Monthly Archives: Oct 2021

မန္တလေးဆန္ဒပြသံဃာတော်များကို စစ်ကောင်စီတပ်က ကားနဲ့တိုက် အကြမ်းဖက်ဖမ်းဆီး လူ ဝတ်လဲ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ထဲမှာ အောက်တိုဘာ ၂ ရက် နေ့လယ်  ၁ နာရီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရပါတယ်။

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဖြိုခွဲရာမှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အိမ်စီးကားနဲ့တိုက်ပြီး သေနတ်နဲ့ ပစ်ဖမ်းဆီးတာဖြစ်ကာ သံဃာတော်  ၅ ပါး နဲ့ လူ ၃ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာတော်တွေကတော့ မစိုးရိမ်ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဥူးသီရိန္ဒနဲ့ ဥူးသုစိတ္တ ၊ ဗန်းမော်တိုက်မှာ သီတင်းသုံးတဲ့ ဥူးဝိလာသ၊ မြင်းဝန်မင်းကြီးတိုက်မှာ သတင်းသုံးတဲ့ ဥူးရေဝတ၊ ရှမ်းစုဆီးဘန်းနီတိုက်မှာ သတင်းသုံးတဲ့ ဥူးဝီရိဓမ္မတို့ ဖြစ်ပြီး လူဝတ်လဲကာ ဖမ်း ဆီးခံထားရပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းသားနဲ့ တက္ကစီမောင်းသူ စုစုပေါင်း ၃ ယောက်လည်းဖမ်းဆီးခံခဲ့ရကာ  ဆိုင်ကယ်တွေပါ သိမ်းသွားတာလို့ သိရပါတယ်။

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်နေတဲ့ မန္တလေးမြို့က စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။DVB

တောင်ကိုရီးယားတွင် NUG ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်၊ ချက်နိုင်ငံတွင်လည်း မကြာမီ NUG ကိုယ်စားလှယ်ရုံးဖွင့်ရန်ရှိ

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထား​သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားတွင် အောက်တိုဘာ လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ NUG ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းက ဆောင် ရွက်ပြီး ချက်နိုင်ငံတွင်လည်း NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် ရုံးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရှိရသည်။ “ရုံး အဖွဲ့ ကြေညာပြီးပါပြီ။ ဖွင့်ပွဲတော့ မလုပ်ဖြစ်သေးပါဘူး” ဟု NUG ၏ ချက်နိုင်ငံကိုယ်စား လှယ် ဦးလင်းသန့်ကဆိုသည်။khit thit

အကြမ်းဖက် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထား သော်လည်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင်သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဂန့်ဂေါဒေသ၌ စစ်သား ၃၀ ခန့် မိုင်းထိသေဆုံး၊ စစ်တပ်က ရွာသားဆိုင်ကယ်များကို မီးရှို့ဖျက် ဆီး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်က ဂန့်ဂေါ PDF အပါအဝင် ညီနောင်မဟာမိတ်တွေက စစ်ကောင်စီလက် လက်ကိုင်တပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ လောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဂန့်ဂေါ PDF က အောက်တို ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၃၀ ရက်ကစလို့  ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ အင်အားအလွန်အကျွံသုံးပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ထိုး စစ်ဆင်လာတာကြောင့် မနေ့မနက် ၁၀ နာရီလောက်မှာ PDF တပ်ဖွဲ့တွေ၊ CNF နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ အင်အားအလွန်ကျွံ သုံးပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ယောဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။

ဂန့်ဂေါနယ်ထဲက ရှုံးရှိကျေးရွာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ စစ်ယူနီဖောင်း ဝတ်ပျူစောထီးတွေက မနေ့မနက် ၁၀ နာရီလောက်မှာ ပြည်သူပိုင်ဆိုင်ကယ်တွေကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ  ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ကျေးရွာ ဒေသခံတဦးက “ရွာက ဆိုင်ကယ်တွေကို မီးရှို့သွားတာ။ အစီး ၂၀ လောက်ရှိမယ်။ ဟိုဘက်က ဘော်ပြင်းရွာမှာလည်း NLD ဝန်းရံသူတွေကို ရန်ရှာပြီး စစ်ဘေးရှောင်တွေနေတဲ့ တဲတွေကိုလည်း မီးရှို့သွားတော့ စစ်ဘေးရှောင်တွေက ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာကြရတာ” လို့ ပြောပါတယ်။

