Monthly Archives: Oct 2021

အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ် ရေးတပ်များကြား ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးဟု NUG ထုတ်ပြန်

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ပုလဲမြို့နယ်အတွင်းသို့ ဝင်လာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၁ မှ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်နှင့် နတ်ထိပ် (ပုံတောင်) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တို့ နှစ်ကြိမ်တိတိတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့မှ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်က ကလေးနည်းပညာတက္ကသိုလ်အနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကလေး PDF မှ မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကြောင်း၊ သာယာကုန်းကျေးရွာအနီးတွင် ကလေး PDF မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကာင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မိုင်းနှစ်ကြိမ်ခွဲခံရသော စစ်ကောင်စီယာဉ်တန်းအား ပန်းမွန်ချောင်းနှင့် အောင်ချမ်းသာကျေးရွာအကြားတွင် ယနေ့နံနက် ၁၁ နာရီခန့်တွင် က လေး PDF နှင့် CNDF တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာအနီးတွင် ယနေ့နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေါင်းမင်းစစ်ဆင် ရေးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၁၀ ဦးကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရကြောင်းနှင့် စစ်ကောင်စီဘက်မှ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အများပြည်သူနေအိမ်များ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထား သည်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းတွင် SPGF နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ၃ ရက်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များသည် အိုင့်ကြယ်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၇ ဦးအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း၊ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီတပ်၏ သေဆုံးဒဏ်ရာရစာရင်း အတိအကျ မသိရှိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။khit thit

မြန်မာ့ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ် လာ ၃ ဒသမ ၁ ဘီလီယံကျော် လျော့နည်းကျဆင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ပကုန်သွယ်မှုလုပ်ငန်းတွေ နှေးကွေးသွားတာကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်  အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံကျော် လျော့နည်း ကျဆင်းသွားတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းအရသိရပါတယ်။

စီးပွားကူးသန်းဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ မြန်မာ့ပို့ကုန်ကဏ္ဍမှာ အဓိကကျတဲ့ အထည်ချုပ်နဲ့ သတ္တုတွင်းထွက်ပစ္စည်း ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သလို၊  စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း တုံ့ဆိုင်းသွားတာကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သွင်းကုန်တင်သွင်းမှုမာဏတွေလည်း လျော့ကျနေတာတွေ့ရပါတယ်။

လယ်ယာထွက်ကုန်ပစ္စည်းကလွဲပြီး ပုံမှန်တင်ပို့နေကျ ပို့ကုန်အားလုံး တင်ပို့နိုင်မှု လျော့ကျခဲ့တာကြောင့် နိုင်ငံခြားပို့ကုန် တင်ပို့မှုတန်ဖိုး အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် လျော့နည်းခဲ့ပြီး သွင်းကုန်တင်သွင်းမှု တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးဟာ နယ်စပ်ကုန်သွယ်ရေး၊ ပုံမှန်ကုန်သွယ်ရေး နည်းလမ်း နှစ်မျိုးနဲ့ ဆောင်ရွက်နေတာပြီး လက်ရှိ နိုင်ငံရေးအခြေအနေနဲ့  ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အဆိုပါလမ်းကြောင်းနှစ်ခုစလုံးမှာ ကုန်သွယ်နိုင်တဲ့ပမာဏ လျော့ကျနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ၁၁ လကျော် ကာလအတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံကျော်ဖိုး နိုင်ငံခြားနဲ့ ကုန်သွယ်နိုင်ခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းယူထားတဲ့ အခု ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပို့ကုန်နဲ့ သွင်းကုန် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်သာ ကုန်သွယ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်  နိုင်ငံတကာကုန်သွယ်မှု အပါအဝင် စီးပွားရေး လုပ်ငန်းတွေအားလုံးဟာ နှေးကွေး ကျဆင်းနေတာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ပြည်ပကို ကုန်ပစ္စည်းတင်ပို့နိုင်မယ့် အခွင့်အလမ်းတချို့ လက်လွှတ်ဆုံးရှုံးလိုက်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးနီးပါး ကုန်သွယ်မှု ရပ်တန့်နေပြီး၊ ပင်လယ်ရေကြောင်း တင်ပို့မှုမှာလည်း ကွန်တိန်နာ ကုန်သေတ္တာရှားပါးမှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။

