိုသည်။ ဦးဝေဖြိုးအောင်သည် ပညာရေးနယ်ပယ်က အခက်အခဲရှိသူ အယောက် ၆၀ကျော်ကို ထောက်ပံ့မှုလုပ်ဆောင်ပေးနိုင်ခဲ့ပြီး လစဉ်ထောက်ပံ့ကူညီပေးနေသည်မှာ ၁၅ဦး ရှိသည်ဟု ပြောသည်။

အထက်တန်းပြ ကျောင်းဆရာမ ဖြစ်သူ ဒေါ်ခင်ခင်စန်းကတော့ အာဏာသိမ်းထားသည့် ခုနှစ်လတာ ကာလအတွင်း အိမ်နှစ်ခါပြောင်းပြီး ဖြစ် သည်ဟုဆိုသည်။ ငွေရေးကြေးရေး အခက်အခဲကြောင့် ဈေးသက်သာသည့် အိမ်များကို တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ ဌားရမ်းနေထိုင်ရပြီး နောက်ဆုံးဌားသည့် အိမ်မှာ တစ်လလျှင် ငါးသောင်းကျပ် ပေးရသည်ဟု ဒေါ်ခင်ခင်စန်းက ပြောသည်။

“ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရွေးချယ်ခဲ့တာဆိုတော့ နောင်တမရပါဘူး။ ရုန်းကန်နေရတော့ တစ်ခါတလေ စိတ်ဓာတ်ကျမိတာရှိတယ်။ အ နာဂတ်မဲ့နေသလိုပဲလေ” ဟု သူကပြောသည်။ ဒေါ်ခင်ခင်စန်းသည် ဖေဖော်ဝါရီ ၈ ရက်ကတည်းက CDM ကို ပါဝင်ခဲ့ပြီးလက်ရှိတွင် အလုပ် ထုတ်ခံထားရသည့်အတွက် လစာဝင်ငွေပုံမှန်မရှိတော့ပေ။ ထို့ကြောင့် အိမ်ဌားရမ်းခကို ယခင်ကဲ့သို့ ခြောက်လစာ သို့မဟုတ် တစ်နှစ်စာ မပေးဆောင်နိုင်တော့သည့်အတွက် တစ်လတစ်ကြိမ်သာ အိမ်ဌားခပေးရသည့် လိုင်းခန်းကို သူ ပြောင်းရွေ့ခဲ့ရသည်။

လိုင်းခန်းဆိုသည်မှာ မိသားစု တစ်စုနေလို့ရသည့် အခန်းတစ်ခန်းဖြစ်ပြီး ဘေးပတ်လည်တွင်လည်း အခြားအခန်းတွဲများစွာရှိသည်။ ထိုလိုင်းခန်းမှတစ်ဆင့် လက်ရှိနေထိုင်ရာ ဆယ်ပေလုံးချင်းအိမ်ထံသို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းသည်။ အိမ်ငယ်လေးသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေါ်ခင်ခင်စန်းတွင် နေရေးထိုင်ရေး စိတ်ကျဉ်းကျပ်ရမှုအပြင် အခြားစိတ်ပူပန်မှုလည်းရှိနေသည်။

အဲဒါကတော့ သူ၏ လုံခြုံရေးပင်ဖြစ်သည်။ ရင်းနှီးသူများကိုပင် သူနေသည့် အိမ်နေရာကို ပေးမသိဘဲ နံပါတ်စိမ်းများဖြင့် ဖုန်းခေါ်ပါက သူက မကိုင်ချေ။ ထို့ကြောင့် အကြောင်းသိသူများက သူ့ထံ ဖုန်းမဆက်ခင် ဘယ်အချိန်တွင် ဖုန်းဆက်ပါမည်ဆိုသည့် အကြောင်း မက်ဆေ့ဖြင့် ကြို တင်အကြောင်းကြားရသည်။ သူ၏ စိုးရိမ်ပူပန်မှုများသည် ခုနှစ်လတာ ကာလတွင်း လျော့ပါးသွားသည်မရှိဘဲ တစ်နေ့တစ်ခြား တိုးလို့သာ လာသည်။ ဆရာမဒေါ်ခင်ခင်စန်းက “စခတွေက လူစိတ်မှ မရှိတာ ပုဒ်မဆိုတာက အမျိုးမျိုးတပ်ဖမ်းခံရနိုင်တယ်လေ။ တရားဥပဒေစိုးမိုးမှုမှ မရှိတော့တာ။အလုပ်ထုတ်ပယ်စာထွက်ပြီးတာတောင် ၅၀၅နဲ့ အစွဲခံရနိုင်တယ်လေ” ဟုပြောသည်။