ရှုံးရှိကျေးရွာနဲ့ ဘော်ပြင်းကျေးရွာက ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးလာကြတဲ့ ဒေသခံတွေကို စစ်တပ်က တောတောင်တွေအ ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။DVB

မုံရွာမြို့ ၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို PDF များရှိသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို PDF များ ရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်များက ပစ်ခတ်မှုများ လုပ်ဆောင်ပြီး တစ်အိမ်လုံးကို မီးရှို့သွားကြောင်း ဒေသခံများထံမှသိရှိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် PDF များ ရောက်ရှိနေသည်ဆိုသော ဒလန်၏သတင်းပေးချက်အရ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ပစ်ခတ်မှုများ လုပ်ဆောင်ကာ မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မုံရွာမြို့မောက်ဖက်အစွန်ရပ်ကွက်မှာ ပစ်ခတ်မှုနဲ့ နေအိမ်တစ်လုံးကိုမိးရှို့မှုဖြစ်ပါတယ်။ဒလန်က Pradoကားနဲ့လာပါတယ်။ ဆိုင်ကယ်တစ်စီး ၊ကား ၅ စီးနဲ့ပါ။ လူတွေ ဖမ်းမိ၊ မမိ မသေချာဘူး။ သေနတ်သံကလည်း ၁၀ ချက်မက ကြားရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မုံရွာ ပေ ၈၀ လမ်း မေတ္တာဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က ယနေ့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းကြောင်း၊ မုံရွာ ချမ်းမြသာစည်ရပ်ကွက်တွင်လည်း ဆိုင်ကယ်စီးလာသည့် လူငယ် ၃ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က လိုက်လံ ဖမ်းဆီး ရိုက်နှက်ပြီး ဆိုင်ကယ်ပါ စစ်ကားပေါ် တင်ဆောင်သွားကြောင်း သိရှိရသည်။khit thit

မြန်အောင်တွင် ကျေးလက်နေပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ ကျောင်းရှေ့မှာ အောက်တိုဘာ ၁ ရက်​​နေ့က ဒလန်တစ်ဦး သတ်ခံရပြီး​နောက် ​ကျေး ရွာနေ ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက သပြေကုန်းရွာမှာ မနေ့ညက အပြစ်မဲ့ပြည်သူ ၁၅ ဦးကို အကြောင်းပြချက်မရှိ ဖမ်းဆီးချုပ်နှောင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သ​ပြေကုန်းရွာသားတစ်ဦးက ပြောပါတယ်။

 ​“ညက ရွာမှာ တညလုံးကို ​စစ်တပ်က မွှေ​နေတာ။ မဆိုင်တဲ့သူ​တွေကို ဖမ်းသွားတယ်။ မ​နေ့က ထူးကြီးရွာဘက် ပျူ​စောထီးတွေ တုတ်​တွေ ဓား​တွေနဲ့ လာတယ်။ အခုဖမ်းသွားတာ။ ဘယ်ဖမ်းသွားမှန်း မသိဘူး။”

သပြေကုန်းကျောင်းရှေ့မှာ ​အောက်တိုဘာ ၁ ရက်​​ ညနေ ၅ နာရီ​ကျော်က စစ်တပ်သတင်း​ပေး ဒလန်နှစ်ဦး ပစ်ခတ်ခံရပြီး​နေရာတင် ၁ ဦး ​သေ ဆုံး​ခဲ့တယ်လို့ သိရပါတယ်။

ဒလန်တွေ ပစ်ခတ်ခံရပြီး  အင်္ဂပူမြို့နယ်ဘက်မှ စစ်ကား ၆ စီးနဲ့ အင်အား ၆၀ လောက်က လာရောက်ပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေ လမ်းတ​လျှောက် ​သေနတ်တွေ ပစ်​ဖောက်ကြတယ်လို့ သိရပါတယ်။DVB

မော်တော်ယာဉ်တင်သွင်းခွင့်ပိတ်ပြီးနောက် ဒေါ်လာစျေး အနည်းငယ်ကျရိပ်ပြ

ပြည်ပကနေ လူစီးမော်တော်ယာဉ်တင်သွင်းခွင့် အောက်တိုဘာ ၁ ရက်ကစပြီး ပိတ်လိုက်ပြီးနောက်  ငွေကြေးစျေးကွက်မှာ  ဒေါ်လာစျေး အနည်းငယ်ကျရိပ်ပြလာပါတယ်။