အခုလို ပြည်ပပို့ကုန်တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေရရှိမှု လျော့နည်းရရှိခြင်းရဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး၊ ဒေါ်လာဈေးနှုန်းကို မြင့်တက်စေပါတယ်။ ဒေါ်လာငွေလဲနှုန်း မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းကို လည်း မြင့်တက်စေနိုင်ပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းဟာ စစ်တပ်က အာဏာသိမ်းထားပြီး ၈ လအတွင်း ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ 

စစ်ကောင်စီကတော့ ဒေါ်လာဈေး မြင့်တက်တာကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို လျှော့ချဖို့အတွက် ဈေးကွက်အတွင်း ဒေါ်လာအမြောက်အမြား ထုတ်ရောင်းခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေရှိခဲ့ပေမဲ့  မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံနီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။DVB

ဖက်ဆစ် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း အကြမ်း ဖက် စစ်အာဏာရှင်စနစ် ချေမှုန်းရေး မြိုင်သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေ၊ PDF ဘက်မှ ၂ ဦးထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပြောက်တိုက်နယ်ရှိ ကျွဲခြံရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်တပ်နှင့် ဒေါင်းမင်းစစ် ဆင်ရေးအဖွဲ့ (TYC-PDF) တို့ အောက်တိုဘာ ၃ ရက် မနက် ၄နာရီ မိနစ် ၃၀ က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်း သေ ဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ PDF ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံကသိရသည်။

ကျွဲခြံရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်သားများသည် ယနေ့ မနက်အစောပိုင်းတွင် ၎င်းတို့ယခင် တပ်စွဲခဲ့ဖူးသည့် ကျွဲချောင်းကြီးရဲစခန်းသို့ ပြောင်းရွေ့ချီတက်နေသည့် လမ်းတွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က အင်အား ၄၀ ကျော်ခန့်ရှိပြီး လက်နက်ကြီး၊လက်နက်ငယ်များနှင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး PDF ဘက်က လက်လုပ်သေနတ်များနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ၄နာရီခန့်ကြာခဲ့ပြီး မနက် ၈နာရီ မိနစ် ၃၀ အချိန်တွင် အပစ်အခတ်ရပ်သွားခဲ့ပြီး လက်ရှိ ပုန်းရှောင်နေသည့် အဖွဲ့သားများအတွက် လုံခြုံရေး အန္တရာယ်ရှိနေကြောင်း TYC-PDF အဖွဲ့ တာဝန်ရှိသူထံက သိရသည်။ ” ကျွန်တော်တို့ ကာဗာယူပစ်တဲ့ နေအိမ်တစ်လုံးကို သူတို့မီးရှို့သွားတယ် ။

သူတို့ဘက်က အင်အားထပ်ဖြည့်လာနိုင်ပြီး လက်ရှိ ကျွန်တော်တို့ လုံခြုံရေးအတွက်က အထူးစိုးရိမ်ရတယ် ။ စားသောက်ရေးကတော့ အချိန်ကြာကြာဆက်နေရရင် ရိက္ခာပြတ်နိုင်တယ်။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ် နာမည်နဲ့အညီ ကျွန်တော်တို့ ဆက်လက်တောင့်ခံ ကာကွယ်သွားမှာပါ” ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ထားဝယ်မြို့ လူထုမီဒီယာ page တွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့အတွက် ပြည်တွင်း၊ပြည်ပ မှ ပြည်သူတွေ ထောက်ပံ့၊ ကူညီပေးကြရန်၊ ဆု တောင်းပေးကြရန်အတွက် ရေးသားဖော်ပြထားသည်။

” ကျွန်တော်တို့ ပြေးနေတုန်း ကြည့်လိုက်တော့ ရွာထဲက မီးခိုးလုံးကြီးတွေ လှိမ့်တက်လာတယ်။ အိမ်တွေရဲ့ တံခါးတွေကိုလည်း ရိုက်ချိုးသွားကြတယ်။ သိတဲ့အတိုင်း သူတို့လိုချင်သမျှ အကုန်ယူကြတာပေါ့။ အိမ်နှစ်အိမ်က အသက်ကြီးကြီး လူကြီးတစ်ယောက်နဲ့ လူလတ်ပိုင်းအမျိုး သားတစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ အစက မိန်းကလေးတွေပါ ဖမ်းခေါ်ကြသေးတယ်။ ပြီးမှ ပြန်လွှတ်ပေးတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၃၀ရက် ကလည်း တောင်ပြောက်တိုက်နယ် ဝင်းကဖော်ရွာတွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နှင့်စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာခံအမျိုးသား လေဦး ဖမ်းဆီးသွားကြောင်း သိရသည်။mizzima

