Monthly Archives: Oct 2021

ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်နယ်နှင့်တိုင်း ဒေသ ၅ ခုတွင် Hotline ဖွင့်လှစ်မည်

ကလေးအလုပ်သမားပပျောက်ရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ရန်ကုန်အပါအဝင် ဒေသ ၅ခု မှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ပညာရှာရမယ့်အချိန်မှာ အန္တရာယ်ရှိတဲ့ အလုပ်တွေကို မလုပ်စေဖို့နဲ့ စီးပွားရေးအရ အမြတ်ထုတ်မခံရစေဖို့ အချိန်မတိုင်မီ ကျောင်းထွက်တာ မဖြစ်စေဖို့ မိမိတို့လုပ်ငန်းကော်မတီအနေနဲ့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

ဒီ့အတွက် ဦးစားအနေနဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊  မွန်နှင့်ကရင်ပြည်နယ် ဒေသ ၅ ခုမှာ Complaint Center နဲ့  Hotline တွေဖွင့်လှစ်ပြီး ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ စက်တင်ဘာ ၂၉ ရက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့လုပ်ငန်းညှိနှိုင်းစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဦးရဲတင့်က ပြောပါတယ်။

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ မိသားစုစားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကြောင့် ကလေးသူငယ်တွေဟာ လုပ်ငန်းခွင်ထဲဆီ တွန်းပို့ခံရမယ့် အခြေအနေနဲ့ ကြုံနေရစဉ်မှာ စစ်တပ်ရဲ့ အမြော်အမြင်နည်းပါးတဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် မြန်မာပြည်က ကလေးသူငယ်တွေရဲ့ အနာဂတ်က အဆိုးဆုံးအခြေအနေဆီ တွန်းပို့ခံခဲ့ရတာကို အာဏာသိမ်းစစ်ကောင်စီက မသိကျိုးကျွံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ မိသားစုဝင်တွေရဲ့ နေထိုင်မကောင်းဖြစ်တာ  ဒါမှမဟုတ် သေဆုံးတာ စတဲ့ ဆိုဝါးတဲ့ အခြေ အနေတွေက ကလေးတွေကို ကျောင်းပညာရေးနဲ့ အလှမ်းဝေးစေဖို့ တွန်းအားပေးနေကြောင်းနဲ့ အဆိုပါအခြေအနေတွေ ကြောင့် သန်းပေါင်းများစွာသော ကလေးသူငယ်တွေကို ငယ်ရွယ်တဲ့အချိန်မှာပင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲ တွန်းပို့နေ တဲ့အကြောင်း  UNICEF Myanmar က ၂၀၂ဝ  ဇွန်လ ၁၁ ရက်က  ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ထားတဲ့ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကလေးအလုပ်သမား ၁ ဒသမ ၁၃ သန်းရှိတဲ့အနက် ကလေးဦးရေ ၆ သိန်းကျော်က ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရပါတယ်။

လက်ရှိမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ အတူ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံက က လေးတွေဟာ သူတို့ အသက်ရှင်သန်ပြီး တိုးတက်ကြီးပွားဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝပြီး ရေရှည် အကျိုး ဖြစ်ထွန်းစေမယ့် အစာ အာဟာရကို ရရှိနိုင်ဖို့က ပိုလို့ပင် ခက်ခဲလာစေတယ်လို့ UNICEF Myanmar ကဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ကလေးငယ် ၅ ယောက်မှာ ၂ ယောက်ဟာ တနေ့တာအတွက် လုံလောက်တဲ့အစားအစာတွေကို စားသောက်နိုင်ခြင်းမရှိဘဲ ကလေး ၄ ယောက်မှာ ၁ ယောက်သာ အာဟာရရှိတဲ့ အစားအစာ စားသုံးနေရတဲ့အကြောင်း သတိပေးထောက်ပြထားပါတယ်။DVB

ပုလဲ PDF မှ စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲ ၊စစ်ကောင်စီဘက်မှ ၁၀ ဦးသေ အများအ ပြားဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ၊ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဥ်တန်းအား ပုလဲ PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဆယ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း Pale People Defense Force (PPDF) (ပုလဲPDF)က ယ နေ့ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာနှင့် နှောကန်ကျေးရွာကြား (ပုလဲ-ဂန့်ဂေါ) ကားလမ်းမကြီး၏ တစ်နေရာတွင် သွား လာနေသည့် စစ်ကောင်စီ ယာဥ်တန်းကို စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက ပုလဲPDF မှ ဗိုလ်နဂါး ဦးဆောင်သည့် ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ယာဥ်တန်းဘက်မှ ဆယ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြားရှိခဲ့သည့်အပြင် ၄င်းတို့လိုက်ပါ စီးနင်းလာတဲ့ ခွေးဘီလူး မော်တော်ယာဥ်တစ်စီး၊ ဆိုင်ကယ် သုံးစီး ပျက်စီးခဲ့သည် ဟုထုတ်ပြချက်တွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပုလဲPDF ရဲဘော်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ပုလဲ PDFက အတည်ပြုထုတ်ပြန် ကြေညာထားသည်။mizzima