စက်တင်ဘာ နောက်ဆုံးပတ် အမေရိကန်ဒေါ်လာစျေးနှုန်းဟာ ပြင်ပစျေးကွက်မှာ ကျပ် ၂၇၀၀ ထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ  ၂ ရက်မှာတော့ တစ်ဒေါ်လာ ၂၄၂၀ ကျပ်ကို ပြန်ကျလာပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာနဲ့အတူ ‌ငွေလဲနှုန်းမြင့်လာပြီး ကားတင်သွင်းခွင့် ပိတ်လိုက်တာကြောင့်  ဒေါ်လာ စျေးနှုန်းအပေါ် အနည်းငယ်သာ သက်ရောက်မှု ရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

ပြည်တွင်းမှာ ဒေါ်လာသုံးစွဲမှုကို လျှော့ချဖို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့ ကားအမျိုးအစားတွေနဲ့ လုပ်ငန်းသုံးကားတွေကလွဲပြီး ပြည်ပကားတင်သွင်းခွင့်ကို ယာယီရပ်ဆိုင်းခဲ့တာပါ။

ဒါ့အပြင့် မော်တော်ယာဉ်အရောင်းစင်တာအသစ် ဖွင့်လှစ်ခွင့်ကိုလည်း အောက်တိုဘာ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။  

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံသားတိုင်းကို ၂၀၁၂ ခုနှစ် မေလကစပြီး ကားတင်သွင်းခွင့် ပြုခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လအကြာမှာ အခုလို ကားတင်သွင်းခွင့်မူဝါဒ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

ဒီမူဝါဒအပြောင်းအလဲကြောင့် ကားစျေးနှုန်းတွေနဲ့အတူ ဝယ်ယူမှုတွေလည်း မြင့်တက်ခဲ့တယ်လို့  ကားတင်သွင်းတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

တင်သွင်းပြီး လက်ကျန်ကားတွေလည်း ရှိနေသေးတာကြောင့်  တင်သွင်းခွင့်ပိတ်တဲ့ကာလ အတို၊ အရှည်အပေါ်မှာ မူတည်ပြီး ကားစျေးနှုန်း မြင့်တက်နိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက ဆိုကြ ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေနဲ့ ဘဏ်လုပ်ငန်းအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းလာတာ၊ ပို့ကုန်လုပ်ငန်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ နိုင်ငံခြားငွေဝင်ရောက်မှု လျော့ကျ လာတာတွေကြောင့် ဒေါ်လာနဲ့ ရွှေစျေးနှုန်း စံချိန်တင်မြင့်တက်နေပြီး အိမ်၊ ခြံ၊ မြေနဲ့ ကားအရောင်းအဝယ်တွေလည်း  မြင့်တက်နေတာပါ။

အခုနှစ် ဇန်နဝါရီလက  တစ်ဒေါ်လာကို ကျပ် ၁၃၃၇  ဝန်းကျင်သာရှိခဲ့တဲ့ ကန်ဒေါ်လာ ငွေလဲနှုန်းဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၈ လအကြာမှာ အမြင့်ဆုံးစျေး ကျပ် ၂၇၀၀ အထိ ရောက်ရှိခဲ့ပါတယ်။DVB

ဒလန်အသတ်ခံရပြီး လာစစ်‌ဆေးသည့် စစ်ကားလမ်းတွင် မိုင်းဆွဲခံရ၊ မိုင်းဆွဲသည့် UDF အထိအခိုက်မရှိ ဆုတ်ခွာနိုင်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ရဲမနားကုန်းနှင့်တောင်ကုန်းကျေးရွာအကြား ကွမ်းခြံကုန်းနှင့် လက်ခုပ်ကုန်းလမ်းမပေါ်ရှိ မယ်ဝိုင်းတံတားအနီးတွင် စစ်ကောင်စီတပ်များစီးနင်းလာသော Double Cabကား နှစ်စီးကို UDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး UDF အဖွဲ့အနေဖြင့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“စစ်ကောင်စီ DCနှစ်စီးကို ဆွဲမိုင်း ဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ်၊ ဒီဖြစ်စဥ်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု‌တွေရှိတယ် ကျွန်တော်တို့UDFတပ်ဖွဲ့ဝင်များကအထိအခိုက်မရှိအောင်မြင်ပြီးမြောက်ခဲ့ပါတယ်၊ ရန်သူစစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှု‌တွေ ရှိနိုင်တယ်”ဟု UDF အဖွဲ့မှ မဇ္ဇျိမကိုပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့ ည ၁၀နာရီခန့်က ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာရှိ အုပ်ချုပ်ရေးမှူးကို အမည်မသိလူတစ်စုက သေ နတ်ဖြင့် ပစ်သတ်သွားပြီးနောက် စစ်ကောင်စီ၏ ကော့မှူးလေကြောင်းရန်ကာကွယ်ရေးတပ်က အခင်းဖြစ်ပွားရာနေရာသို့ လာနေစဉ် လမ်းတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၂ရက်နေ့တွင် United Democratic Force-UDF ကထုတ်ပြန်ထားသည်။