တပ်မ ၆၆ မှ ဗိုလ်မှူး နေမျိုးဦး အဖွဲ့က ထန်တလန်မြို့အဝင်တွင် ဦးရာသူးလ်နှင့် ဦးဟရမ်ကျူံး တို့ လိုက်ပါသောကားကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ငွေကျပ် ၁၀ သိန်း ခိုးယူ

ချင်းပြည်နယ်၊ ထန်တလန်မြို့ အဝင်တွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း ပြည်သူ ၅ ဦး စီးလာသော ကားအား ပစ်ခတ်ပြီး ကားပေါ်ပါ ပိုက်ဆံ ငွေကျပ် ၁၀ သိန်းအား ခိုးယူသွားသူများမှာ တပ်မ ၆၆ မှ ဗိုလ်မှူး နေမျိုးဦး၏ လက်အောက်ခံ တပ်သားများဖြစ်သည်ဟု ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

“စက်တင်ဘာလ ၂၉ ရက်က ထန်တလန်မြို့အဝင်မှာ ကား ၁ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကားပေါ်ပါ ပြည်သူ ၂ ဦး သေဆုံးပြီး ငွေကျပ် ၁၀ သိန်းကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူသွားကြတယ်။ ကျူးလွန်သူတွေက တပ်မ ၆၆ ဒုတိယဗိုလ်မှူးကြီး သောင်းလှိုင် လက် အောက်က ဗိုလ်မှူး နေမျိုးဦးရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဖော်ပြသည်။

စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဟားခါးမြို့မှ ထန်တလန်မြို့သို့ပြန်လာသော ကား ၁ စီးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရာ ထန်တလန်မြို့မိမြို့ဖ ဦးရာသူးလ်နှင့် ဦးဟရမ်ကျုံးတို့ ၂ ဦးသေဆုံးခဲ့သည်။လက်ရှိအချိန်တွင် ထန်တလန်မြို့ရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး မြို့ပေါ်တွင် လူမရှိတော့ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သာ ရှိတော့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။khit thit

အုပ်ချုပ်ရေးမှုးများကို ၁၅ ရက်အတွင်း နုတ်ထွက်ရန် ခရမ်းPDF သတိပေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှုးများကို ၁၅ ရက်အတွင်း နုတ်ထွက်ရန် ခရမ်းPDF အဖွဲ့မှ ယနေ့ အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် စာတစ်စောင်ထုတ်ပြန် သတိပေးထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများသည် ပြည်သူလူထုအပေါ် ဥပဒေမဲ့ရိုင်းစိုင်းစွာ ယုတ်မာအနိုင်ကျင့်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုး၍ ဓားပြဆန်ဆန် ပြုကျင့်မှုများကို ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၏ အကူအညီဖြင့် ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြို့ထဲမှာ စစ်ကောင်စီတပ်တွေလာရင် အုပ်ချုပ်ရေးမှုးဆီအရင်သွားတာလေ ။သူတို့တွေက လိုက်ပြီး အိမ်တွေကို လက်ညိုးထိုးပြတာတို့ ၊ဧည့်စာရင်းစစ်ရင် လိုက်ပေးတာတို့တွေ လုပ်တယ်။ ပြီးတော့ ဖဲဝိုင်းတွေဘာတွေဆိုလည်း သူတို့က သတင်းပေးပြီးဖမ်းခိုင်းတယ်။ ကားဂိတ်တွေက ကားတွေဆီကလည်း ဆက်ကြေးကောက်သလို ပိုက်ဆံတွေကောက်ပြီး စစ်ကောင်စီကိုပေးတယ်။ ခရမ်းမြို့ အနောက်က ချမ်းသာတဲ့အိမ်တွေကိုလည်း စစ်ကောင်စီကိုပြပေးပြီး ပိုက်ဆံကောက်ခိုင်းတာတွေ ရှိတယ်” ဟုမြို့ခံတစ်ယောက်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ နုတ်ထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ၍ သာမန်အလုပ်ကို လုပ်ကိုင်ကြရန်နှင့် ဆက်လက်၍စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကိုအားပေးကူညီနေပါက ပြည်သူ့သစ္စာဖောက် ဒလန်ကြီးများ အဖြစ်သတ်မှတ်မည်ဖြစ်ပြီး ယနေ့မှစ၍ ၁၅ ရက်အတွင်းနုတ်ထွက်ကြရန် ခရမ်း PDFက တိုက်တွန်းထားသည်။mizzima