ထိုကဲ့သို့ CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတွင် ကြောက်စိတ်များဖြစ်ပေါ်လာစေရန် အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းမျိုးစုံအသုံးပြုနေခြင်းဖြစ်သည်။ ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားစေခြင်း၊ ခြိမ်းခြောက်စာပို့ခြင်း၊ ချေးငွေများ အတင်းအဓမ္မ ပြန်လည်တောင်းခံခြင်းအပြင် ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲခြင်း၊ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ၎င်းတို့ လက်ချက်ဖြင့် သေဆုံးရသူတချို့၏ အလောင်းကိုပင် မိ သားစုထံ မပေးခြင်းအပြင် မိသားစုဝင်များကိုပါ ဓားစာခံလုပ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး တက္က သိုလ်တွင် အဆောင်နေခဲ့သည့် တက္ကသိုလ်ဆရာမတစ်ဦးက “ကြောက်တာနဲ့ ဟိုရှောင် ဒီရှောင်တွေလုပ်ရတာပေါ့။ ယောကျ်ားရဲ့ရွာ ရောက်သွားသေးတယ်။

နောက်တော့လည်း မဟုတ်သေးပါဘူးဆိုပြီးတော့ အဆောင်ပြန်လာနေတယ်။ အဆောင်ပြန်လာနေတော့လည်း ကျောင်းထဲမှာ တပ်ကစွဲတယ်။ အဲဒီတော့ အမေ့အိမ်ကိုပြန်ရောက်နေတယ်။ တော်တော်လေးကို အဆင်မပြေပါဘူး”ဟုပြောသည်။ အကြမ်းဖက်စစ်ကောင်စီသည် မေလကစတင်၍ တစ်နိုင်ငံလုံးရှိ ကျောင်းများနှင့် တက္ကသိုလ်များကို အတင်းအကျပ် ပြန်ဖွင့်ရန် ကြိုးစားခဲ့ပြီး CDM ပြုလုပ်သည့် ပညာရေးနယ်ပယ်က ဝန်ထမ်းများကို အလုပ်မှ ယာယီရပ်နားခြင်း၊ ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီက အလုပ်မှ ထုတ် ပယ် ထားသည့် ပညာရေးဝန်ထမ်းအချို့ကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေသည့်အတွက် တချို့မှာလည်း လက်ရှိအချိန်ထိ ရှောင်းတိမ်းနေရဆဲဖြစ်သည်။

“မေလလောက်က ခေါ်ပြီး သတိပေးခံရတယ်။ နှစ်ရက်လောက် စစ်ဆေးခံရတယ်။ အသိမိတ်ဆွေတော်တော်များလည်း ခေါ်စစ်ဆေးခံရတယ်။ တချို့ကတော့ အလုပ်ပြန်ဝင်ကြတယ်လို့လည်းကြားတယ်။ ဘယ်တော့မှ ရှက်မနေချင်လို့ ဘာတွေပဲဖြစ်ဖြစ် ရင်ဆိုင်သွားမယ်လို့ စဉ်းစားထားတယ်။ အခု အလုပ်ထုတ်ပယ်စာရတယ် ။

နောက်ဘာဆက်ဖြစ်မလဲမသိသေးဘူး။ နင်က သူတို့ကိုမကြောက်ဘူးလားမေးရင်တော့ ကြောက်တယ်လို့ ဖြေရမှာပဲလေ ဘာလို့ဆို သူတို့က လူမှမဟုတ်ကြတာ။ ဒါပေမဲ့ ကြောက်တယ်ဆိုပြီးတော့လည်း လူမဟုတ်တဲ့ဟာတွေနဲ့ အတူတူမနေနိုင်ဘူးလေ” ဟု စစ်တပ်၏ ခေါ်ယူခြိမ်း ခြောက်စစ်ဆေးမှုကို ကြုံခဲ့ရသည့် ဆရာမတစ်ဦးကဆိုသည်။ လက်ရှိတွင် CDM ပြုလုပ်ထားသည့် ပညာရေး ဝန်ထမ်း ဦးရေ နှစ်သိန်းကျော်ရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးရေအတိအကျသိရှိနိုင်ရန် စာရင်းကောက်ယူရေးလုပ်ငန်းအား လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပညာရေးအဖွဲ့အစည်းများက ဆိုသည်။