ဆောမြို့နယ်၌ စစ်ကောင်စီတပ်သား ၄ ဦး မိုင်းထိမှန်သေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မိုင်းထိမှန်ပြီးတော့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရသွားတယ်လို့ YDF(ဆော&ကျောက်ထု)ကထုတ်ပြန်ပါတယ်။

ဆောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက်ပိုင်းက ဆော-ကျောက်ထုလမ်းပိုင်းမှာ YDF(ဆော နဲ့ ကျောက်ထု) အထူးပြောက်ကျားတပ်ဖွဲ့နဲ့ CAF-MGPDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီးတော့ ပြန်လည်ပစ်ခတ်ပေမယ့်လည်း ညီနောင်မဟာမိတ်အဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘူးလို့ YDF တပ်ဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အစပ်မှာ ပြီးခဲ့တဲ့ ၅ ရက်တာအတွင်းမှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးကာ  အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါ တယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်တာနက်လိုင်းတွေဖြတ်တောက်ပြီးတော့ ဆော-ကျောက်ထု လမ်းပိုင်းမှာ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။DVB

အုပ်ချုပ်ရေးမှူး၊ ဒလန်များနှင့် ဝေးရာတွင်နေရန် ဘိုကလေး PDF သတိပေး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် နေထိုင်သည့် ပြည်သူများအ‌နေဖြင့် ဒလန်များ၊ စည်ပင်ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝေးရာတွင်နေကြရန် PDF Bogalay အဖွဲ့က ယနေ့ အောက်တိုဘာလ ၁ ရက် ညနေပိုင်းတွင် အွန်လိုင်းစာမျက်နှာက တစ်ဆင့်သတိပေး ရေးသားထား သည်။

“ကျွန်တော်တို့ ဘိုက‌လေး PDF အဖွဲ့က အခုချိန်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုပါ။ ဘိုကလေးမြို့အတွက် ကျွန်တော်တို့ အမြဲအဆင် သင့်ရှိပါတယ်။ မိဘပြည်သူတို့ အခုချိန်မှာ အပြင်ကိုမထွက်ဘဲ နေလို့ရရင်နေပေးပါ။ စစ်ကောင်စီ လက်အောက် ခံတွေဖြစ်တဲ့ ဒလန်တွေ၊ အုပ် ချုပ်ရေးမှူးတွေ နဲ့ဝေးရာမှာနေပေးပါလို့လည်း ပြောချင်ပါတယ်” ဟု ဘိုက‌ လေး PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နေလက ပြောသည်။

စစ်အုပ်စုက မတရား အာဏာသိမ်းယူပြီးနောက်ပိုင်း ဘိုကလေးမြို့တွင် ဗုံးပေါက်ကွဲမှုလေးကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့သည်ဟု ဗိုလ်နေလ၏ ပြောကြားချက်အရသိရသည်။ ဘိုကလေးမြို့၊ စိန်ဟိုင်းကျေးရွာတွင်ရှိသည့် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကိုလည်း စက်တင်ဘာ ၁၅ ရက် မနက် ၃ နာရီခန့်တွင် အမည်မသိ လူတစ်စုက မီးရှို့ဖျက်ဆီးခဲ့‌ သေးသည်။mizzima

ရေစကြိုမှာ စစ်တပ် မိုင်းထိပြီး တပ်ကြပ် တစ်ဦး သေ၊ ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ရေစကြိုမြို့အဝင်မှာ ဖက်ဆစ် စစ်တပ်ကို ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်လို့ တပ်ကြပ်တစ်ယောက်သေပြီး ၄ ယောက်ဒဏ်ရာရခဲ့ပါတယ်။ရေစကြိုမြို့အဝင်အထွက်နားမှာပဲ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်တာ ယခုအကြိမ်ဟာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁ ရက် ညနေ ၂ နာရီ ၄၀မိနစ်လောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား နှစ်ယောက်၊ ရဲနှစ်ယောက် ဒဏ်ရာရခဲ့တာလို့ ရေစကြို PDF ဆိုပါတယ်။ မြို့အဝင် စစ်ဆေးရေးဂိတ် မိုင်းခွဲခံရပြီးစစ်တပ်က ရမ်းသမ်းပစ်ခတ်သလို ပေကုန်းရွာနားမှာလည်း စစ်ဆေးတာတွေလုပ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း မြို့အဝင်မှာ ညဘက် ပထမဆုံးအကြိမ် မိုင်းဆွဲခံရပြီး စစ်ကောင်စီရဲ့ တပ်သား ၁၀ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ ​ခုခံတော်လှန်စစ်အားကောင်းတဲ့ ချောင်းဦး၊ မြောင်နယ်နဲ့တစ်ဆက်တည်း ရေစကြိုနယ်လည်း ခုခံစစ် ခပ်စိပ်စိပ်ဖြစ် လာသလို ပခုက္ကူမှာလည်း တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာပြီဖြစ်ပါတယ်။khit thit

တံတားဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အနီးရှိ စစ်ကောင်စီထောက်တိုင် ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခု အောက်တိုဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။

တာဝါတိုင်ကို နှစ်ဆင့်ကာထားတဲ့ ဝါးထရံ၊ သံဇကာတွေကို မီးရှို့ဖျက်ဆီးပြီး စက်ပုံးတွေကို မိုင်းခွဲဖျက်ဆီးခဲ့လာလို့ တံတားဦးပြည်သူ့ကာ ကွယ်ရေး (TPDF) က ထုတ်ပြန်ထားပါတယ်။

တံတားဦး ပြည်သူ့ကာကွယ်ရေးတပ် (TPDF) ဟာ ပြည်သူတွေအတွက် ရရာလက်နက် ဆွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ဆိုးပျက်သုဉ်းသွားတဲ့ထိ တိုက်ပွဲဝင်သွားမယ်လို့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးသွားတယ်လို့ သိရပါတယ်။DVB

ရန်ကင်း အခွန်ဦးစီးဌာနအနီး ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနအနီးတွင် ယနေ့ အောက်တိုဘာ၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ယင်းပေါက်ကွဲမှုကို Free Tiger Ranger အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ် မသိရသေး‌ပေ။ ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနရုံးမှ ဝန်ထမ်းများ သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အလိုကျ လုပ်ငန်းရှင်ပြည်သူများအား အတင်းအကျပ် အခွန်ငွေများကို အဓမ္မကောက်ခံနေကြောင်းသိရှိရ၍ အခွန်ကောက်ခံနေမှုကို မလိုက်နာကြရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။

ယင်းအပြင် အာဏာရှင်အလိုကျ တာဝန်ထမ်းဆောင်နေသော အခွန်ထမ်းများဖြစ်သည့် ဒေါ်ဝါဝါရွှေ၊ ဒေါ်ဝေဝေမြင့်၊ ဒေါ်ခိုင်ခိုင်အေး၊ ဦးမောင်မောင်သင်၊ ဒေါ်မြတ်မူ၊ ဦးနေဦး၊ ဒေါ်သစ်သစ်ဝင်း၊ ဦးထွန်းလင်းဦး၊ ဒေါ်အေးအေးချို၊ ဒေါ်နီနီသန်း၊ ဦးတိုးမြင့်အောင်၊ ဦးရဲသူရစိုးတို့နှင့်အတူ အခွန်ဦးစီးဌာနမှူးများအားလုံးသည် ပြည်သူများထံမှ ဆက်လက် အဓမ္မအခွန်ကောက်ခံမှုများပြုလုပ်နေပါက ၎င်းတို့၏အသက်အန္တရာယ်နှင့် မိသားစုလုံခြုံရေးအားတာဝန်မယူပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိသော အခွန်ရုံးများကိုလည်း ဆက်လက်ဖောက်ခွဲတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်အဖွဲ့ခွဲ Free Tiger Ranger အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။mizzima

ရွှေတံဆိပ်များရှင် မြန်မာ့ဂုဏ်ဆောင်ပြေးခုန် ပစ်မယ် ခင်ခင်ထွေး ကင်ဆာရောဂါဖြင့် ကွယ် လွန်

ရွှေတံဆိပ်များရှင် နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားမယ်ဟောင်းတယောက်ဖြစ်တဲ့ ဒေါ်ခင်ခင်ထွေးဟာ စက်တင်ဘာ ၃၀ ရက်ညပိုင်းမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ခင်ခင်ထွေးဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်ကာ အသည်း ကင်ဆာရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဂုဏ်​ဆောင် အ​ပြေးမယ် ဒေါ်ခင်ခင်ထွေးဟာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၀ ခုအထိ ရယူ​ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ​ပေါင်းစုံမှာ ရွှေတံဆိပ်အခု ၃၀ ထိရရှိ ထားခဲ့သူ ဖြစ်ပါတယ်။ 

ဒါ့အပြင် အိုလံပစ် အားကစားပွဲတော်မှာလည်း ၁၉၈၈ ခုနှစ် ဆိုလ်းပွဲတော်၊ ၁၉၉၂ ခုနှစ် ဘာစီလိုနာပွဲတော်၊ ၁၉၉၆ ခုနှစ် အတ္တလန္တာပွဲတော်တွေမှာ ၃ ကြိမ်ဆက်တိုက် နိုင်ငံ့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀ နဲ့  ၃၀၀၀ တို့မှာ စံချိန်တင်နိုင်ခဲ့သူ လည်း ဖြစ်ပါတယ်။

အပြေးမယ် ဒေါ်ခင်ခင်ထွေးဟာ အားကစားသမားဘဝကနေ အနားယူပြီးနောက် ပြေးခုန် ပစ် အဖွဲ့ချုပ်မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ နာရေးသတင်းအ ပေါ် အားကစားလောက၊ ချစ်ခင်ကြတဲ့ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရ ကြောင်း မှတ်ချက်တွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားနေကြပါတယ်။DVB

« Older Entries Recent Entries »