ပုသိမ်မြို့ကို ဝင်ထွက်သွားလာသည့် ရေယာဉ်များကို စစ်တပ်နှင့်ရဲက ပိုက်စိပ်တိုက်ရှာဖွေနေ

ဧရာဝတီတိုင်းမြို့တော် ပုသိမ်ကို ဝင်ထွက်သွားလာ​​နေတဲ့ ခရီးသည်တင်​ရေယာဥ်တွေနဲ့ ကုန်တင်​ရေယာဥ်တွေကို  ​အောက်တိုဘာ  ၃ ရက်​နေ့က  စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးတင်းကျပ် ရှာဖွေစစ်​ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ကို ​ရေလမ်း​ကြောင်းနဲ့ ငပု​တော​အောက်ဘက် ကျေးရွာတွေနဲ့  ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပြေးဆွဲ​နေတဲ့ ရေယာဥ်လိုင်းတွေကို ရှာဖွေ စစ်ဆေးနေတာဖြစ်ပါတယ်။

“သူတို့က ပြည်သူကို စိတ်​ညစ်​အောင်လုပ်​နေတာ​လေ၊ ညဘက်ဆို စစ်တာ​တွေ​ကော မြို့ထွက်စစ်တာ​တွေ​ကောလုပ်တယ် “လို့ ပုသိမ်မြို့ခံတစ်ဦးက​ ပြောပါတယ်။

ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်းက ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့မှာပါ လက်နက်ကိုင်တပ်တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

ငဝန်မြစ်ကြောင်းတလျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲတွေ နေ့/ညမပြတ် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုတွေ အချိန်ပြည့်လုပ်ဆောင်နေတယ်လို့လည်း  ပုသိမ်မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။DVB

ထားဝယ်မြို့ နှင့် ချောက်မြို့ တို့တွင် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးနှင့် ဆေးတက္ကသိုလ် ကျောင်းသူ တစ်ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီး

ထားဝယ်မြို့ ဥတ္တရံ တိုးချဲ့ရပ်ကွက်တွင် အောက်တိုဘာလ၂ရက်နေ့ ည ၁၀နာရီခန့်က ကိုထက်အောင်လင်းနှင့် ချောက်မြို့တွင် နေထိုင်သည့် တောင်ကြီး ဆေးတက္ကသိုလ် ကျောင်းသူ မကြယ်စင်လင်းလက်ကို ယနေ့ အောက်တိုဘာလ ၃ရက်နေ့ နံနက် ၂နာရီက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ထားဝယ်မြို့ ဥတ္တရံ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ကိုထက်အောင်လင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ယူနီဖောင်းဝတ်ဆင်ထားသူများက လာရောက် ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ ပြည်သူများ ပြောဆိုချက်အရ သိရသည်။

” မနေ့က ည၁၀နာရီလောက်ရှိပြီး လူအိပ်ချိန်ဆိုတော့ ဘာအသံမှမကြားရဘူး။ အရင်ဆုံး ဆိုင်ကယ်၂စီး၊ ၃စီး လောက် အရင်အိမ်လမ်းထဲ လာပတ်နေတယ်။ ဒီချိန်ဆို အပြင်မထွက်ရ အမိန့်ထုတ်ထားတော့ သာမန်လူမဖြစ်နိုင်ဘူး။ တခုခုလို့ဆိုပြီး ထွက်ကြည့်တာ ကိုထက်အောင်လင်း နေအိမ်ကို ဝင်သွားတာ မြင်လိုက်တယ်။