ဆရာမ ဒေါ်ခင်ခင်စန်းက “ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်တာမို့ နောင်တရတာမရှိဘူး။ ကိုယ်လုပ်ပေးနိုင်တာက နည်းနေသေးတယ်လို့ ခံစားရတယ် အမြဲအားနာနေမိတယ်” ဟု ပြောသည်။ ပညာရေးနယ်ပယ်မှ CDM လုပ်ဆောင်နေကြသည့် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းသည် အခက် အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း တော်လှန်ရေးတွင် ၎င်းတို့ လုပ်ပေးနိုင်သည့် အရာသည် နည်းနေသေးသည့်အတွက် အားနာနေရသည်ဟု တစ်ညီတစ်ညွတ်တည်းဆိုကြသည်။mizzima

“စစ်ခွေးတွေ အုပ်ချုပ်နေသမျှကာလတခုလုံး ဘယ်အပိုင်းမှာမှ မင်္ဂလာမရှိဘူး” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး မန္တလေးအင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲထားသည့် အဂတိမှု ခိုင်မာကြောင်း ဦးဖြိုးမင်းသိန်း တ ရားရုံးတွင် ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုအတွက် တရားလိုပြသက်သေအဖြစ်  အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားရုံးမှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပြီး နောက်ရုံးချိန်းမှာ  ရှေ့နေတွေက အပြန်အလှန်မေးမြန်းဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိပုဒ်မအမှု ၄ ခုအတွက် ရုံးချိန်းခေါ်ခဲ့ရာမှာ ပထမဆုံးအမှုဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေချောင်းတွေနဲ့ အမေရိကန်ဒေါ်လာတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စစ်ကောင်စီက ဦးဖြိုးမင်းသိန်းကို တရားလိုပြသက်သေအဖြစ် တင်သွင်းခဲ့တာပါ။

ဒီနေ့ရုံးချိန်းမှာ ဦးဖြိုးမင်းသိန်းကိုယ်တိုင်လာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေဟာ ခိုင်မာကြောင်း ထွက်ဆိုခဲ့တယ်လို့ နိုင်ငံ့ခေါင်း ဆောင် တွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်တွေကို မကျေနပ်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က အောက်တိုဘာ ၈ ရက်နေ့ ရုံးချိန်းကြရင် အပြန်အလှန်စစ်မေးခွင့်ပေးဖို့ တရားရုံးကိုတောင်းဆိုခဲ့ပြီး တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

“ပထမတရားလို ဦးရဲထက်ကိုစစ်ပါတယ်။ ပြီးတော့ ဦးဖြိုးမင်းသိန်းလာပြီးတော့ ထွက်ပါတယ်ဗျာ။ စစ်တပ်က ဗီဒီယိုနဲ့ပြတဲ့အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကို သုံးကြိမ်သွားပေးတယ်။ ရန်ကုန်တိုင်းဒေသကြီးကလုပ်ငန်းတွေကို ဆောင်မကြည့်ရှုဖို့အတွက် ပေးတယ်လို့ပြောတယ်ဗျ။” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“တရားခွင်ကိုဝင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်သူ ခုံနေရာမှာထိုင်တာပေါ့။ အဲ့ဒီကနေ သူကဖြတ်လျှောက်တာပေါ့။ နှုတ်ဆက်တာမပြောနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကိုမကြည့်တာဗျ။ တရားခွင်မှာ သက်သေထွက်တော့လည်း အသံတော်တော်တိုးလို့ ကျယ်ကျယ်ပြောဖို့ တရားရုံးကို တောင်းဆိုခဲ့ရပါတယ်။” လို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဦးဖြိုးမင်းသိန်းဟာ တရားရုံးထုတ်ကို ထွက်လာပေမဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာနဲ့ ပင်ကိုယ်အခံ နှလုံးရောဂါကြောင့် ကျန်းမာရေးကောင်းမွန်ပုံမရဘူးလို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

