မုံရွာမြို့ ၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို PDF များရှိသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို PDF များ ရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်များက ပစ်ခတ်မှုများ လုပ်ဆောင်ပြီး တစ်အိမ်လုံးကို မီးရှို့သွားကြောင်း ဒေသခံများထံမှသိရှိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မောက်ဖက်အစွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် PDF များ ရောက်ရှိနေသည်ဆိုသော ဒလန်၏သတင်းပေးချက်အရ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ပစ်ခတ်မှုများ လုပ်ဆောင်ကာ မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“မုံရွာမြို့မောက်ဖက်အစွန်ရပ်ကွက်မှာ ပစ်ခတ်မှုနဲ့ နေအိမ်တစ်လုံးကိုမိးရှို့မှုဖြစ်ပါတယ်။ဒလန်က Pradoကားနဲ့လာပါတယ်။ ဆိုင်ကယ်တစ်စီး ၊ကား ၅ စီးနဲ့ပါ။ လူတွေ ဖမ်းမိ၊ မမိ မသေချာဘူး။ သေနတ်သံကလည်း ၁၀ ချက်မက ကြားရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ မုံရွာ ပေ ၈၀ လမ်း မေတ္တာဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က ယနေ့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းကြောင်း၊ မုံရွာ ချမ်းမြသာစည်ရပ်ကွက်တွင်လည်း ဆိုင်ကယ်စီးလာသည့် လူငယ် ၃ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က လိုက်လံ ဖမ်းဆီး ရိုက်နှက်ပြီး ဆိုင်ကယ်ပါ စစ်ကားပေါ် တင်ဆောင်သွားကြောင်း သိရှိရသည်။khit thit