ကွမ်းခြံကုန်းမြို့နယ်၊တော်ကူးကျေးရွာရှိ စစ်ကောင်စီသတင်းပေးဒလန် အုပ်ချုပ်ရေးမှုးရေခဲချောင်း(ခေါ်)စိုးမင်းအောင်နှင့်၎င်း၏ လက်ပါးစေ စိုးသီဟတို့ကို ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်က ပစ်သတ်ခဲ့ကြောင်း United Democratic Force-UDF ကထုတ်ပြန်ထားသည်။မိုင်းခွဲခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိမရှိကို မသိရသေးပေ။mizzima

မိတ္ထီလာအကျဉ်းထောင်မှ အချုပ်ကျနေသူ ၇၀ ပြန်လွတ်

မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိူင်၊ သာစည် ၄ မြို့နယ်က တရားရုံးတွေမှာ ရင်ဆိုင်ဆဲအမှုတွေနဲ့ မိတ္ထီလာအကျဉ်း ထောင်မှာ အချုပ်ကျနေသူတရားခံ အယောက် ၇၀ အောက်တိုဘာ ၁ ရက်မှာ  လွတ်မြောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

  “ကိုဗစ်ရောဂါ တတိယလှိူင်းဖြစ်နေလို့ မြို့နယ် ၄ ခုက တရားရုံးတွေမှာ ရင်ဆိုင်နေဆဲအမှုတွေ နဲ့ ပတ်သက်နေတဲ့ တရားခံတွေကို ရုံးထုတ်ပြီး မစစ်ဆေးနိုင်ဘူး။ အဲဒီအမှုတွေကို ရုတ်သိမ်းပေးပြီး မိတ္ထီလာအကျဉ်းထောင်ထဲမှာ အချုပ်ကျနေတဲ့ တရားခံ အမျိုးသား ၆၆ ယောက် အ မျိုးသမီး  ၄ ယောက်ကို ဒီနေ့ပဲ လွှတ်ပေးလိုက်တာပါ။”

 မိတ္ထီလာခရိုင်တရားရုံးက အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦး၊ မြို့နယ်တရားရုံးက အမျိုးသား ၁၅ ဦး အမျိုးသမီး ၂ ဦး၊ ဝမ်းတွင်းမြို့နယ်တ ရားရုံးက အမျိုးသား ၉ ဦး၊ မလှိုင်မြို့နယ်တရားရုံးက အမျိုးသား ၂၁ ဦး၊ သာစည်မြို့နယ်တရားရုံးက အမျိုးသား ၉ ဦး အမျိုးသမီး ၁ ဦး စု စုပေါင်း အမှု ၆၀ ရဲ့ စုစုပေါင်းအချုပ်တရားခံ ၇၀ လွတ်မြောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအမှုတွေ မပါဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကျူးလွန်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်းအမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် အမှုအမျိုးအစား ၉ မျိုးကို အမှုပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၁၁  ရက်မှာ ကြေညာပါတယ်။

ပိတ်သိမ်းလိုက်တဲ့အမှုတွေအထဲမှာ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ မတရားအသင်းအမှု၊ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပုဒ်မ ၁၂၄(က))၊  တရားခံပြေးအမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားစွဲဆိုထားတဲ့အမှုတွေ ပါဝင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ဖို့နဲ့ ကျန်ရှိနေတဲ့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို သတ်မှတ်ချက်တွေနဲ့အညီ သက်ညှာစွာနဲ့ အမှုပိတ်သိမ်းပေးနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။DVB

« Older Entries