“သူ့ဘာသာသူလာရတာ မဟုတ်ဘူးတဲ့။ အစီအစဉ်နဲ့လာတာ။ ဘယ်အစီအစဉ်လဲတော့ မပြောဘူးပေါ့ဗျာ။ အဲ့ဒီတော့ နောက်ရုံးချိန်းလာဖို့ သူဆုံးဖြတ်လို့မရပါဘူးလို့ ပြောတယ်။ ကျန်းမာရေးကတော့မကောင်းပါဘူးတဲ့။ တော်တော်မကောင်းဘူးလို့ပြောတယ်။ ကိုဗစ်လည်းဖြစ်တယ်တဲ့။ နှလုံးရောဂါလည်းရှိတယ်တဲ့။ သူက မျက်နှာကတော့ ညှိုးချုံးနေတာပဲ။ ပိန်လည်းပိန်ကျသွားပါတယ်။” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့တာပါ။

ဇွန်လ ၉  ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။DVB

စစ်ကောင်စီကို တိုက်ရန် စစ်မျက်နှာဖွင့်လိုက်ကြောင်း PRA ကြေညာ

ချင်းပြည်နယ် ၊မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်တစ်နေရာတွင် တပ်စခန်းချထားသည့် ပြည်သူ့တော်လှန်ရေးတပ်မ တော် People Revolution Army (PRA) က ယနေ့ အောက်တိုဘာ ၁ ရက်၌ပြုလုပ်သည့် စစ်သင်တန်းဆင်းသည့် အခမ်းအနားတွင် စစ်မျက် နှာဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

“တပ်ရင်း၊ တပ်ခွဲ ချထားပြီး တိုက်ခိုက်သွားမှာပါ။ အကြမ်းဖက်စစ်တပ်စခန်းနေရာတွေ ၊ နယ်မြေရှင်းလင်းရေးတွေကို လုပ်ဆောင်သွားမှာပါ။ အရင်က သင်တန်းပေးတဲ့လူကလည်းပေး ၊ ထွက်တိုက်တဲ့လူကလည်း တိုက် ၊ မိုင်းဆွဲ ၊ အပြန်အလှန်ပစ်ခတ် တာတွေရှိပါတယ်။ လူဦးရေက များများလာတယ်။ အခုအပတ်စဉ်ဆို စခန်းလုံခြုံရေးကို အဓိကထားရတယ်။တော်တော်များများလည်း သင်တန်းဆင်းထားပြီဆိုတော့ သာရင်သာသလို တပ်စခန်းသိမ်းတာတို့ နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်တော့မှာပါ။

ပြောက်ကျားကိုအခြေခံပြီး တိုက်မှာပါ။ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ချိတ်ဆက်မှာပါ “ ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်မှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန်က မဇ္ဈိမသတင်းဌာနကို ပြောသည်။ ယောက်ျားလေးအပတ်စဉ် (၉)နှင့်မိန်းကလေးစစ်သင်တန်းအပတ် စဉ် (၂) စစ်သင်တန်းဆင်းပွဲ တွင် လူဦးရေ ၁၆၆ ဦးသင်တန်းဆင်းခဲ့ပြီး ထပ်မံသင်ကြားပေးမည့် စစ်သင်တန်းကို ရပ်တန့်ထားကာ အကြမ်းဖက်စစ်ကောင်စီကို စစ်မျက်နှာဖွင့်လှစ်လိုက်ကြောင်း ကြေညာချက်တွင် ရေးသားဖော်ပြထား သည်။

ပြည်သူ့တော်လှန်ရေး တပ်မတော်တွင် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန် က“ စစ်သင်တန်းကို ရက်တို ၁၀ ရက် ၊ရက်ရှည်သင်တန်း ၁လ နဲ့သွားပါတယ်။ မိန်းကလေးဆို ရက်တိုသင်တန်း ပေးပါတယ်။ ယောင်္ကျာလေး အပတ်စဉ် ကိုးခု နဲ့အမျိူးသမီးစစ်သင်တန်း အပတ်စဉ် နှစ်ခုပြီးပါပြီ ။ လက်နက် ရိက္ခာအပိုင်းတွေက ထောက်ပံ့ဖို့အခက်ခဲ ရှိနေလို့ ရပ်လိုက်ရတာပါ။