အချိန်နည်းငယ်ကြာတော့ ယူနီးဖောင်းဝတ်ထားတဲ့ စခတွေ ကား၁စီးနဲ့ရောက်လာပြီး ကိုထက်အောင်လင်းကို ကားပေါ်ခေါ်တင်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ကိုထက်အောင်လင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မည်သည့် အတွက်ကြောင့် ဖမ်းဆီး သည်ကို မသိရှိရသေးဘဲ ၎င်းသည် သာမန်ပြည်သူ တစ်ဦးဖြစ်ကာ ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချောက်မြို့တွင် နေထိုင်သည့် ဆေးတက္ကသိုလ် တောင်ကြီး foundation year ကျောင်းသူ မကြယ်စင်လင်းလက်ကိုလည်း သူမ၏ နေ အိမ်သို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။khit thit

ခင်ဦးနယ်တွင် အသတ်ခံရသည့် စစ်တပ်သ တင်းပေးနှင့် အုပ်ချုပ်ရေးမှူး အယောက် ၃၀ အထိရှိလာ

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ‌‌ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အသတ်ခံရသည့် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူးဦးရေမှာ အယောက် ၃၀ အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများ ရေတွက်မှတ်တမ်း တင်ထားသည့် စာရင်းဇယားများအရ သိရသည်။ခင်ဦးနယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေး ဒလန်များ အသက်ခံရမှုမှာ ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိသည်။

ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာမှ ပျူဒလန် ခေါင်းဆောင်တစ်ယောက်နှင့်အတူ နောက်လိုက် ပျူစောထီးအဖွဲ့ဝင် ဒလန်နှစ်ယောက်အား ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညပိုင်း ၁၁ နာရီခန့်က ၎င်းတို့နေထိုင်ရာ ကျေးရွာရှိနေအိမ်တွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း တောကြီး မြွေဟောက်အဖွဲ့-ခင်ဦးမှ ယနေ့ အောက်တိုဘာလ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“အသတ်ခံရတဲ့ ပျူဒလန် အဖွဲ့ဝင်နှစ်ဦးဖြစ်ကြတဲ့ ကိုစိုးမျိုး၊ ကိုဇော်သန်းနဲ့ အတူပျူစောထီးဒလန် ခေါင်းဆောင်ဖြစ်တဲ့ ကိုစိုးမင်းက စစ်ကောင်စီတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့တာတွေလုပ်တယ်။ ငွေကြေးပြည့်စုံသူဖြစ်တဲ့အတွက် ပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်ဝယ်ပေးတာတွေရှိတယ်။ ကျေးရွာအနီးက တာဝါတိုင် ဖောက်ခွဲခဲ့တုန်းက စစ်ကောင်စီထံကို သတင်းပေးတိုင်ကြားခဲ့သူဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သုတ်သင်ရှင်းလင်း ခံရသူများမှာ အသက်(၅၀)နှစ်ခန့်အရွယ် ကိုစိုးမင်း၊ အသက်(၃၈) နှစ်အရွယ်ကိုစိုးမျိုး နှင့် အသက် (၃၅)နှစ်ခန့် ကိုဇော်သန်း တို့ဖြစ်ကြောင်းသိရသည်။ “တောကြီးမြွေဟောက်အဖွဲ့- ခင်ဦး အနေဖြင့် ကြေညာချက်နံပါတ်(၁) အား ပြည်သူလူထုထံသို့ ကြေညာချက်ထုတ်ပြန် အသိပေးခဲ့ပြီးဖြစ်သည်။

ထိုကြေညာချက်အား မျက်ကွယ်ပြုပြီး စကစ၏ လက်ပါးစေ အဖြစ် အသုံးတော်ခံနေပြီး စကစတပ်များကို ရွာခေါ်၍ ဝင်ရောက်စီးနင်း၊ ဖမ်း ဆီး ၊ပစ်သတ်၊ မီးရှို့၍ ဖျက်ဆီးခံရသည်အထိ ကျေးရွာနေပြည်သူများကို ဒုက္ခပေးနေကြသည့် ဒလန်များအား ၎င်းတို့ကျေးရွာရှိ နေအိမ်၌ပင် ၎င်းတို့ ရွေးချယ်ရာလမ်း၊ သွားလိုရာခရီးသို့ ကူညီပို့ဆောင်လိုက်ပါကြောင်း” ဟု တောကြီး‌ေမြွဟောက်အဖွဲ့ -ခင်ဦး ကထုတ်ပြန်ထားသည်။ ဆက်လက်၍လည်း စစ်ကောင်စီတပ်များ၏ အသုံးတော်ခံအဖြစ် ရပ်တည်နေသော လက်ပါးစေများကို အမြန် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။mizzima

« Older Entries