အရင်အပတ်စဉ်က ပြည်သူတွေကိုအလှူခံလိုက်ပါတယ်။ ပြည်သူတွေလည်းစားဝတ်နေရေးကြပ်တည်းနေတော့ သင်တန်းပေးမှုကို ရပ်ပြီး တိုက်ခိုက်ရေးအပိုင်းကို ဦးတည်လာတာပါ “ ဟုဆိုသည်။

စစ်သင်တန်းဆင်းလာသူများကို လက်နက်များတပ်ဆင်ပေးထားပြီး ဖြစ်သော်လည်း ပြည့်ပြည်စုံစုံ မတပ်ဆင်ပေးနိုင်သေးကြောင်းနှင့် တိုက်ပွဲဝင်ရန် ထိုက်သင့်သည့်အခြေအနေ ရှိနေပြီဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် နယ်မြေခံပြည်သူ့ကာ ကွယ်ရေးတပ်များ နှင့်ချိတ်ဆက်မှုများ လုပ်ဆောင်ထားရှိပြီး ဒေသခံပြည်သူများကိုလည်း ကြိုတင် အသိပေးအကြောင်းကြားမှုများ လုပ် ဆောင်သွားမည်ဖြစ်သည်။ ပြည်သူ့တော်လှန်ရေး တပ်မတော်ကို ကော်မတီဝင် ၁၇ ဦးဖြင့် ဧပြီလ အတွင်းက စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင်အင်အား ထောင်ချီနေပြီ ဖြစ်ကြောင်း သိရသည်။mizzima

အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ ဆုကို ဗိုလ်တထောင်မြို့နယ်နေသူ ရရှိ

စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်တဲ့ အောင်ဘာလေထီအမြင့်ဆုံးကျပ်သိန်း ၅၀၀၀ ဆုအား အေးငြိမ်းချမ်းသာထီဆိုင်ကရောင်းချခဲ့ပြီး ဗိုလ်တထောင်မြို့နယ်နေ အမျိုးသားတစ်ဦးက ရရှိသွားတယ်လို့ သိရပါတယ်။ 

ပြည်သူအများစုက အောင်ဘာလေထီကို အာဏာဖီဆန်ရေးလူပ်ရှားမူပြုလုပ်ပြီး ဆန့်ကျင်ထားချိန်မှာ ထီရောင်းသူနဲ့ထီဆုဆွတ်ခူးသူစာရင်း ထွက်ပေါ်လာတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ရောင်းတဲ့ ထီဆိုင်တွေနဲ့ထီ အမြင့်ဆုံးဆုပေါက်သူတွေဟာ လူသိခံခြင်းမရှိဘဲ သိုသိုသိပ်သိပ်သာနေလေ့ရှိခဲ့ပါတယ်။

ထီပေါက်သူရဲ့ ဓာတ်ပုံပါ ဒီနေ့ထွက်ပေါ်လာပေမယ့် သူ့ရဲ့မျက်နှာကိုစတေကာနဲ့ ဖုံးကွယ်ထားပါတယ်။ 

အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ယခင်ကကျပ်သိန်းတစ်သောင်းခွဲပေးခဲ့ပေမယ့် စစ် အာဏာသိမ်းပြီးတဲ့နောက် ရောင်းအား ကျဆင်းသွားတာကြောင့် ကျပ်သိန်း ၅၀၀၀ သာပေးနိုင်တော့တာပါ။ 

ဒါ့အပြင် အခြားဆုမဲအရေအတွက် တစ်သိန်းလောက်ကိုလည်း လျှော့ချခဲ့ရပါတယ်။ 

ဒီနေ့မှာ NUG အစိုးရရဲ့ နွေဦးထီကလည်း ကံထူးသူ ရွေးချယ်ပေးခဲ့ပါတယ်။ နွေဦးထီကံထူးသူ ၇၅ ဦးရှိခဲ့ပြီး ၆၂ ဦးကတော့ ဆုငွေကိုရယူခြင်းမရှိဘဲ NUG အစိုးရမှတဆင့် CDM ဝန်ထမ်းတွေကို ပြန်လှူလိုက်ပါတယ်။DVB

« Older Entries